Saturday, February 14, 2009

အရက်သမားတွေနေတဲ့ရွာ

အရက်သမားတွေနေတဲ့ရွာ


တစ်ရက်တစ်ရက်
ဘယ်ဘက်လက်က ညာဘက်လက်အကြောင်း မကောင်းပြောတယ်
ညာဘက်လက်က ဘယ်ဘက်လက်ကို ဆဲရေးပုတ်ခတ်တယ်
ရွာမြောက်ဘက်ကကောင်က ရွာတောင်ဘက်ကကောင်ကို ဆွဲချက်တင်တယ် 
ရွာတောင်ဘက်ကကောင်က ရွာမြောက်ဘက်ကကောင်ကို ပြစ်တင်ရှုံ့ချတယ်
ကြည့်လိုက်ရင် 
ဟိုတစ်ယောက်ကလည်း မင်းသား 
ဒီတစ်ယောက်ကလည်း မင်းသား
မင်းသားတွေများလွန်းလို့ လူကြမ်းတွေမှာ နေရာမရှိ
ဒါမှမဟုတ်
ဘယ်သူမှ ကိုယ့်ကိုကိုယ် လူကြမ်းလို့ မထင်ကြ
ကိုယ္တိုင္ေရးအတဿထုပဿပတဿတိမ်ား
ဘယ္သူမွ အမွားမရွိ
ဘဝနာ
အနစ္နာခံ
အမွန္တရား
ကိုယ်ရည်ကိုယ်သွေး
ငါဘယ်လောက်တှောတယ်
သူဘယ်လောက်လျှောတယ်
ဆဲတယ် ဆိုတယ် ပြစ်တင်တယ် ငိုကြွေးတယ်
နောက်ဆုံးတော့ 
ကွမ်းစားတဲ့ ပါးစပ်တွေသာမက
သနပ်ခါးလူးတဲ့ ပါးစပ်တွေကပါ 
မြင်မကောင်း ရှုမကောင်း 
ညစ်ညမ်းမှုမှန်သမျှ နေ့တဓူဝ ဝါးစားနေကြတယ်
အရက်သမားကပြောတယ်
သူကလွဲလို့ တစ်ရွာလုံး ဘယ်သူမှ မကောင်းဘူးတဲ့
ဖြစ်ချင်တော့
တစ်ရွာလုံးက သူ့လိုပဲ အရက်သမားတွေ။


လင်းဆက်
December 03, 2008

No comments: