Sunday, August 12, 2007

Dr. Than Tun

Dr. Than Tun

ခေတ်သစ် မြန်မာစာပေ လောကတွင် ကျွန်တှော အလွန်တရာ အထင်ကြီး လေးစား အားကျသော ပညာရှင်ကြီး ၂ယောက်ရှိသည်။ ပထမတစ်ယောက်မှာ သမိုင်း ပါမောကဿခ ဒေါက်တာ သန်းထွန်း ဖြစ်ပြီး၊ နောက်တစ်ဦးမှာ မြန်မာစာ ပါမောကဿခ ဒေါက်တာ လှဘေ ဖြစ်သည်။ ဆရာကြီး ဒေါက်တာသန်းထွန်းသည် တစ်ခေတ်တွင် တစ်ယောက်သာ ပှေါသော ပညာရှင် ဖြစ်သည်။ ဆရာကြီး၏ ကြိုးစားမှုကြောင့် မြန်မာ့သမိုင်းသည် ပုံပြင်၊ ဒဏဿဍာရီ မ်ားထဲမွ ေတာှေတာှေလး ရုန်းထွက် နိုင်ခဲ့သည်။ ဆရာကြီး သွားခဲ့သောခရီး၊ သုတေသန ပြုခဲ့သောစာ၊ ရေးခဲ့သော စာများကလည်း အံ့မခန်းပင် ဖြစ်သည်။ ဆရာကြီးသည် အဂဿငလိပ် ဘာသာစကားကိုလည်း ကျွမ်းကျင်သောကြောင့် သူ၏ ဆောင်းပါးများ၊ သုတေသန စာများကို မြန်မာဘာသာ ဖြင့်သာမက အဂဿငလိပ် ဘာသာဖြင့်ပါ ရေးသားခဲ့သည်။ ဆရာကြီး ရေးခဲ့တဲ့ စာတွေထဲမှာ

  • အစာပြတ်ပြီး မိန်းမောနေသူက လိမဿမာရစ်ကြပါလို့ မှာနိုင်မယ် မထင်
  • တကောင်းကနေ ပြည်အရောက် ဧရာဝတီလမ်းကို အကန်းတောင် သွားနိုင်တဲ့ခရီးလို့ သိပါတယ်
  • ဖဆပလတွေ ဖျင်းသလား မမေးနဲ့ လွတ်လပ်ရေး ကျောက်တိုင်တောင် ဖြောင့်အောင် မစိုက်နိုင်ဘူး
  • ပါမောကဿခဆိုတာ သူ့ဘာသာရပ်မှာ သူကအချုပ်ပဲ၊ သူ့အထက်မှာ ပါမောကဿခချုပ်ဆိုတာ မရှိကောင်းဘူး
  • ငါရေးတဲ့ ခေတ်ဟောင်းရာဇဝင်ကို မွန်ဘိုကေက ခင်ဗျားစာအုပ် လူထုလက်ထဲ မရောက်လို့ ပြောတဲ့အခါ အဲဒါလူထုလက်စွဲ မဟုတ်လို့ ငါဖြေခဲ့တယ်
  • မှန်းနန်းထဲမှာပဲ ရုပ်ရှင်ရိုက်ဖို့ ဇာတ်ညွှန်းက ပါနေတယ်၊ ဒါမျိုး ငါတို့မသုံး
  • စကားဝိုင်းမှာ ငါမပိုင်နိုင်တဲ့ ကိစဿစကို ဝင်မပြော
  • မင်းတို့အခု စာမေးပွဲ အောင်ရင်လည်း မင်းတို့တှောလို့မဟုတ်၊ ငါအအောင်ပေးလို့ အောင်တာ
  • ငါပါဝင် လှုပ်ရှားခဲ့တဲ့ ဘဝမှာ ငါကိုယ်တိုင် မရှင်းတတ်တဲ့ ပြသဿသနာ၊ ငါတတ်သလောက် ရှင်းပေးပေမယ့် မရှင်းတဲ့ ပြသဿသနာ
  • ဘာသာရပ် သင်ရိုးကို ပြည့်စုံအောင် မသင်ရဘဲ စာစစ်တော့လို့ ခိုင်းတဲ့အခါ မေးခွန်းရဲ့နောက်က သင်သိသမျှ ရေးပါလို့ ထည့်ရေးပေးလိုက်တယ်
  • အသိသစ် ရှာတဲ့အခါ သူများမသိသေးတာ ငါသိတယ်ဆိုတဲ့ ကျေနပ်ချက်က ရှေ့ဆောင်တယ်
  • ငါလဲ ဖျင်းတဲ့လူတွေနဲ့ အနေကြာလာပြီဆိုတော့ ဖျင်းလာပြီလို့ သံသယ ဖြစ်တယ်
  • ကားသမားက တစ်လဝင်ငွေတစ်သောင်း ကျှောရင်သာ ကျှောမယ်ဆိုတဲ့ခေတ်မှာ ငါ့ကို တစ်လ ၆၀၀ ပေးပြီး အချိန်ပိုင်း သမိုင်းပါမောကဿခ လုပ်ခိုင်းတယ်
  • တကဿကသိုလ်က ဆရာဆိုရင် သုတေသန လုပ်ရမယ်၊ ဘာသာရပ်ဆိုင်ရာ တိုးတက်မှုဟာ သူ့အလုပ်၊ ဟိုဟာဒီဟာ အကြောင်းပြပြီး သုတေသန မလုပ်ရင် အလကားကောင်လို့ သတ်မှတ်တယ်
  • သုတေသန မလုပ်တဲ့ကောင်ကို ငါက လဍဿဍူလို့ ခှေါတယ်။ အဲဒီလဍဿဍူတွေပဲ ငါ့ကို ဖြတ်ကျှောပြီး ရာထူးတက်သွားကြတာ
  • ဆရာတွေ မီးခိုးရောင် အကဿငျီဝတ်ဖို့၊ နာမည်ကတ်ပြားချိတ်ဖို့ အကြံပြုလာတော့ ငါက ငါ့တပည့်တွေဟာ ငါပုဆိုးမပါဘဲလာလဲ ရိုသေကြမှာဘဲလို့ ကန့်ကွက်လို့ အဲဒီအကြံပြုချက် ပျက်သွားတယ်။
  • မြတ်စွာဘုရားဟာ ဒေသစာရီလှည့်ပြီး တရားဟောတာ မှန်ပေမယ့် ကုန်းကြောင်းပဲ သွားတှောမူတယ်၊ ပစဿစနဿတရစ် ကြွသွားတာကိုလည်း မတွေ့ပါ။

စတဲ့ အချက်တွေကို ကျွန်တှော အလွန်တရာ သဘောကျတယ်။ ဆရာကြီးဟာ ပြောသလိုရေးပြီး၊ ရေးသလို ပြောတတ်သူ တစ်ယောက် ဖြစ်တယ်။ ပေါင်းသင်း ဆက်ဆံရေး ကောင်းတယ်လို့တော့ မထင်မိပါဘူး။ သူ့စကားတွေဟာ တုတ်ထိုးအိုးပေါက် ဖြစ်နေတာမို့ သူ့ကို ကြည့်မရသူ တှောတှောများများနဲ့ ကြုံခဲ့ရတာကို တွေ့ရပါတယ်။ ဒါပေမယ့် သူဟာ သူ့အလုပ်ကို သူလုပ်သူဖြစ်ကြောင်း သူ့စာအုပ်တွေ၊ စာတမ်းတွေက သက်သေပြခဲ့ပါတယ်။ ဆရာကြီးလို ပုဂဿဂိုလ်တစ်ယောက် ပှေါထွက်လာဖို့ဆိုတာ အလွန်ပဲ ခက်ခဲပါတယ်။ တိုယိုတာ ဖောင်ဒေးရှင်းက ပါမောကဿခ ဒေါက်တာသန်းထွန်းဟာ တိကျပြီး ဘက်မလိုက်သည့် သမိုင်းသဘောတရားကို အခြေခံကာ မြန်မာ့သမိုင်း လေ့လာမှုကို ဦးဆောင်ခဲ့သည်။ နိုင်ငံ၏ သမိုင်းကို လုံးဝ ထူးခြားဆန်းသစ်သည့် ရှုထောင့်မှ ဖှောထုတ်တင်ပြခဲ့သူဖြစ်သည်။ အာရှတိုက်မှ ထူးခြားထင်ရှားသည့် ထိပ်တန်း သမိုင်းပညာရှင်များထဲမှ တစ်ယောက်ပင် ဖြစ်တော့သည်ဟု ချီးကျူး ဂုဏ်ပြုခဲ့သည်။

No comments: