Sunday, November 30, 2008

30.11.2008


ခုတလော ကျွန်တှော အမြဲစိတ်ဝင်တစား စောင့်ဖတ်နေမိတာ ထိုင်းသတင်းနဲ့ အိနဿဒိယ သတင်းပါပဲ။ ဒီသတင်းနှစ်ခုက ကျွန်တှော့ကို တှောတှောလေး ဖမ်းစားထားနိုင်ခဲ့တယ်။ အိနဿဒိယ အကြမ်းဖက်မှုကတော့ လူပေါင်းများစွာသေကြေပြီး ပြီးဆုံးသွားခဲ့ပြီ။ ထိုင်းမှာကတော့ အရှိန်တိုးလာတယ်။ ကျွန်တှော့ ပုဂဿဂလိက ခံယူချက် အရကတော့ PAD ရဲ့ လုပ်ရပ်ဟာ ကုလားမနိုင် ရခိုင်မဲတဲ့ အကြမ်းဖက် လုပ်ရပ်လို့ မြင်မိတယ်။ သူတို့ ဒီလိုလုပ်တဲ့အတွက် သူတို့ နိုင်ငံဟာ အများကြီး နစ်နာသွားစေတယ်။ မနေ့ကတင် ဒီလောက် အဝါဝတ်တွေ လှုပ်ရှားနေရင် မကြာခင် အနီဝတ်တွေ ပါလာတော့မယ်လို့ ကျွန်တှော ထင်နေမိတာ ဒီနေ့တော့ စပြီလို့ ပြောလို့ရတယ်။ 

ဒီလောက် ကြီးကျယ်တဲ့ အရေးအခင်းကို ဘုရင်ဟာ မသိသလို နေနေတာဟာလည်း ထူးခြားမှုတစ်ခုလို့ ပြောလို့ရတယ်။ တကယ်လို့သာ ဘုရင်က တစ်ခုခု ပြောလိုက်ရင် ဒီကိစဿစဟာ အနှေးအမြန် အေးအေးဆေးဆေး ပြီးသွားနိုင်စရာ ရှိပါတယ်။ အခုတော့ ဘုရင်က မသိသလို နေနေတယ်။ တကယ်တမ်း အခု ဝန်ကြီးချုပ်ကို မကြိုက်ဘူး မစဿစတာသက်ဆင်နဲ့ ပတ်သက်နေလို့ စတဲ့ဟာတွေနဲ့ ကန့်ကွက်နေကြပေမယ့် တကယ်တမ်း ထိုင်းနိုင်ငံ ထောင်တက်သွားတာမှာ သက်ဆင်ရဲ့ ကျေးဇူးတွေ အများကြီး ပါနေတာ ငြင်းလို့ မရပါဘူး။ 

နိုင်ငံအတွက် တစ်ရက်ကို ဝင်ငွေ သန်းပေါင်းများစွာ ရှာပေးနေတဲ့ နိုင်ငံပိုင် လေဆိပ်ကို အပိုင်စီးထားတဲ့ လုပ်ရပ်ကို ကျွန်တှောကတော့ လွန်စွာမှ စိတ်ပျက်မိပါတယ်။   ဒါဟာ ဒီကာလလေး တစ်ခုထဲနဲ့ ပြီးသွားမယ့် ကိစဿစမျိုး မဟုတ်ဘဲနဲ့ နောင်တလျှောက်လုံး ထိုင်းနိုင်ငံအပှေါ နိုင်ငံတကာရဲ့ ယုံကြည်မှုလည်း ပျက်ပြားသွားနိုင်တယ်။ ဒါ့အပြင် ခရီးသွား လုပ်ငန်းမှာ အများဆုံး ထိခိုက်မယ်။ အခုဆို လူပေါင်းများစွာဟာ စိတ်ဒုကဿခကြီးစွာနဲ့ လေဆိပ်ထဲ ပိတ်မိနေကြတယ်။ ပြန်ရမယ့် လူတွေလည်း မပြန်နိုင်ကြဘူး။ လာမယ့် လူတွေလည်း မလာချင်တော့ဘူး။ ဒီလုပ်ရပ်ဟာ အစိုးရကို အထိနာစေရုံထက် နိုင်ငံကို ထိခိုက်စေတဲ့ လုပ်ရပ်လို့ ကျွန်တှော ထင်နေမိတယ်။ 

PAD တွေက သူတို့ကို တိုက်ခိုက်လာခဲ့ရင် ဘန်ကောက်ရဲ့ အရေးပါတဲ့ အခြားနေရာတွေကိုပါ ပိတ်ဆို့မှု ပြုလုပ်မယ်လို့ သိရတယ်။ အခုလည်း အစိုးရထောက်ခံသူတွေနဲ့ ဒီအရေးကို မကျေနပ်သူတွေက ပါဝင်လာပြန်ပြီဆိုတော့ လွယ်လွယ်နဲ့ ငြိမ်းမယ့် မီးမျိုးတော့ မဟုတ်ပါဘူး။ ဘုရင်ကလည်း သူ့မွေးနေ့အထိ စောင့်နေတာလား၊ ဘာမှ မလုပ်တော့ဘူးလား ဆိုတာကိုတော့ မျက်ခြေမပြတ် စောင့်ကြည့်ရဦးမှာပါ။ တချို့လူတွေရဲ့ အဆိုအရကတော့ ဒါဟာ ထိုင်းဘုရင်ကို PADက မွေးနေ့လက်ဆောင် ပေးတာပါလို့ ဆိုနေကြပါတယ်။ 

 



No comments: