Monday, December 1, 2008

Venus, Moon and Jupiter bright and smile on Myanmar



Free Image Hosting at www.ImageShack.us

ဒါက ည ရနာရီလောက်မှာ ရန်ကုန် ကောင်းကင်ယံရဲ့ အနောက်တောင်ဘက်လောက်မှာ မြင်ရတဲ့ ပုံပေါ့။ အပှေါ ဘယ်ဘက်က Venus လို့ခှေါတဲ့ သောကြာဂြိုဟ်၊ ညာဘက်က Jupiter လို့ခှေါတဲ့ ကြာသပတေးဂြိုဟ်၊ အောက်ဆုံးကတော့ ကွေးကွေးလေး ပြုံးပြနေတဲ့ Crescent Moon ပေါ့။

Free Image Hosting at www.ImageShack.us

ဒါကတော့ ည ရနာရီ ၄၅မိနစ်လောက်မှာ မိုးကုတ်စက်ဝန်းအောက် ရောက်ခါနီးလေး။ ဒီပုံလေးက ပြုံးနေတာနဲ့ ပိုတူတယ်။ ဝင်ခါနီးတော့ အရောင်က မှိန်မှိန်လာတယ်။ အောက်က မြို့ရဲ့ မီးရောင်တွေကြောင့်လည်း ပါတယ်။ Long Shutter Speed နဲ့ ရိုက်ရင်လည်း Trail တွေ ဖြစ်ကုန်မှာ စိုးတာကြောင့် လရဲ့ စက်ဝန်း အနားသတ်ကို မယူဘဲ ရိုက်လိုက်တယ်။

Free Image Hosting at www.ImageShack.us

ရန်ကုန်ရဲ့ မီးရောင်တွေကို မနဲအံတုပြီး လင်းနေတဲ့ ဂြိုဟ်သုံးလုံးပေါ့ဗျာ။ ထရွိုင်ပေါ့ သေးသေးလေးနဲ့ တင်ရိုက်ထားရတာ။ ကင်မရာ မှန်ဘီလူးကလည်း နဲနဲကြောင်နေသေးတယ်။ ဒါတွေ ရိုက်တော့မှ အင်အားကောင်းတဲ့ မှန်ဘီလူးကြီးတွေ လိုချင်လာမိတယ်။

နောင်နှစ်ပေါင်းများစွာ ကြာလို့ ဒါမျိုး အဖြစ်အပျက် နောက်တစ်ခါ ကြုံရချိန်ကြရင် ကျွန်တှောတို့ ဒီကမဿဘာကြီးပှေါမှာ ရှိချင်မှ ရှိကြတော့မှာလေ။ ဒါကြောင့် ထိုင်ခုံတစ်လုံးနဲ့ထိုင်ပြီး ဒါလေးကို စိတ်ရှည်လက်ရှည် မှတ်တမ်းတင်ခဲ့တယ်။


December 1, 2008
6:30pm-7:45pm
Myanmar


No comments: