Wednesday, April 2, 2008

ဖွက်ထားလိုက်ဦးမယ်

တကယ်တမ်း တနေ့တနေ့ ကျွန်တှော အင်တာနက် သုံးတဲ့အခါ တွေ့ရတာတဲ့ တန်ဖိုးရှိတဲ့ Tools လေးတွေ၊ ဝဘ်ဆိုဒ်တွေ၊ Applications တွေ အများကြီးပါ။ အခြား အင်တာနက်ကို အမြဲ မသုံးဖြစ်သူတွေ၊ သတိမထားလိုက် မိသူတွေကို ဝေငှပေးချင်တယ်။ ဒါပေမယ့် ကျွန်တှော ပြောလိုက်တာနဲ့ သိစေချင်သူတွေ မသိသေးခင်၊ ပိတ်ချင်သူတွေက ပိတ်လိုက်ရင် မြန်မာပြည်ထဲကသူတွေ အတွက် ဘာမှ အကျိုးမရှိတာမို့ တှောတှောကို စဉ်းစားရပါတယ်။ အခုလည်း တစ်ခုတွေ့တယ်။ သိပ်ကောင်းတာပဲ။ လုပ်ပုံလုပ်နည်းလည်း သိတယ်။ ဒါပေမယ့် ဒီအကြောင်းကို အကျယ်တဝင့်ပြောရင် ပိတ်ခံရမှာ သေချာသလောက် ရှိတာမို့ စိတ်ထဲ မြိုသိပ်လိုက်ပါတယ်။ ဒါလေးကိုသာ မြန်မာတွေ ကျယ်ကျယ်ပြန့်ပြန့် သုံးကြရင်၊ တတ်ကျွမ်းတဲ့ ပညာရှင်တွေကလည်း ကူညီကြရင် သိပ်ကောင်းမှာပဲ။ တချိန်ချိန်ပေါ့။ ဒီအကြောင်းနဲ့ ပတ်သတ်တာကို ကျွန်တှော သုံးလေးငါးခါ ရေးဖူးပါတယ်။ အခုတော့ ဖွက်ထားလိုက်ဦးမယ်။ :)


No comments: