Friday, December 12, 2008

Diary 12.12.2008


မနက်ဖြန်မနက်ပိုင်း လေယာဉ်နဲ့ ပြင်ဦးလွင်က ကွန်ပျူတာပွဲကို သွားရပါမယ်။ မနှစ်ကလည်း ဒီပွဲကို Inforithm-Maze မှာ လုပ်နေတုန်းက ရောက်ဖြစ်သေးတယ်။ အဲဒီတုန်းကတော့ Machine Translation ကိစဿစနဲ့ပါ။ အခုကတော့ MCPA စာမေးပွဲမှာ သွားရောက် စောင့်ကြပ်ဖို့ ဖြစ်ပါတယ်။ အမှန်က စာမေးပွဲ စစ်ဆေးရေး ကှောမတီထဲမှာ ကျွန်တှော မပါပါဘူး။ ဒါပေမယ့် အကိုတစ်ယောက် မအားတာနဲ့ ကျွန်တှော ကိုယ်စား လိုက်သွားဖြစ်တာပါ။ မနဿတလေးက ကိုဂျေကြီးတို့၊ ဘုဃံဏတ်တို့၊ ကမောင်လှတို့နဲ့ ညဘက် ရေနွေးကြမ်းသောက် ပဲကြမ်းသုတ်စားရင်း စကားလေးဘာလေး ပြောကြမယ်။ အချိန်ရခဲ့ရင်လည်း ဓာတ်ပုံလေးဘာလေး ကမျောက်ကချောက် ရိုက်ခဲ့ပါဦးမယ်။ 

ဒီပွဲကို သွားမယ်ဆိုမှ ပိုက်ဆံမရှိလို့ အမေ့ဆီက လှမ်းတောင်းရပြန်တယ်။ သွားတယ်ဆိုတာကလည်း ဒီအတိုင်း ထသွားလို့ ရတာမှ မဟုတ်တာ။ လမ်းခရီးမှာ နားထောင်ဖို့ MP3 လေးတွေ လုပ်ထားတယ်။ စောင်းလှိုင်ဝင်းမောင်ရဲ့ ကျူးဧငြိမ့်ငြိမ့် ၃ခွေ၊ ရာသီတှောဦး၊ ရတနာပုံ၊ နှဲစိန်မြပိုရဲ့ အိုဗားချား ဧည့်ခံတီးလုံးတွေနဲ့ လေးဖြူရဲ့ အသစ်စက်စက် ဘဂဿငလားပင်လယ်အှော အခွေထဲက သီချင်းတွေ ကူးထားလိုက်တယ်။ မြန်မာသံ Instrumental သီချင်းတွေကို ကျွန်တှော တှောတှောလေး ကြိုက်တယ်။ ဒီနှစ်ကတော့ စောင်းလှိုင်ဝင်းမောင်ရဲ့ နှစ်လို့ ပြောရင်တောင် ရမယ်နဲ့ တူတယ်။ ပုဂံနဲ့ အညာသွားတုန်းကလည်း သူ့သီချင်းလေးတွေနဲ့ တငြိမ့်ငြိမ့်။ စောင်းသံလေးမှာ ပလွေသံလေးတွေ စွက်ထားတော့ အသံက ချိုနေတယ်။ စိန်မြပိုကတော့ နှဲသံမှာ ဆိုင်းဝိုင်းသံ အခန့်တွေနဲ့ စည်တယ်။ ရတနာပုံ အခွေကတော့ စနဿဒယားသံတွေ၊ ပတ်မကြီး သံတွေနဲ့ အှောခက်စထရာပုံစံ အရမ်းလွင်တယ်။ နဲနဲပျင်းလာရင် လေးဖြူအခွေလေး ပြောင်းမယ်။ အဲဒီအထဲက ခပ်အေးအေး သီချင်းလေးတွေ ကြိုက်နေတယ်။ ခရီးသွားတယ် ဆိုတာ မျက်စိက ပတ်ဝန်းကျင်ကို မြင်နေရပေမယ့် နားကလည်း အဲဒီ ပတ်ဝန်းကျင်နဲ့ လိုက်ဖက်တဲ့ အသံလေးတွေ ကြားရမှ ပိုပီပြင်တာမျိုးလေ။

အရေးထဲ နားကြပ်က တစ်ဖက်ပဲ လာတော့လို့ စီးတီးမတ်ပြေးပြီး အသစ်လေး ဝယ်ရတယ်။ ဆပ်ပြာ၊ ခေါင်းလျှောရည်၊ ခေါင်းလိမ်းဆီ ဘာညာကွိကွ တွေကလည်း ဝယ်ရပြန်တယ်။ သိပ်စိတ်ညစ်တဲ့ ကိစဿစကတော့ ဝလာလို့ ဝယ်ထားတဲ့ ဘောင်းဘီတွေ အကုန် မတန်တော့တာပဲ။ တကယ်တမ်း ပြောရရင် ယောက်ျားလေးသုံး ပစဿစည်းတွေက မိန်းမတွေထက်တောင် ဈေးပိုကြီးသလိုပဲ။ စတိုင်ပန် ကောင်းကောင်းတစ်ထည် ဝယ်မယ်ဆိုရင် ၅၀၀၀၀ ပတ်ဝန်းကျင်။ Underware တောင် တစ်သောင်းကျှောတယ်။ အရင်ဝယ်ထားတာတွေ အကုန်ပစ်ရတယ်။ စိတ်ပျက်တယ်။ အကဿငျီတွေက အရင်ထဲက ခပ်ပွပွ ဝတ်တတ်တော့ အခုဆို အိုကေ။ ပြီးတော့ ကျွန်တှောက အကဿငျီဆိုရင် ဘယ်တုန်းက ကုသိုလ်ကံမှန်း မသိဘူး ကံကောင်းတယ်။ အမြဲတမ်း လက်ဆောင်ရတယ်။ ဒါကြောင့် ဝယ်ရခဲတယ်။ ဒါပေမယ့် လက်ဆောင်ရတာတွေလည်း ကုန်တာပါပဲ။ ဒီခရီးကတော့ အေးတဲ့ဒေသ သွားမှာမို့လို့ ဆွယ်တာတစ်ထည်၊ ဂျာကင်တစ်ထည်၊ ဂျက်ကတ် တစ်ထည်၊ လက်ရှည် ၂ထည်နဲ့ တီရှပ် နှစ်ထည် သယ်သွားလိုက်တယ်။ ဒါနဲ့မှ မလောက်အောင် အေးမယ် ဆိုရင်တော့လည်း အပူဆေးလေး သောက်ရသေးတာပေါ့လေ။ 

အပျင်းပြေဖတ်ဖို့က စာအုပ် နှစ်အုပ် သယ်သွားတယ်။ တစ်အုပ်က ဆရာပါရဂူရဲ့ မာနဝပုံရိပ်ဆိုတဲ့ စာအုပ်။ နောက်တစ်အုပ်က ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ ခေတ်ဟောင်းမြန်မာ ရာဇဝင်။ ဒီစာအုပ် နှစ်အုပ်စလုံး ဖတ်ပြီးသား။ ဒါပေမယ့် အမြန်ဖတ်ခဲ့တာ။ အထဲမှာ မှတ်စရာတွေ ပါနေတာမို့ အခုလို အေးအေးလူလူ ခရီးထွက်ချိန်မှာ အချိန်ပေး ဖတ်နိုင်အောင် ယူသွားတာ။ အမေပေးတဲ့ပိုက်ဆံ လက်ထဲမှာ ငါးသောင်းကျန်တယ်။ အဲဒါနဲ့ ဟိုမှာလောက်အောင် သုံးရမယ်။ ဟိုးအရင်ကလို ဝိုင်တွေ၊ ဆွယ်တာတွေ၊ မက်မန်းသီးတွေ၊ စတှောဘယ်ရီတွေ သူငယ်ချင်းတွေအတွက် ဝယ်နိုင်မယ် မထင်တော့ပါ။ 

ဪ စကားမစပ် ဒီနေ့ ၁၂ရက်နေ့လေ။ လဟာ ကမဿဘာနဲ့ နှစ်ပေါင်းများစွာ အတွင်းမှာ အနီးကပ်ဆုံး ရောက်နေခဲ့တဲ့ နေ့ပေါ့။ 


No comments: