Wednesday, December 31, 2008

Diary 31.12.2008


နှစ်တစ်နှစ်ဟာ ကုန်သွားပြန်ပြီ။ အချိန်ဟာ စောင့်မျှောရတဲ့အခါ ကြာတယ်။ ပြီးဆုံးသွားရင် သိပ်မြန်တယ်လို့ ထင်ရတယ်။ ဒါကြောင့် ကျွန်တှော အရှေ့ကို သိပ်မမျှောသလို ကုန်သွားတာတွေ အတွက်လည်း မနှမြောလှပါဘူး။ ဒီနှစ်ထဲမှာ ဘဝအတွက် အမှတ်တရ သတိရစရာလေးတွေ ကြုံခဲ့ရတယ်။ ကိုယ့်ကိုကိုယ်လည်း ဒီနှစ်လုပ်ဆောင် ခဲ့သမျှကို ကျေနပ်တယ်။ ၁၄၅အထိ ပေါင်ချိန် တက်လာပေမယ့် ကျန်းမာရေး ပိုချူချာလာတယ်။ ဒါကြောင့် ဆေးလိပ်စပြီး ဖြတ်ပါတယ်။ မနေ့က တစ်နေ့လုံး မသောက်မိအောင် နေတယ်။ သွေးတွေ ဖျင်းဖျင်းဖျင်းဖျင်းနဲ့ ဖြစ်သလို ခံစားရတယ်။ သောက်ချင်စိတ် ဖြစ်လာရင် Mint တစ်ခုခု စားလိုက်တယ်။ ဘဝမှာ ဒါလေးကျမှ ဘာဖြစ်လို့ မပြတ်နိုင်ရမှာလဲ။ တွယ်တာနေတဲ့ စိတ်ကသာပြီး ရှက်ဖို့ကောင်းတယ်။ ဒီတော့ ဖြတ်တယ်။ ကျောရိုးနဲ့ ခါးကတော့ သိပ်မကောင်းသေးဘူး။ ဆရာဝန်လည်း မပြနိုင်သေးဘူး။ 

သတင်းစာထဲမှာ အမွေပြတ် စွန့်လွှတ်တဲ့ သတင်းတွေ၊ မိဘနဲ့ သားသမီး တရားစွဲတဲ့ သတင်းတွေ အများကြီး တွေ့လာရတယ်။ အရင်တုန်းကတော့ မိဘနဲ့ သားသမီး ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်ထားတာ အသက်ကြီးလာတော့ ဒါမျိုးတွေ ဖြစ်နိုင်တာပဲ ဆိုတာ သဘောပေါက်လာတယ်။ လောကကြီးမှာ မိဘကို လေးစားချစ်ခင် ရိုသေမှု မရှိတဲ့ သားသမီးတွေလည်း အများကြီးပဲ။ သားသမီးကို ဖြစ်ချင်ရာဖြစ် ကိုယ်လုပ်ချင်ရာကို ကိုယ်လုပ်တဲ့ မိဘတွေလည်း အများကြီးပဲ။ အဓိကကတော့ လောဘ၊ ရမဿမက်၊ အတဿတ ဒီသုံးခုကြောင့်လို့ ထင်မိတယ်။ ဒီသတင်းတွေကို သတင်းစာမှာ အများကြီး တွေ့လာရတာ စိတ်မကောင်းဘူး။ နောက်တစ်ခုက အရက်ကိစဿစ။ တကယ်တမ်း ကိုယ်ကိုယ်တိုင်လည်း သောက်တာပါပဲ။ ဒါပေမယ့် Celebrity ဖြစ်တဲ့ မျိုးကြီးတို့ စိုင်းစိုင်းခမ်းလှိုင်တို့က ပိုက်ဆံမက်ပြီး ဘီယာသံအမတ်တွေလုပ်၊ ကြှောငြာတွေမှာ ပါနေတာကတော့ အလွန်ပဲ အရုပ်ဆိုးပါတယ်။ ကိုယ့်အဆင့်ကို ပိုက်ဆံနဲ့ ချပစ်တယ်လို့ မြင်မိတယ်။ နောက်တစ်မျိုးက ဆူပါကှောဖီမစ်။ တစ်သက်လုံး သောက်လာခဲ့ရာက အပျော့ကြိုက်ရင် ရေသောက်ပါ ဆိုတဲ့ သောက်ချိုးမပြေတဲ့ ကြှောငြာကြောင့် လုံးဝ မသောက်တော့ဘဲ ပရီးမီးယား ပြောင်းသောက်ဖြစ်တယ်။ ဒီနှစ်ကုန်မှာ ဒီဘလော့ကို အလည်အပတ် ရောက်ရှိသူ လေးသိန်းကျှောအထိ ရှိလာတယ်။ နောက်နှစ်မှာ ကျွန်တှော ဒီလောက် ရေးဖြစ်တော့မယ် မထင်ဘူး။  

ဟိုးတုန်းကတော့ ဒီလို နှစ်သစ်ကူးတော့မယ့် နေ့မျိုးဆို ကျွန်တှောတို့ သိပ်ပျှောနေကြပြီပေါ့။ သူငယ်ချင်းတွေ စုပြီး စားကြသောက်ကြ ပျှောပွဲရွှင်ပွဲတွေ လုပ်ကြနဲ့ အစီအစဉ် မျိုးစုံပဲ။ အခုတော့ ဘာဖီလင်မှ မရှိဘူး။ ခရစဿစမတ်လည်း ဒီလိုပဲ ကုန်သွားတယ်။ သီတင်းကျွတ်လည်း ဒီလိုပဲ ကုန်သွားခဲ့တယ်။ အခုလည်း ဒီလိုပဲ ကုန်သွားဦးမှာပဲ။ ဇန်နဝါရီလထဲမှာ တောင်ကြီးကိုသွားပြီး စာသင်ဖို့ ရှိတယ်။ ပြီးရင် ဖေဖှောဝါရီမှာ ချင်းမိုင်သွားဖို့ ရှိတယ်။ အိမ်အတွက် စီးပွားရေး တစ်ခုခုကိုလည်း ကျွန်တှော လုပ်ပေးရမယ်။ လာမယ့် နှစ်မှာလည်း ကျန်ခဲ့တဲ့ နှစ်တွေလိုပဲ မိုးတွင်းမရောက်ခင်အထိ မီးလာတစ်ချက် မလာတစ်ချက် မြို့ကြီးထဲမှာ သမရိုးကျ အလုပ်လေးတွေ လုပ်ရင်းကိုင်ရင်း ဘဝကို သမရိုးကျ ဖြတ်သန်းနေရ ဦးမှာပါပဲ။ တကယ်တော့ ရင်ထဲမှာ ပြောချင်တာတွေ အများကြီးပဲ။ ဒါပေမယ့် စိတ်က ပျံ့လွင့်နေတယ်။ ဖီလင်လည်း သိပ်မလာဘူး။ ပြောမယ်ဆိုတော့လည်း မထွက်လာဘူး။ တောင်ရောက် မြောက်ရောက်နဲ့။ တှောပါပြီကွယ် နှစ်တစ်နှစ်ရဲ့ နောက်ဆုံး နေ့အဖြစ်ပဲ အမှတ်တရ ရေးလိုက်တော့တယ်။ 


No comments: