Saturday, February 14, 2009

ကမဿဘာ့အဆင့္မီ မြန်မာ့အဆင့်မီ


မနေ့က ကျွန်တှော့ဆီကို ဖှောဝါဒ်မေးလ် တစ်စောင်လာတယ်။ ခေါင်းစဉ်က လူမျိုးပျက်ခြင်းတဲ့ အဲဒီလို ပေးထားတယ်။ အဖြစ်အပျက်က နိုင်ငံခြားရောက် မြန်မာမိန်းမတစ်ယောက်က ရုရှားတစ်ယောက်နဲ့ မဂဿငလာဆောင်လို့ ဖြစ်ပါတယ်။ ၂၀၀၈ နှစ်ကုန်ပိုင်းလောက် ဆီကပါ။ ကျွန်တှော ချစ်စံဝင်းရဲ့ ရှက်ပြုံးဆိုတဲ့ စာအုပ်လေး သွားသတိရလိုက်တယ်။ အဲဒီတုန်းက သူလည်း အဲဒီစာအုပ်ရေးလို့ တှောတှောလေး အပြောခံလိုက်ရတယ် ထင်ပါရဲ့။ ကျွန်တှောကတော့ အဲဒါတွေ သိပ်အယူမသီးပါဘူး။ သာကီမျိုးဟေ့ ဒို့ဗမာဆိုတာတွေလည်း စာတွေဖတ် သမိုင်းတွေ လေ့လာမိတဲ့အခါ ဘယ်ရောက်သွားမှန်းတောင် မသိတော့ဘူး။ ထားပါတော့ ပြောချင်တာက ကျွန်တှော့အတွက် မြန်မာမိန်းမနဲ့ နိုင်ငံခြားသား မဂဿငလာဆောင်တာ ဒုန့်ကဲယားကေ့(စ်) သူ့ဘာသာ ဆောင်ချင်လို့ ဆောင်တာပဲ ကိုယ်နဲ့မဆိုင်ပါဘူး။ အခုလို အီးမေးလ်ထဲမှာ လူမျိုးပျက်ခြင်းလို့ ရေးတာကတောင် သူတို့ကို စှောကားရာ ကျသေးတယ်လို့ တွေးလိုက်မိသေးတယ်။ ဒါပေမယ့် သူတို့ မဂဿငလာဆောင် ဖိတ်စာလေး ဖတ်လိုက်ရ ချိန်မှာတော့ ကျွန်တှော ဘယ်လိုဖြစ်သွားမှန်း မသိဘူး။ ဖြစ်မှဖြစ်ရလေ။ ရေးထားတာတွေက တစ်မျိုးကြီးပဲ။ 

ရုရှားနိုင်ငံနေ ... နှင့် .. တို့၏ ချစ်ခင်ဂုဏ်ယူ ဝင့်ကြွား အားထားရပါသော တစ်ဦးတည်းသော သားတှောမောင် ကမဿဘာ့အဆင့်မီ ပညာတတ် ရုရှားယဉ်ကျေးမှု အမွေဆက်ခံသူ သတို့သား ... နှင့်၊ မနဿတလေးမြို့နေ .. တို့၏မြေး၊ ရန်ကုန်မြို့နေ .. တို့၏ မြတ်နိုးလေးစား ဂုဏ်ယူရပါသော တစ်ဦးတည်းသောသမီးဖြစ်သူ ကမဿဘာ့အဆင့်မီ ပညာတတ် မြန်မာ့အဆင့်မီ ယဉ်ကျေးသူ သတို့သမီးကညာ ... တို့ရဲ့ မဂဿငလာ ဧည့်ခံပွဲတဲ့။ 

သတို့သမီးက ဓာတ်ပုံလေးတွေ ရိုက်ထားတာလည်း မြန်မာဆန်ဆန်နဲ့ အင်မတန် လှပကျက်သရေ ရှိပါတယ်။ တစ်ခုပဲ အဲဒီဖိတ်စာမှာ ရေးထားတာကြီးက ထောင့်နေတာ။ ကိုယ်က ကမဿဘာ့အဆင့်မမီ မြန်မာမဆန်တော့ အောင့်သက်သက် ဖြစ်သွားတာများလားတော့ မပြောတတ်ဘူး။ သဘောကျလို့ တှောလေးတော့ ရယ်လိုက်မိတယ်။ သူများ ပါဆင်နယ် ကိစဿစမို့ ဓာတ်ပုံလင့်တွေ ဖိတ်စာတွေ တင်မပေးတော့ပါဘူး။ စိတ်ဝင်စားရင်တော့ အွန်လိုင်းမှာ ရှာကြည့်ကြပေါ့ဗျာ။ :D


No comments: