Wednesday, June 4, 2008

လွမ်းစေတီ


အခု ကျွန်တှောတို့ အဖွဲ့ဟာ အိမ်ဆောက်ပေးတဲ့ အလုပ်အပြင် ဒေတာလေးတွေလဲ ကောက်ပါတယ်။ ဥပမာ ဒီရွာမှာတော့ ဘာပစဿစည်းတွေ ရောက်ပြီးပြီ ဘာတွေမရောက်သေးဘူး ဘာတွေလိုအပ်နေတယ် အစရှိသဖြင့် ဒေတာလေးတွေအပြင် ကျေးရွာအတွင်းမှာ လေမုန်တိုင်းကြောင့် သေဆုံးခဲ့ရတဲ့ လူနာမည် စာရင်းလေးတွေပါ ကောက်နေပါတယ်။

သေဆုံးသူ နာမည်လေးတွေကို ကောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တှောတို့အဖွဲ့ အနေနဲ့လပွတဿတာမှာ ကူညီရေးလုပ် ငန်းလေးတွေ ပြီးဆုံးသွားတဲ့အခါမှာ လွမ်းစေတီလေးတစ်ဆူကို တည်ခဲ့ဖို့ စိတ်ကူးထားပါတယ်။ အဲဒီလွမ်းစေတီလေးမှာ သေဆုံးသူများနဲ့ ရနိုင်သလောက် နာမည်တွေကို ကြေးပြား ကဲ့သို့ ပျက်စီးဖို့ခဲယဉ်းတဲ့ အရာတစ်တစ်ခုခုမှာ မှတ်တမ်းတင် ရေးထိုးပေးသွားမှာ ဖြစ်ပါတယ်။


စိုးဇေယျထွန်း

No comments: