Sunday, January 4, 2009

Diary 04.01.2009


ဒီနေ့ မနက် အစောကြီးကတည်းက ကရဝိက် ဥယျာဉ်ကမဿဘာထဲက စာအုပ်တန်းထဲ ရောက်သွားတယ်။ ဟိုတစ်ရက် အဲဒီကို သွားတုန်းက ပိုက်ဆံ မရှိလို့ စာအုပ်တွေ မဝယ်နိုင်ခဲ့ဘူး။ ဒါနဲ့ ကိုယ်လိုချင်တဲ့ စာအုပ်လေးတွေကို သိမ်းထားပေးဖို့ မှာထားခဲ့ရတာ။ အကြံကုန်နေတဲ့ ဂဠုန်အတွက် မနေ့က Blue Label တစ်လုံး လက်ဆောင် ရတယ်။ သောက်ချင်တာကတော့ ပြောမနေပါနဲ့တော့ဗျာ။ ဒါပေမယ့် အသုံးစရိတ်ရယ်၊ စာအုပ်ဖိုးရယ်၊ ဆေးကုဖို့ရယ် လိုတာကြောင့် အဲဒီ အရက်ပြာလေးကို ရောင်းထုတ်ပစ် လိုက်တယ်။ အဲဒီငွေနဲ့ ဒီနေ့ စာအုပ် သွားဝယ်တာ။ လိုချင်တဲ့ စာအုပ်လေးတွေလည်း တှောတှောရလိုက်တယ်။ ဘာတွေ ဝယ်ဖြစ်သလဲ ဆိုတော့

  • နှစ် ၂၀၀ မြန်မာနိုင်ငံသမိုင်း အဘိဓာန်
  • မြန်မာ့ယဉ်ကျေးမှု ရုပ်တုများ
  • မြန်မာ့ ရုပ်တု ယဉ်ကျေးမှု
  • မြန်မာစာပေ အဘိဓာန် (၁)
  • မြန်မာစာပေ အဘိဓာန် (၂)
  • မြန်မာစာပေ အဘိဓာန် (၃)
  • မြန်မာစာပေ အဘိဓာန် (၄)
  • ပညာအလင်းပြ အကဿခရာစဉ် ပုံပြ ဆေးအဘိဓာန်
  • ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓာန်
  • မြန်မာ့ဆေးလောကကို တည်ဆောက်ပေးခဲ့ကြသော ပညာရှင်များ (၁)
  • မြန်မာ့ဆေးလောကကို တည်ဆောက်ပေးခဲ့ကြသော ပညာရှင်များ (၂)
  • သူတို့တေး သူတို့ဘဝ သူတို့ အနုပညာ
  • နှစ် ၁၅ဝပြည့် မနဿတလေး
  • သိမှတ်ဖွယ်ရာ ဗဟုသုတ အဖြာဖြာ
  • သတင်းစာ ဆရာကြီးများ၏ ဘဝ အတွေ့အကြုံ
  • နှစ်ဆယ်ရာစု မြန်မာစာရေးဆရာများနှင့် စာစုစာရင်း (ဆဋဿဌမတွဲ)
  • ပြည်တှောသာခရီး (ဒုတိယပိုင်း)
  • Epigraphia Birmanica Volume II, Part 1
  • နှစ်ငါးဆယ် ယဉ်ကျေးမှု ရေးရာ (ဒု)
  • နှစ်ငါးဆယ် ကမဿဘာ့ရေးရာ ၁၉၀၀-၁၉၅၀ (တ)
  • စစ်ကြိုခေတ် အနုပညာရှင်များ

ကန်တှောကြီးထဲမှာ မနှောတို့နဲ့ တွေ့တယ်။ ကိုလွင်ဦးက ရှာပေးလိုက်တာ ဆရာဇှောဇှောအောင် စာအုပ်တချို့ ရသွားတယ်။ အမှတ်တရမှာ ကောက်ညှင်းပေါင်း ရေစိမ် ကြက်ခြေထောက် စားရတယ်။ မဖြူအိအတွက် Medicinal Plants of Myanmar စာအုပ် လိုက်ရှာတာ ဘယ်လိုမှ မရဘူး။ ဒါနဲ့ ကျွန်တှော့မှာ ရတဲ့ စာအုပ်ကိုပဲ ပေးလိုက်ရတယ်။ လက်ထဲမှာ ပိုက်ဆံ ငါးသောင်းလောက်တော့ ကျန်သေးတယ်။ လပွတဿတာတော့ သွားလို့ မဖြစ်နိုင်သေးဘူး။ နဲနဲ စောင့်လိုက်ဦးမယ်။ အှော ဒီနေ့  မွန်သာ့ ဆီကလည်း သူ့အဖိုးစာအုပ် သုံးအုပ် လက်ဆောင် ရသေးတယ်။ ဒီနှစ်ထဲမှာတော့ စာအုပ်ဝယ်ခြင်းကို ၇၅% အထိ လျှော့ချတော့မယ်။ စာအုပ်စင်က စာအုပ်တွေကို စစ်ဆေးလိုက်တော့ စာအုပ် ၁ဝအုပ်လောက် ပျောက်နေတာ တွေ့ရတယ်။ ဘယ်သူ ယူသွားလို့ ယူသွားမှန်းလည်း မသိတော့ဘူး။ စာရင်းထဲမှာလည်း ယူသွားတဲ့လူ နာမည်မရှိဘူး။ တချို့ စာအုပ်တွေဆို တှောတှောလေး နှမြောမိတယ်။ နောက်ဆုံး စာအုပ်စင်ကို အိမ်ရှေ့မှာ ထားထားရာကနေ အခန်းထဲကို သွင်းလိုက်တော့တယ်။ ပိုးကောင် မလာအောင် ပရုတ်လုံးလည်း ပစ်ရသေးတယ်။ ဖုံလည်း သုတ်ရသေးတယ်။ မျိုးတူရာ နာမည်တူရာတွေလည်း စုရ ခွဲရသေးတယ်။ အရေးထဲ သုံးနေရင်းနဲ့ 3in1 Canon ပရင်တာက ပျက်သွားတယ်။ မင်လည်း ကုန်သွားတယ်။ စကန်နာကလည်း အလုပ်မလုပ်တော့ဘူး။ လောလောဆယ်တော့ ပြင်လည်း မပြင်နိုင်သေးဘူး ဆိုတော့ Digitization ကိစဿစတွေ အကန့်အသတ်မရှိ ရပ်ထားရဦးမှာပေါ့။ 

အှော အိမ်ဘေးက လမ်းထဲမှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ချောတိုင်တက်ပွဲ လုပ်ကြတယ်။ ကျွန်တှောက အိမ်အပှေါကနေ ကြည့်နေတာ။ တှောတှော အသုံးမကျလိုက်တဲ့ ရန်ကုန်သားတွေ။ တက်ရတဲ့ ချောတိုင်က ပေအစိပ်လောက်ရယ်။ အဲဒါကို တက်နေလိုက်တာ သုံးနာရီလောက်ကြာတယ် တစ်ဖွဲ့မှ ထိပ်မရောက်ဘူး။ ကြားဖူးနားဝနဲ့ လာတက်ကြတယ် ထင်ပါရဲ့။ ဒါပေမယ့် တက်ပုံတက်နည်းကို မကျွမ်းကျင်တော့ တက်လိုက်လျှောလိုက်နဲ့ ကြည့်ရတာ ရယ်တောင် ရယ်မိတယ်။ တကယ်တမ်း ချောတိုင်တက်မယ် ဆိုရင် ကိုယ့်ရဲ့ ကိုယ်ကို မြေမှာ ပထမ လူးပစ်လိုက်ရတယ်။ ဒါမှ သိပ်မချောမှာ။ ပြီးရင် ခြေထောက်မှာ ပုဆိုး တစ်ထည်ကို လိမ်ပြီး တိုင်ကို အဲဒါနဲ့ ညှပ်ထားရမယ်။ လက်ကိုတော့ တိုင်မှာ အရင်ပတ် ပြီးမှ နောက်ပုဆိုး တစ်ထည်နဲ့ ညှပ်ရမယ်။ ပြီးမှ လက်နဲ့ ခြေထောက်ကို တိုင်မှာ ညှပ်ညှပ်ပြီး တက်ရတယ်။ တခါတလေမှာ အဖွဲ့သားတွေကို နင်းပြီး တက်ရတယ်။ ကိုယ်ကလည်း တခါတလေ အနင်းခံရတယ်။ အဲဒါကိုလည်း ခံနိုင်ရည် ရှိရဦးမယ်။ ဒီလောက် အမြင့်လေးတောင် မတက်နိုင်ရင် အညာဘက်က ပေ၁ဝဝလောက် ဝါးပိုးဝါးကြီးတွေဆို ဒင်းတို့ အသက်ထွက်နေမှာ မြင်ယောင်မိသေးတယ်။ 



No comments: