Saturday, April 11, 2009

မိုးလိုက်လို့ရွာ


လက်ဖက်စားရင် ဘာဖြစ်သတဲ့၊ ဂှေါမုတဿတဆေး သောက်ရင် ဘာဖြစ်သတဲ့။ အခုမှ အလန့်တကြား လူတွေ ဖြစ်နေကြတာ။ နှစ်ပေါင်းများစွာ။ လက်ဖက်တွေကို ဘယ်တုန်းကတည်းက ဆေးဆိုးခဲ့ကြသလဲ။ အနည်းဆုံး ၁ဝနှစ်။ အဲဒီလက်ဖက်တွေကို လူဘယ်နှစ်ယောက် စားခဲ့ကြသလဲ။ အနည်းဆုံး သန်း၃၀။ ၂၀၀၈ စာရင်းတွေ အရဆိုရင် မြန်မာပြည် လူဦးရေ ၅ဂသန်း ရှိတယ်။ မြန်မာမှန်ရင် ဂဝရာခိုင်နှုန်း လောက်ကတော့ လက်ဖက်လေးတော့ စားလိုက်တာပဲ။ သွားပြီ အခုမှ ကြောက်မနေကြနဲ့တော့။ ခင်ဗျားတို့ ဗိုက်ထဲလည်း အှောရာမင်းအို ဘယ်လောက်တောင် ဝင်နေပြီလဲမသိ။ အှောရာမင်းအို ဆိုတာက အှောရာမင်းဂျီ အားဆေး မဟုတ်ဘူး။ အဆိပ်အဆိပ်။ နောက်တစ်ခု ဒှေါတွေ ဂေါမုတဿတဆေးနဲ့ ဒှေါကျင် သူငယ်နာ ဝမ်းနုတ်ဆေးတဲ့။ အားဆင်းနစ်အဆိပ် ပါပြန်ပြီကော။ ကလေးတွေ။ မြို့ပှေါက ကလေးတွေကတော့ ဒါတွေ သိပ်မသုံးကြပါဘူး။ ဒါပေမယ့် မြို့ကလေးက ဘယ်လောက် ရှိမတုန်း။ တောမှာက အများကြီးရယ်။ တောက မြန်မာဆေးကို အဓိက သုံးကြတာ။ စဉ်းစားမိတာက အဲဒီ ဒှေါတွေရော ဒှေါကျင်ရော သူတို့ဆေးမှာ အာဆင်းနစ် ပါတယ်ဆိုတာ သိရော သိရဲ့လား ဆိုတာကိုပါ။ အာဆင်းနစ်ဆိုတာ အာဆင်နယ် မဟုတ်ဘူး။ အားပေးစရာ မဟုတ်ဘူး။ အထဲက အူကလိစာတွေပါ ပျက်ပြီး ဂိသွားတတ်တယ်။ အင်း နောက်ဘာတွေထဲမှာ အဲဒါမျိုး အဆိပ်တွေ ပြည့်နေမယ် မသိဘူး။ ကိုယ့်ဗိုက်ထဲလည်း ဘယ်လောက်တောင် ရောက်နေမယ် မသိဘူး။ သေတဲ့သူတွေလည်း သူတို့ အဲဒါကြောင့် သေတယ်ဆိုတာရော သိသွားရဲ့လားမသိ။ ရင်ခွဲရုံကလည်း ရင်ခွဲပြီး ကလီစာထုတ် ပြန်ချုပ်ပေးလိုက်တာလား မသိဘူး။ ငရဲပြည် ရောက်တော့မှ အမယ်မင်း ငါဒါတွေစားမိလို့ ငရဲပြည် ရောက်ရလေခြင်းဆိုပြီး တောက်တခေါက်ခေါက် ဖြစ်နေမှာ စိုးရတယ်။ အရင်သေသွားတဲ့ သူတွေကတော့ အစားအသောက် စစ်ဆေးရေးအဖွဲ့ရဲ့ စီမံကိန်းနဲ့ မတိုးသွားတာ ကံဆိုးတာပဲ။ အခုလူတွေရော လွတ်ပြီလားဆိုးတော့ ဘယ်လိုပြောရမလဲ အခုမှ နှစ်ခုလားပဲ ရှိသေးတာကိုး။ တမြေ့မြေ့ နားစွင့်နေကြဦးပေါ့။ အင်း စိုးရိမ်နေတာလေး တစ်ခုပဲ ရှိတယ်။ အဲဒါတွေ မြင်ပြီးတော့ အလိုလို မသကဿငာစိတ်တွေပဲ ကြီးထွားနေတာလားတော့ မသိဘူး။ ဘီယာတွေ ပိုဝါနေသလိုပဲ (အဖြူလေးရှာပြီး သောက်ဦးမှ)၊ အသားကင်တွေလည်း ချိုတိုတို ဖြစ်နေသလိုပဲ (အစိမ်းတွေ စားဦးမှ)။

No comments: