Wednesday, December 3, 2008

Diary 03.12.2008


တစ်ခုခု ရေးမလို့ပါပဲ။ ဒါပေမယ့် ဘာမှ ရေးချင်စိတ်လည်း မရှိတော့ဘူး။ ဘလော့ဂင်း လုပ်နေမိခြင်းကို ပြန်လည် သုံးသပ်ရတော့မယ်။ ၃-၄နှစ် အချိန်အများကြီးပေးပြီး လုပ်ခဲ့ပေမယ့် ဘာများ ကိုယ့်အတွက် ကျန်ခဲ့သလဲ။ စဉ်းစားကြည့်ရင်တော့ အနဲအပါး ရှိပါတယ်။ ဒါပေမယ့် Profit နဲ့ Lost နဲ့က မမျှဘူး။ ဒါပေမယ့် ကိုယ့်တွက်ကိန်းတချို့ မှန်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ ရန်သူနဲ့ မိတ်ဆွေ ဘယ်ဟာ ပိုများလာသလဲဆိုတော့ ကိုယ့်အပြောအဆိုတွေက တပါးသူ နားခါးစရာ ဖြစ်နေလို့လား မသိဘူး မိတ်ဆွေဆိုလို့ လက်ချိုးရေလို့ ရပါတယ်။ လောလောဆယ်တော့ အလုပ်လုပ်မယ်ပြင်လိုက် မီးကပျက်လိုက်နဲ့ တစ်နေ့ လာတဲ့မီးဟာ တစ်နာရီတောင် ပြည့်ရဲ့လား မသိဘူး။ ဒီတော့ ကွန်ပျူတာနဲ့ အလုပ်လုပ်နေတဲ့ ကျွန်တှော့အတွက် ခက်ခဲတဲ့ ရက်တွေပါပဲ။  ဒါကို ဒီအတိုင်း ထိုင်ညည်းနေလို့ မရတော့ဘူး ဆိုတာလည်း နားလည်ပါတယ်။ ဒီတော့ မနက်ဖြန် မီးစက်အသေး ဒါမှမဟုတ် အင်ဗာတာနဲ့ ဘက်ထရီ တစ်ခုခု ဝယ်ရတော့မယ်။ အင်တာနက်ကိုလည်း နဲနဲ စိတ်ကုန်သလို ဖြစ်နေတယ်။ တစ်ရက်တစ်ရက် ဟိုသတင်း ဒီသတင်းတွေ လိုက်ဖတ်ကြည့်တဲ့အခါ ဆဲစာဆိုစာ အပြစ်တင်စာတွေပဲ များနေသလိုပဲ။ ရိုက်လိုက်ကျတဲ့ တင်းနစ်တွေကလည်း အားကောင်းသလား မမေးနဲ့ ဟိုဘက်ဆို ကွင်းဆုံးအထိ ဒီဘက်ဆို ကွင်းဆုံးအထိ။ ညာဘက်လက်က ဘယ်ဘက်လက်ကို မကောင်းပြောတယ်။ ဘယ်ဘက်လက်က ညာဘက်လက်ကို အသုံးမကျဘူးပြောတယ်။ ဆဲကြတယ် ဆိုကြတယ်။ ကြာတော့ ဒါတွေဖတ်ရတာကို စိတ်ကုန်လာတယ်။ တကယ်တမ်းတော့ ပလေတိုလည်း ယူတိုးပီးယားကို စာထဲမှာပဲ တည်သွားနိုင်ခဲ့တာလေ။ ဒါပေမယ့်လည်း စာရေးတယ်ဆိုတာက စိတ်အပန်းဖြေစရာ၊ ကိုယ့်ကိုကိုယ် ရှာကြံ နှစ်သိမ့်စရာ တစ်ခုခုလည်း ဖြစ်နေနိုင်တာပဲ။ မျက်စိတွေ ပိုပိုစပ်လာတာကတော့ တကယ်ပါပဲ။ 



No comments: