Sunday, August 12, 2007

First Myanmar- English Dictionary



မကဿခရာ မင်းသားကြီးသည် ထိုစဉ်က အဂဿငလိပ် စာပေ၌ ခေတ်စားသည့် ဂျွန်ဆင်၏ အဂဿငလိပ် အဘိဓာန်ကို အခေါက်ခေါက် အခါခါ လေ့လာသည်။ ယင်းသို့ လေ့လာရာမှ အဂဿငလိပ်မြန်မာ အဘိဓာန်တစ်စောင် ပြုစုရသှော နိုင်ငံနှင့် လူမျိုးအတွက် အကျိုးရှိပေအံ့ဟု ဆင်ခြင်မိရာသည်။ ထို့ကြောင့် သူ့ကို လှောဂရစ်သမ် ဂဏန်းသခဿငျာ သင်ပေးခဲ့ဖူးသည့် အဂဿငလိပ် ကုန်သည်ကြီး မစဿစတာ ချားလိန်းနှင့် တွဲဖက်လျက် အဂဿငလိပ်- မြန်မာ အဘိဓာန်ကို တီထွင်ပြုစုလေသည်။ ပြုစုရာ၌ မစဿစတာလိန်းက ရှေးဦးစွာ အဂဿငလိပ် အဘိဓာန်ကို မြန်မာဘာသာ ပြန်ဆိုသည်။ ထို့နောက် မြန်မာဘာသာ ပြန်ဆိုချက်ကို မင်းသားကြီးက စေ့စပ် သေချာစွာ ပြင်ဆင် တည်းဖြတ်ပေးသည်။ ယင်းအဘိဓာန်ကို ၁၈၃၃ ခုနှစ်တွင် စတင် ကြိုးပမ်း ပြုစုသည်။ ၁၈၄၁ခုနှစ်တွင် ကာလကတဿတားမြို့ သာသနာပြု ပုံနှိပ်တိုက်၌ ပုံနှိပ် ထုတ်ဝေနိုင်ခဲ့သည်။ အဘိဓာန် အရွယ်မှာ ဒီမိုင်း ဆိုက်ကြီးဖြစ်၍ စာမျက်နှာ ၄၈၆မျက်နှာ အထူရှိသည်။ … ယင်းအဘိဓာန်ကို ပထအကြိမ်သာ ရိုက်နှိပ် နိုင်ခဲ့သဖြင့် ယခုအခါ အလွယ်တကူ ရှာဖွေ မတွေ့နိုင်တော့ပေ။ သို့ရာတွင် ကျွန်တှော သိရသမျှ မပျက်စီးဘဲ ကြွင်းကျန် နေသေးသည့် ယင်းအဘိဓာန် နှစ်အုပ်ကား ရှိနေသေးသည်။

ပထမမြန်မာများ၊ မင်းယုဝေ၊ ရာပြည့်စာအုပ်တိုက်၊ ဒုတိယအကြိမ် ၂၀၀၃၊ စာ- ၁၂။

မြန်မာ ရာဇဝင်တွင် မကဿခရာ မင်းသားကြီး နှစ်ပါး ရှိသည်ဟု သိရသည်။ အထက်ပါ အဂဿငလိပ်- မြန်မာ အဘိဓာန်ကို စီစဉ်ခဲ့သူ မကဿခရာ မင်းသားကြီးမှာ ဘိုးတှော ဗဒုံမင်းတရားကြီး၏ မြောက်နန်းမိဖုရား သီရိမဟာ ရတနာဒေဝီမှ သကဿကရာဇ် ၁၁၅၃ခုနှစ်တွင် ဖွားမြင်သော သားတှောဖြစ်သည်။ မင်းရဲကျှောစွာဟူသော ဘွဲ့အမည်ဖြင့် မကဿခရာမြို့၊ ဗန့်ကျီတိုက်နယ်များကို စားရသူ ဖြစ်သည်။ မယ်တှောမှာ ဘကြီးတှော မင်းတရားကြီး၏ မိဖုရားခေါင်ကြီးတွင် ဖွားမြင်တှောမူသည့် သမီးတှော ဖြစ်သှောကြောင့် မင်းသားကြီးသည် မဟာဆီ မဟာသွေး နန်းရိုးဆက် စစ်စစ် ဖြစ်ပေသည်။

မင်းသားကြီးသည် ရုပ်ရည်တင့်တယ် သှောလည်း ခြေလက်တို့မှာ လေဖြတ်ထားသောကြောင့် မသန်စွမ်းကြောင်း မှတ်တမ်းများအရ သိရသည်။ သူသည် အင်းဝသို့ ရောက်နေသည့် အဂဿငလိပ် ကုန်သည်ကြီး မစဿစတာ ေရာှဂ်ာထံမွ အဂဿငလိပ္စာကို သင်ယူခဲ့ပြီး အနောက်တိုင်း ဝိဇဿဇာသိပဿပံ ဘာသာရပ္မ်ားကို အပတ်တကုတ် လေ့လာဆည်းပူး ခဲ့သည်။ ထိုသို့ လေ့လာလိုက်စားရင်း အဂဿငလိပ် စာပေ၏ ကျယ်ပြန့် ပေါက်ရောက်ပုံကို သတိမူမိသောကြောင့် အဂဿငလိပ်- မြန်မာ အဘိဓာန်တစ်အုပ်ကို ပြုစုရန် စိတ်ထက်သန် လာခဲ့လေသည်။ ထို့ကြောင့် ရင်းနှီးစွဲရှိသူ မစဿစတာ ချားလိန်းနှင့် တိုင်ပင်ပြီး အဆိုပါ အဘိဓာန်ကျမ်းကို စတင်စီရင်ခဲ့သည်။ အဆိုပါ အဘိဓာန်နှင့် သက်ဆိုင်သော မူပိုင်ခွင့် အားလုံးကိုမူ ပူးတွဲပြုစုသူ မစဿစတာလိန်းသို့ လွှဲအပ်ထားခဲ့လေသည်။ ထိုသို့ ပြုစုနေရာမှ ၁၈၃၇ ခုနှစ်တွင် ဖြစ်ပွားသော သာယာဝတီမင်းသား၏ နန်းတွင်း ပုန်ကန်မှု ဇာတ်လမ်းများကြားတွင် ထိုအဘိဓာန်မှာ ခြေရာပျောက် သွားခဲ့ရသည်။

အဆိုပါ အဘိဓာန်ကျမ်းနှင့် ပတ်သတ်၍ ၁၉၆၂ ခုနှစ်တွင် ထုတ်ဝေသော ဆရာမောင်သုတ၏ စာဆိုတှောများ အတဿထုပဿပတဿတိကျမ်းတွင် အဆိုပါ အဘိဓာန်မှာ ပုံနှိပ်ဖြစ် မနှိပ်ဖြစ် မသိရဟု ဆိုထားသောကြောင့် ထိုအချိန်အထိ မြန်မာပြည်တွင် ထိုစာအုပ်ရှိသည်ကို မသိကြဟု တွက်ဆရသည်။ သို့ရာတွင် ၁၉၆၈ တွင် ထုတ်ဝေသော ဆရာမင်းယုဝေ၏ ပထမ မြန်မာများ စာအုပ်တွင် ထိုအဘိဓာန်သည် အမေရိကန် ဝါရှင်တန်မြို့ ကွန်ဂရက် စာကြည့်တိုက်တွင် တစ်အုပ်၊ ရန်ကုန်မြို့ အမျိုးသား စာကြည့်တိုက်တွင် တစ်အုပ်ရှိနေကြောင်း ဖှောပြထားရုံမျှမက မကဿခရာမင်းသားကြီး ကိုယ်တိုင်ရေးသားသော နိဒါန်းကိုပါ ဖှောပြထားသောကြောင့် အဆိုပါ အဖိုးတန် အဘိဓာန်ကျမ်းကြီးမှာ တိမ်မြုပ်နေရာမှ ပြန်လည် ပှေါထွက် လာခဲ့ပေသည်။

ကျွန်တှောသည် ထိုအဘိဓာန်ကျမ်းကို ဖတ်ရှုချင်သောကြောင့် ၂၀၀၄ခုနှစ်လောက်က အဆိုပါ စာအုပ်ကို အင်တာနက်မှတဆင့် ရှာဖွေခဲ့ဖူးသည်။ နောက်ဆုံး စာကြည့်တိုက်တွင် အဆိုပါစာအုပ်ရှိကြောင်း သတင်းရသဖြင့် ယင်းစာကြည့်တိုက်၏ အီးမေးလ်ကွန်ယက်မှတဆင့် ဆက်သွယ် မေးမြန်းကြည့်ခဲ့သည်။ ကံကောင်းလှစွာ ယင်းစာကြည့်တိုက်တွင် တာဝန်ကျနေသူမှာ မြန်မာ အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့ရာ အဆိုပါအဘိဓာန် အကြောင်းကို အသေးစိတ် ပြန်ကြားပေးခဲ့သည်။ ကျွန်တှောက ထိုအဘိဓာန်ကို မည်ကဲ့သို့ လေ့လာ ဖတ်ရှုနိုင်ကြောင်း မေးမြန်းရာ အီးဘွခ် အနေဖြင့် အခပေးပြီး ဝယ်ယူနိုင်ကြောင်း သိခဲ့ရသည်။ ထို့နောက်တွင်မှ ဆရာမင်းယုဝေ၏ စာအုပ်အရ မြန်မာပြည်တွင်လည်း အဆိုပါစာအုပ် ရှိနေကြောင်း သိခဲ့ရပြီး ဝယ်ယူမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး အမျိုးသား စာကြည့်တိုက်မှ စာအုပ်ကိုသာ လေ့လာတော့မည်ဟု ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် နိုင်ငံရပ်ခြားသို့ ရောက်နေသောကြောင့် အဆိုပါ စာအုပ်နှင့် အဆက်ပြတ်ခဲ့ ရပြန်သည်။

မြန်မာပြည်သို့ ပြန်ရောက်ပြီး စာအုပ်ဟောင်းများ လိုက်လာရှာဖွေ စုဆောင်းရာမှ မမျှောလင့်ဘဲ လွန်ခဲ့သော နှစ်ရက်သုံးရက်က အဆိုပါ စာအုပ်မူပွားကို အင်မတန် ချိုသာသော နှုန်းထားဖြင့် ရခဲ့သောကြောင့် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပေသည်။ ယင်းအဘိဓာန် ပြုစုခဲ့သည်မှာ ယခု ၂၀၀၇ ကာလအထိဆိုလျှင် နှစ်ပေါင်း ၁၆၆နှစ် ရှိခဲ့ပြီ ဖြစ်သည်။ စာအုပ်ကို အိနဿဒိယနိုင်ငံ ကလကတဿတားမြို့ သာသနာပြု ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ခဲ့ပြီး၊ ဗြိတိသျှစာကြည့်တိုက်မှ ဖြန့်ချီခဲ့သည်။ ယင်းအဘိဓာန်၏ အချက်အလက်များကို မစဿစတာချားလိန်း Charles Lane ကစုဆောင်းခဲ့ပြီး မကဿခရာမင်းသားကြီးက မြန်မာစာလုံးများကို တည်းဖြတ်ခဲ့ခြင်း ဖြစ်သည်။ စာအုပ်၏ အဖွင့်နိဒါန်းတွင် မင်းသားကြီး၏ ဥယျောဇဉ်ကို တွေ့ရသည်။ စာအုပ်မှာ ဆရာမင်းယုဝေ၏ စာထဲမှာပါသလို စာမျက်နှာ ၄၈၆ မဟုတ်ဘဲ ၄၆ဂမျက်နှာသာ ဖြစ်သည်။ စာရိုက်သူ အမှားဟု ထင်မိသည်။ ယင်း အဘိဓာန်ကို လေ့လာရာတွင် ထိုခေတ်ကာလက အခြေအနေကို ချင့်ချိန်ပြီး လေ့လာခဲ့သည်။

အဘိဓာန်တွင် စာလုံးပေါင်း အမှားအယွင်း များစွာ တွေ့ရသည်။ ထိုခေတ် ထိုကာလက မြန်မာ သတ်ပုံကျမ်းများ သတ်ညွှန်းကျမ်းများ ထွက်ပှေါနေပြီ ဖြစ်သည်။ စက်တင်ပုံမနှိပ်မီ လက်ရေးစာမူကို မင်းသားကြီးနှင့် ချားလိန်းတို့ အထပ်ထပ် အခါခါ စစ်ဆေးကြသည် ဆိုသှောလည်း သတ်ပုံ အမှားများမှာ လက်ညှိုးထိုး မလွဲအောင်ပင် ဖြစ်သည်။ မြန်မာပြည်တွင် ပုံနှိပ်ခြင်း မဟုတ်ဘဲ အိနဿဒိယတွင် ပုံနှိပ်သည် ဆိုသောကြောင့် အမှားအယွင်း ဖြစ်ခြင်းမျိုးလည်း ဖြစ်နိုင်သည်။ ထိုပုံနှိပ်ရာသို့ စာပြုသူများ လိုက်ပါ ကြီးကြပ်ခဲ့ခြင်း အထောက်အထားများလည်း မတွေ့ရသောကြောင့် ပြီးပြီးရော ရိုက်ပေးလိုက်ခြင်းလည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် တည်းဖြတ်သူ မကဿခရာ မင်းသားကြီး ကိုယ်၌က စာလုံးပေါင်း သတ်ပုံကို ဂရုမထား သောကြောင့်လည်း ဖြစ်နိုင်ပေသည်။ သို့တည်းမဟုတ် မြန်မာအကဿခရာများကို မကျွမ်းကျင်သော နိုင်ငံခြားသား ပုံနှိပ်သူများကြောင့်လည်း ဖြစ်နိုင်သည်။ မည်သို့ပင် ဆိုစေကာမူ ထိုအရာများကို သည်းခံပြီး လေ့လာမည်ဆိုလျှင်တော့ အဆိုပါ အဘိဓာန်၏ ထူးခြားချက်များကို တွေ့နိုင်ပေသည်။ ထိုအဘိဓာန်ထဲမှ အဓိပဿပာယ် တှောတှောများများမှာ စိတ်ဝင်စားဖွယ်ရာပင် ဖြစ်သည်။ ထိုအဘိဓာန်၏ ထူးခြားချက်များကို နောက်ပိုင်း တင်ပြပါဦးမည်။

No comments: