Thursday, August 9, 2007

Lingoes



Portable Dictionary, Thesaurus, Translator ပရိုဂရမ်ပါ။ အရမ်းကောင်းပါတယ်။ ဖိုင်ဆိုဒ် သေးငယ်သလို အသုံးပြုရတာလည်း အရမ်းကို လွယ်ကူပါတယ်။ ကိုယ်လိုချင်တဲ့ အဘိဓာန်ကို သီးခြားသွင်းယူ ရပါတယ်။ အဘိဓာန်ဆိုဒ်တွေက 1Mb ကနေ 10Mb လောက်အထိ ရှိပါတယ်။ သွင်းထားတဲ့ အဘိဓာန် များရင်များသလို အချက်အလက် စုံစုံလင်လင် သိရပါတယ်။ အဂဿငလိပ် အဘိဓာန်များသာမက အဂဿငလိပ်-ပြင်သစ်၊ အဂဿငလိပ်-ဒတ်ခ်ျ၊ အဂဿငလိပ်-တရုတ်၊ အဂဿငလိပ်-ဂျပန် စသည်ဖြင့် အခြားဘာသာစကား အဘိဓာန်များလည်း ရှိတယ်။ တကယ်လို့ ကိုယ့်စက်ကသာ အင်တာနက်ကို ချိတ်ဆက်ထားရင် ဘာသာပြန် လုပ်ငန်းကိုလည်း လုပ်ဆောင်ပေး ပါသေးတယ်။ စက်ကနေ စကားလုံးတိုင်းအတွက် အသံထွက်ပြ ပေးနိုင်ပါတယ်။ ကျောင်းသားတိုင်း၊ စာပေနဲ့ဆက်နွယ် နေသူတိုင်း၊ ဘာသာစကား လေ့လာနေသူတိုင်း၊ ဝန်ထမ်းတိုင်း၊ ကွန်ပျူတာ ရှိသူတိုင်း မရှိမဖြစ် ဆောင်ထားသင့်တဲ့ ပရိုဂရမ်လေးပါပဲ။ တစ်ခုက သူ့ကို စစချင်း ဒေါင်းလုဒ် လုပ်တဲ့အခါ သူနဲ့အတူ အဘိဓာန် အသေးလေး တစ်ခုသာ ပါလာပါတယ်။ ကျန်တဲ့ အဘိဓာန်တွေကိုတော့ ကိုယ့်ဘာသာ သီးခြား ဒေါင်းလုဒ် ဆွဲချပြီး သွင်းပေးရမှာ ဖြစ်ပါတယ်။ လောလောဆယ် ဘီတာအဆင့်မှာတောင် ဒီလောက်ပံ့ပိုးမှု ပေးထားရင် နောက်ပိုင်း ပိုမိုပြည့်စုံလာလိမ့်မယ်လို့ ထင်မိပါတယ်။

Lingoes
www.lingoes.net
File Size: 2.97Mb
Personal non-commercial only

No comments: