Friday, February 6, 2009

မိုးကြိုးသွား


" သကဿကရာဇ် ၁၁၆၃ခု၊ ဝါဆိုလပြည့်ကျှော ၁၄ရက်၊ ဗုဒဿဓဟူးနေ့၊ နေ့ ၁ချက်တီးကျှော အချိန်တွင် မိုးလေမဆင်မအုံ့ အမြောက်သံ မိုးကြိုးသံကဲ့သို့ ထူးခြားစွာ ဟိန်းသည်။ ဟိန်းပြီးလျှင် ကောင်းကင်က မြို့မြောက်တွင် ကျ၍ရသည့် အရာသည် ခြိမ့်ခြိမ့်အုံးအုံးအသံနှင့် ရသည့်အရာဖြစ်၍ ရွှေဖဝါးတှောမြတ်အောက် ပို့ဆက်ပါမည်အကြောင်းကို ရှိခိုး အစီရင်တှော ခံပါသည် ဘုရား။

သကဿကရာဇ် ၁၁၆၃ခု၊ ဝါခေါင်လပြည့်ကျှော၊ ရရက်နေ့ မိုးနဲမြို့ စှောဘွားစစ်ကဲအမတ်တို့က စေသူ ငမြတ်သာဦးကို မေးသှော မိုးနဲမြို့တွင် ၁၁၆၃ခု ဝါဆိုလပြည့်ကျှော ၁၄ရက်၊ ဗုဒဿဓဟူးနေ့ နံနက် ၁ချက်တီးကျှောအချိန် မိုးလေမဆင်မအုံ အမြောက်သံ၊ မိုးကြိုးသံ၊ တှောလည်းသံကဲ့သို့ ခြိမ့်ခြိမ့်အုံးအုံး မြည်ဟိန်းသည့်အသံကို တစ်မြို့လုံး ကြားသိရသည်နှင့် မြို့အရှေ့မြောက် ၅ဝဝတွင်းခန့်ကွာတွင် ကောင်းကင်က တစ်ချက်တည်း လယ်ကွက်ရေအပြင်တွင် ကျသည်၊ ရေ၂ဖြာကွဲ၍ ရေစပ်သို့ ရောက်သည်ကို စှောဘွားလူ ငညီဝန် ခရီးကြိမ်ကြိုက်သည်နှင့် မြင်သောကြောင့် မိုးနဲစှောဘွားသို့ ပေးအပ်သည်။ မိုးနဲစှောဘွားက မကြားဘူးမြဲရသည့် ကျောက်ညို အဆင်း အလျား ၁မိုက်၊ အနံ ၄လက်သစ်၊ ထု ၂လက်သစ်ခန့် တစ်ဖက်ကြီးငယ် ချွန်ယောင် ၁၊ ကျောက်ငယ်အလျား ၄လက်သစ်၊ အနံ ၂ လက်သစ်၊ ထု လက်မဝက်ခန့်များကို ရွှေဖဝါးတှောမြတ်အောင် ဆက်သရမည် ကျွန်တှောနှင့် လူကိုးယောက်ကို စေလျှင် ၎င်း၁၁၆၃ခု၊ ဝါခေါင်လဆန်း ၆ရက်နေ့ ဆင်းရောက်လှာပါသည်။ ရွှေမြို့တှောသို့ ဝါခေါင်လပြည့်ကျှော ၆ရက်နေ့ ဆိုက်ရောက်ပါသည် ထွက်ဆိုသည်။ မိုးနဲမြို့က ဆက်ရောက်ပါသည့် ကျောက်သည် မိုးလေ မဆင်မအုံ အမြောက်သံ၊ မိုးကြိုးသံ၊ တှောလည်းသံကဲ့သို့ မြည်လျက် ရေအပြင်တွင် ကျသည်ကို ရေကြောင်းနှင့် မိုးနဲစှောဘွား စစ်ကဲ အမတ်တို့ အစီရင် ခံစာတွင် ပါသည်။ ပုဏဿဏားတို့ကလည်း သာလကြမ်းကျောက် ဖြစ်ကြောင်းကို ရှိခိုး သံတောင်ဦး တင်သည်။ သာလကြမ်းကျောက် မှန်မည်၊ မမှန်မည်၊ အကြောင်းအရာ မည်သို့ ဖြစ်သည်ကို ဆရာတှောက မေတဿတာစာ ဆက်သွင်းစေ၊ မိုးနဲစှောဘွား စစ်ကဲအမတ်တို့က ရောက်စာကိုလည်း ရေးကူး၍ ပေးလိုက်စေ- အမိန့်တှောနှင့်"

အမေးတှောဖြေကျမ်း၊ ဒုတိယအကြိမ်၊ သာသနာရေး၊ ၂၀၀၇။ စာ ၆၇၄



ဒီစာချွန် ရောက်လာတော့ သာသနာပိုင် မောင်းထောင်ဆရာတှောက အခြေအနေ အရပ်ရပ်ကို စေ့ငုပြီး ဒါဟာ သာလကြမ်းကျောက် မဟုတ်၊ မိုးကြိုး ၉မျိုးထဲက တစ်မျိုးဖြစ်တဲ့ သုကဿခသဿသနီ အမည္ရွိတဲ့ မိုးကြိုးသွားပါလို့ အဖြေပေးလိုက်တယ်တဲ့။ ကျွန်တှောတို့ ဒီဘက် သိပဿပံခေတ်မှာ ပြန်စဉ်းစားကြည့်မယ် ဆိုရင် သူတို့ ပြောထားတဲ့ ပုံစံဟာ ကျောက်ခေတ်လက်နက် (artifact) လို ဖြစ်နိုင်တယ်။ ဆရာကြီး ဒေါက်တာသန်းထွန်း စာတွေထဲမှာ အဲဒီလို ကျောက်လက်နက်သွားတွေကို မိုးကြိုးသွားဆိုပြီး လူတွေက အမှတ်မှား သိမ်းထားကြတာ ခဏခဏ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီစာပါ အချက်တွေကို ဆန်းစစ်ရင် အသံလည်း ကြားရတယ်။ ရေပြင်ဟာ ကွဲထွက်သွားတယ် ဆိုတာတွေကို ထောက်ရင်တော့ ကောင်းကင်က အရှိန်ပြင်းပြင်းနဲ့ ကျလာတဲ့ meteor လိုမျိုး ဂြိုဟ်ပဲ့ အစိတ်အပိုင်းတွေများ ဖြစ်လေမလားလို့ ကျွန်တှော စဉ်းစားနေမိတယ်။  


No comments: