Saturday, December 6, 2008

Google Friend Connect


Google Friend Connect

ကိုယ်ပိုင် ဝဘ်ဆိုဒ် ရှိသူတိုင်း Social Network သဘောမျိုး တည်ထောင်နိုင်တဲ့ Google Friend Connect ဆိုတဲ့ ဟာလေးပါ။ ဘလောဂ်တွေမှာ ထည့်လို့ ရမှာ မဟုတ်ပါဘူး။ Web Hosting ရှိတဲ့ Site မျိုးမှ ရပါလိမ့်မယ်။ လောလောဆယ် လုပ်ကြည့်သလောက်တော့ ကျွန်တှောယူထားတဲ့ Google Site မှာတော့ ဒါကို ထည့်သွင်းလို့ မရသေးပါဘူး။ ထပ်တော့ စမ်းကြည့်နေဆဲပါပဲ။ Application တွေကို ထည့်သွင်းရတာ တှောတှော လွယ်ကူပါတယ်။ မခက်ခဲပါဘူး။ သူပေးထားတဲ့ ဖိုင်လေး နှစ်ခုကိုတော့ ကိုယ့်ရဲ့ Main Root နေရာမှာ ပြန်တင်ပေးဖို့ လိုပါလိမ့်မယ်။ နမူနာ ဆိုက်တွေကို ဒီနေရာမှာ တွေ့နိုင်ပါတယ်။


Update (1) !

Sorry! ကျွန်တှော ပထမ ရေးထားတာ မှားသွားတယ်။ သူ့ရဲ့ Group ဆွေးနွေးချက်တွေကို သွားဖတ်ကြည့်မှ Blogspot ဘလောဂ်တစ်ခု ရှိသူတိုင်း ထည့်လို့ရတာ သိလိုက်ပါတယ်။ အခြားဆိုဒ်များအတွက်သာ သူပေးထားတဲ့ ဖိုင်နှစ်ခုကို Upload လုပ်ရတာ ဖြစ်ပါတယ်။ ဘလောဂ်စပေါ့မှာ မလိုပါဘူး။ အလိုအလျောက် ထည့်ပေးထားပါတယ်။ Setup လုပ်ချိန်မှာ ဒီဖိုင်နှစ်ခုကို တင်မနေဘဲနဲ့ Continue ဆိုတာလေးကိုပဲ ရွေးပေးရပါမယ်။ ပြီးရင် Code ထွက်လာတဲ့အခါ အဲဒါကို ကူးပြီး Side Bar တစ်နေရာရာမှာ Cbox သွင်းသလိုပဲ သွင်းလိုက်ရုံပါ။ 


Update (2)

စမ်းသပ်ကြည့်တာ အောင်မြင်သွားပါပြီ။ အခု ကျွန်တှော့ဘလောဂ်ရဲ့ ညာဘက် အပှေါဆုံးမှာ Online Friends ဆိုပြီး မြင်နေရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ co.cc တို့ အခြား ဒိုမိန်းအမည် ပြောင်းထားတဲ့ ဘလောဂ်တွေဟာ ဒီ Gadget ကိုသွင်းရာမှာ ပြောင်းထားတဲ့ နာမည်ကို ပေးရမှာ ဖြစ်ပါတယ်။ ဒီ Gadget အပြင် အခြား Cbox ပုံစံ Comment Wall ကိုလည်း ထည့်သွင်းလို့ ရသွားပါပြီ။ အရင်ကလို Cbox ထည့်ချင်ရင် အခြား Third party Gadget တွေရှာထည့်နေစရာ မလိုတော့ပါဘူး။ Google system တစ်ခုထည်း အတွင်းမှာဖြစ်လို့ ပိုပြီးလည်း မြန်ပါတယ်။ ပြီးတော့ Google Profile မရှိသူတွေ အဲဒီမှာ ရေးလို့ မရအောင်လည်း ကန့်သတ်ထားလို့ ရပါတယ်။ စမ်းကြည့်ကြပါဦး။ 


Update (3)

Google ဟာ ကျွန်တှော တစ်ခါက ပြောခဲ့သလိုပဲ [link] တဖြည်းဖြည်းနဲ့ သူ့ရဲ့ Stand alone application တွေကို တစ်ခုနဲ့တစ်ခု ချိတ်ဆက် လာလိုက်တာ အခုဆို တှောတှောလေး ရုပ်လုံးပှေါနေပါပြီ။ အစပိုင်းမှာတော့ သူ့ဟာ တစ်ခုခုကို အခြား Third Party တွေနဲ့ တွဲသုံးနေရပေမယ့် နောက်ပိုင်း အဲဒါကို အစားထိုးနိုင်အောင် ကြိုးစားလာတာ တွေ့ရပါတယ်။ နောက်ပိုင်းမှာ ပိုပြီးပိုပြီး အဆင်ပြေ ချောမွေ့တဲ့ Online Application တွေကို အသုံးပြုလာနိုင်တော့မယ်လို့ ကျွန်တှော ယုံကြည်နေပါတယ်။   

 

No comments: