Thursday, April 16, 2009

Tropical Storm Bijli




Bijli ဘိဂျလိလို့ နာမည်ရတဲ့ မုန်တိုင်းတစ်လုံး မြန်မာပြည်ထဲ ဝင်ပါဦးမယ်။ ခန့်မှန်းချက်တွေအရ ရန်ကုန်ကတော့ လွတ်တယ်။ ရခိုင်၊ ချင်းနဲ့၊ မြန်မာပြည် အလယ်ပိုင်းကတော့ မုန်တိုင်း ရိုက်ခတ်တာ ခံရနိုင်ပါတယ်။ ဒီမုန်တိုင်းဟာ မြန်မာပြည်ထဲကို မနက်ဖြန် မြန်မာနှစ်သစ်ကူးနေ့မှာ စတင်ချဉ်းနင်း ဝင်ရောက်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက် မုန်တိုင်းဟာ နာဂစ်လို အင်အား အရမ်းကြီး ပြင်းထန်လွန်းတဲ့ မုန်တိုင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လေတိုက်နှုန်း တစ်နာရီကို ၃၉-၇၃ မိုင်နှုန်းရှိတဲ့ Tropical Storm အဆင့် ဖြစ်ပါတယ်။ Reuter နဲ့ AlertNet ကတော့ ဒီအချက်အလက်တွေဟာ ခန့်မှန်းချက်မျှသာ ဖြစ်ကြောင်း။ မုန်တိုင်းဝင်မယ့် ဒေသကလူတွေ အနေနဲ့ လိုအပ်တာတွေကို ပြင်ဆင်ထားဖို့ လိုကြောင်း ပြောထားပါတယ်။ [link] နိုင်ငံတကာ မုန်တိုင်းသတင်း ထုတ်ပြန်ချက်တွေကို အသေးစိတ် သိချင်တယ်ဆိုရင် WU ဝဘ်ဆိုဒ်နဲ့ TSR ဝဘ်ဆိုဒ်တွေမှာ အမြဲမပြတ် ကြည့်ရှုနိုင်ပါတယ်။ မုန်တိုင်းက နာဂစ်လို ဆိုးဆိုးရွားရွား မပြင်းထန်ပေမယ့် မခိုင်မြဲတဲ့အိမ် ဆိုရင် ယိုင်လဲသွားနိုင်ကြောင်း သဘေဿငာ အရာပြုတ် ဆြာယောက လေးလေးနက်နက် မှတ်ချက်ချပါတယ်။ တိကျတဲ့ သတင်းကို ပေးချင်ပေမယ့် သတင်းစာက အခုချိန်အထိ ရောက်မလာသေးတာမို့ အမေကျှော ဒွေးတှောလွမ်းပြီး နိုင်ငံခြား သတင်းလေးတွေပဲ ကိုးကားလိုက်ရပါတယ်။ ထူးဆန်းတာက ဒီမုန်တိုင်းဟာလည်း စစချင်းမှာ မြန်မာပြည်ကို ဦးတည် မထားပေမယ့် နောက်ဆုံးတော့ ရောက်လာတာပါပဲ။


စကားမစပ်။ တစ်ခုခု အရေးအကြောင်းဆို ကျွန်တှောတို့မှာ နိုင်ငံခြားသတင်းကိုပဲ အားကိုးနေရတယ်။ တကယ်က မိုးဇလအနေနဲ့ ကျွန်တှောတို့လို ဘလော့လေးတစ်ခု လုပ်သင့်တယ်လို့ ထင်တယ်။ ဒါဆိုရင် နိုင်ငံခြားကို အားမကိုးရတော့ဘူးပေါ့။ ရုပ်သံ၊ ရေဒီယို၊ သတင်းစာက ကြေညာတယ် ဆိုပေမယ့် အဲဒါတွေက မီးလာဦးမှ၊ အချိန်မီ ရောက်ဦးမှလေ။ ကျွန်တှောတို့ကလည်း ကိုယ့်နိုင်ငံကဟာကို ကိုယ်အားကိုးချင်ပါတယ်။ ဒါပေမယ့် သတင်းကို စောင့်စောင့်နေရတာကို အားမရတာ။ သူများတွေလို ဓာတ်ပုံတွေ၊ အချက်အလက်တွေ ဝေဝေဆာဆာနဲ့ ဘလော့လေးဖြစ်ဖြစ် ဝဘ်ဆိုဒ်လေးဖြစ်ဖြစ် လုပ်လိုက်ရင် အချိန်မရွေး အဲဒီမှာ တက်ကြည့်လိုက်ရုံပဲ။ ဘယ်လောက်ကောင်းလဲ။ ဝန်ကြီးကို လက်တို့ပေးမယ့် သူများ မရှိဘူးလားမသိ။

Update: မိုးဇလက ဝဘ်ဆိုဒ် ရှိပါတယ်တဲ့။ http://www.dmh.gov.mm မှာ မိုးလေဝသနဲ့ ပတ်သက်တဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ တင်ပေးနေပါတယ်တဲ့။ အခု မုန်တိုင်း သတင်းကိုတော့ ဒီနေရာမှာ အသေးစိတ် တွေ့နိုင်ပါတယ်။ (ကျွန်တှောက အဲဒီဆိုဒ် ရှိမှန်း မသိလို့ ပြောမိပါတယ် ခင်ဗျ၊ ကျေးဇူးပါ ခင်ဗျ)

Ref: WU, TSR, AlertNet

No comments: