Wednesday, December 17, 2008

Diary 16.12.2008


မေန့က မနဿတေလးမွာ MCPA ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်တဲ့ သူတွေနဲ့ တွေ့ဆုံပြီး ဘယ်သူဆုရတာ ဘာကြောင့်၊ ဘယ်သူတွေကတော့ ဘယ်လို အကြောင်းတွေကြောင့် ဆုမရဘူး ဆိုတာတွေကို ဆွေးနွေးပွဲ လုပ်ဖြစ်တယ်။ အားလုံး ကြိုးစားပမ်းစား စိတ်ဝင်တစား ပြိုင်ကြပေမယ့် အမှတ်ကို ရအောင် မယူတတ်တာကြောင့် အားလုံးလိုလို ထင်သလောက် ခရီးမပေါက်ခဲ့ကြဘူး။ မေးခွန်းက Portion တစ်ခုချင်းစီ Function တစ်ခုချင်းစီအတွက် အမှတ်ပေးထားတယ်။ အဲဒါလေးကို သေချာပြောထားပေမယ့် သူတို့ စိတ်တွေလောပြီး တစ်ပုဒ်လုံးဖြေ အမှတ် ၁၀၀ ကိုရအောင် အားထုတ်ကြတော့ ပရိုဂရမ်က မပြီးဘဲ ကောင်းကောင်း အလုပ်မလုပ်ဘူး ဖြစ်နေတယ်။ ပြီးတော့ Priorty ပေးရမယ့်ဟာကို သူတို့ မခွဲကြဘူး။ ဥပမာ ဒီတစ်ခု Pass ဖြစ်မှ ကျန်တာတွေ ဆက်အမှတ်ပေးလို့ ရမယ်ဆိုရင် အဲဒီတစ်ခုကို သေသေချာချာကြီး Run နိုင်အောင် လုပ်ရမှာ ဖြစ်ပါတယ်။ စာအုပ်ထဲမှာဖြစ်ဖြစ် စာရွက်ပှေါမှာဖြစ်ဖြစ် ကိုယ်ဘာစလုပ်မယ်၊ ဘာတွေဟာ ဘာတွေနဲ့ ဆက်စပ်မှု ရှိတယ်၊ ကန့်သတ်ချက်တွေကဘာ၊ လုပ်ရမှာကဘာ စတာတွေကို ချရေးထား သင့်ပါတယ်။ အဲဒါလေးတွေ နဲနဲလွဲသွားတော့ သူတို့ ကုဒ်ဒင်တွေ ကောင်းပေမယ့် ရသင့်သလောက် အမှတ် မရဘူး ဖြစ်သွားတယ်။ 

အဲဒီကနေ ပြန်လာတော့ နေ့လည်ခင်း ကျွန်တှော အိပ်တယ်။ ၄နာရီလောက် ပြန်နိုးတော့ ၁၆ကျောင်းနားက ကိုမြင့်လွင်ဆိုင်မှာ တုတ်ထိုးသွားစားတယ်။ တုတ်ထိုးစားပြီး ဆိုင်ကယ်လျှောက်စီး နေတုန်းမှာ ကျွန်တှော မုဒ် ပျက်သွားတယ်။ ဘာဖြစ်လို့မှန်း မသိဘူး။ မနဿတလေးမှာ နေရတာ သိပ်ပျင်းဖို့ ကောင်းသွားသလို ခံစားလာရတယ်။ ဒါနဲ့ပဲ ဟိုနားဒီနား ဆိုင်ကယ်နဲ့ လျှောက်သွားတယ်။ စာအုပ်အဟောင်းဆိုင်သွား စာအုပ်လေးဘာလေး သွားရှာတယ်။ သုံးလေးငါးအုပ်ဝယ်။ ဒါပေမယ့်လည်း ပျက်သွားတဲ့မုဒ်က ပြန်မကောင်းလာဘူး။ နောက်ဆုံး ကိုဂျေအယ်ကြီးကို ဖိတ်ခှေါပြီး ၇၄လမ်းပှေါက လှိုင်းဆိုတဲ့ လဘက်ရည်ဆိုင်မှာ ထိုင်စကားပြောဖြစ်တယ်။ မင်းကွာ တုတ်ထိုးစားပြီး မုဒ်ပျက်ရတယ်လို့တဲ့... သူကပြောတယ်။ ဟိုဟိုဒီဒီ ဟိုပြော ဒီပြောနဲ့ ၉နာရီ ထိုးလောက်ကျတော့ ကျွန်တှော ပြန်လာခဲ့တယ်။ မနဿတလေးမှာလည်း မီးတွေက ပျက်နေတယ်။ ဒါကြောင့် ဖယောင်းတိုင်လေးထွန်း စာဖတ်ရတယ်။ ဟိုဘက် သုံးလမ်း လေးလမ်းလောက်မှာ ဘုရားပွဲ ရှိတယ်နဲ့ တူတယ်။ သီချင်းသံတွေ ကြားနေရတယ်။ က်ြန္ေတာှ ေတာှေတာှနဲ့ အိပ္မေပ်ာှဘူး။ မနဿတေလးမွာ စီးပွားရေး တစ်ခုခုလုပ်ဖို့ ကျွန်တှော စဉ်းစားနေမိတယ်။ ဒါကလည်း အခုမှတော့ မဟုတ်ပါဘူး။ ၂နှစ်လောက် ရှိနေပြီ။ သူငယ်ချင်းတွေက ရန်ကုန်မှာ မလုပ်ဘဲ မနဿတလေးမှာ လုပ်ချင်တဲ့ ကျွန်တှော့ကို အထူးအဆန်း ကြည့်တတ်တယ်။ ဒါပေမယ့် မနဿတလေးဟာ Potential အများကြီး ရှိတယ်လို့ ကျွန်တှော့ စိတ်ထဲမှာ ယုံကြည်နေတယ်။ ဒါပေမယ့်လည်း တချို့ ယုံကြည်ချက်တွေက ပိုက်ဆံရှိမှ အကောင်အထည်ဖှောလို့ ရတာမျိုး မဟုတ်လား။ ကျွန်တှော အိပ်ပျှောတော့ မနက် ၃နာရီတောင် ထိုးတော့မယ် ထင်ပါရဲ့။ လေယ်ဉာက ၁၂နာရီ။ စောစော ထရမယ်။ 


No comments: