Monday, June 18, 2007

Photoshop It



ကလောမှာ ပလောင်တောင် တက်တုန်းက တွေ့ခဲ့ရတဲ့ ကလေးလေးပါ။ အကဿငျီအနွမ်း အကြေလေးနဲ့ လွယ်အိတ်သေးသေးလေးနဲ့။ ဆင်းရဲပေမယ့် နှစ်လိုဖွယ်ကောင်းတဲ့ မျက်နှာလေးရှိတယ်လို့ ခံစားမိတယ်။ သူ့ကို ဓါတ်ပုံရိုက်မယ်ဆိုတော့ ခါးထောက်ပြီး အက်တင်ပေးတယ်။ ဒီနေ့တော့ ပျင်းပျင်းရှိတာနဲ့ အဲဒီကလေးလေး ဓါတ်ပုံကို ပြင်ဖြစ်ပါတယ်။ တောင်ပှေါရွာကလေးက ဆင်းရဲတဲ့ ကလေးလေး တစ်ယောက်ကို သူအိပ်မက်တောင် မက်ဖြစ်မယ် မထင်တဲ့ နေရာတစ်ခုကို ကျွန်တှော တတ်နိုင်သလောက် ပို့ပေးလိုက်တယ်။

သူ့မူရင်းပုံက အရိပ်ထဲ ရောက်နေလို့ နဲနဲမှောင်ပါတယ် (ကျွန်တှော ဓါတ်ပုံရိုက်ရင် သဘာဝအရောင်တွေ ပျောက်သွားမှာ စိုးရိမ်လို့ ဖလက်ရှ် သိပ်မသုံးဖြစ်ပါ)။ ယိုးဒယားက ကမ်းခြေတစ်ခုပုံကို နောက်ခံထားဖို့ ရွေးလိုက်ပါတယ်။ ပြီးတော့မှ သူ့ခနဿဓာကိုယ် သီးသန့်ကိုပဲ Extract အသုံးပြုပြီး ဖြတ်ထုတ်ပါတယ်။ Extract အသုံးပြုတဲ့အခါ Smart Highlighting ဆိုတာလေးကို Open လုပ်ပြီး ဂရုတစိုက် ဖြတ်ပါတယ်။ ဒီဟာကိုသုံးရင် ဖြတ်ပြီးတာနဲ့ တခါတည်း OK မလုပ်သင့်ပါဘူး။ Preview အရင်လုပ်ပြီး လိုနေတာတွေ ပိုနေတာတွေ ကြမ်းနေတာတွေကို Cleanup, Edge Touchup Tool တွေအသုံးပြုပြီး အသေးစိတ် ပြင်ပါတယ်။ ဆံပင်တွေကို ဖြတ်ရာမှာ အရမ်းဂရုစိုက်ရပါတယ်။ ဖြတ်တာ မကောင်းရင် ဆံပင်တွေက သဘာဝ မကျပါဘူး။ လုံးလုံး ထွေးထွေးကြီး ဖြစ်နေတတ်တယ်။ အဲဒီပုံကို စိတ်တိုင်းကျတဲ့အခါ လေယာတစ်ခု အနေနဲ့ ထားလိုက်တယ်။ ပြီးရင် အကဿငျီသက်သက်ကို Lasso အသုံးပြုပြီး မှတ်သားကာ Masking လုပ်ပါတယ်။ အဲဒီနေရာမှာ အနားစွန်းတွေကို Feather အနည်းငယ် ပေးရပါတယ်။ သူ့အကဿငျီက ရိုးလွန်းတော့ Hawaii Shirt ပုံစံဖြစ်အောင် သစ်ရွက်တွေကို ရိုက်ထားတဲ့ ဓါတ်ပုံကို အပှေါက အုပ်လိုက်တယ်။ ပြီးရင် ခုနက လေယာ အထက်မှာ Clipping Mask လုပ်လိုက်တဲ့အခါ အကဿင်ီအေပါှမွာ ဒီဇိုင်းထွက်လာပါတယ်။ အဲဒီလေယာကို Opacity လျှော့။ Blending Mode Overlay ထားလိုက်တဲ့အခါ သဘာဝကျတဲ့ အကဿငျီပုံစံ ဖြစ်လာပါတယ်။ အဲဒီနောက် အလင်းရောင်ကို စဉ်းစားပါတယ်။ ပင်လယ်မှာ ရိုက်ထားတဲ့ပုံက အလင်းရောင် ဘယ်ဘက်က ဝင်တယ်။ ကလေးပုံက အလင်းရောင် အရှေ့က ဝင်တယ်။ ဒါကြောင့် ဒါကို ချိန်ရပါတယ်။ လေယာနှစ်ထပ်လောက် လုပ်ပြီး ဆန့်ကျင်ဘက် အလင်းရောင်တွေ ပေးရတယ်။ ပြီးရင် တစ်ခုနဲ့တစ်ခု Mode ထပ်ပါတယ်။ အဲဒီအခါ လိုချင်တဲ့ အရှေ့ဘက်ကဝင်တဲ့ ရွှေအိုရောင် ခပ်မှိုင်းမှိုင်းအလင်း ပုံစံ ရလာပါတယ်။

ဓါတ်ပုံပြင်တာမှာ အဓိကက စိတ်ရှည်မှုပါ။ ဓါတ်ပုံကောင်း တစ်ပုံရဖို့ အချိန်အများကြီး ပေးရပါတယ်။ မြန်မြန်ဆန်ဆန် ပြင်တဲ့ပုံနဲ့ အချိန်ပေးပြီး ပြင်တဲ့ပုံ လုံးဝမတူပါဘူး။ ကျွန်တှောကတော့ ဓါတ်ပုံတစ်ပုံပြင်ရင် အနည်းဆုံး အချိန်တစ်ရက် ယူပြီး ပြင်ဖြစ်တယ်။ Tools တွေ Functions တွေမျိုးစုံ သုံးကြည့်တယ်။ သူများလုပ်တဲ့ ကျူတိုရီရယ်လ်တွေ လိုက်လုပ်ကြည့်တယ်။ ပိုက်ဆံမရပေမယ့် ဒါက ကိုယ်ဝါသနာ ပါရာမို့ တစ်ပုံပြင်တိုင်း ပညာတစ်ခု တိုးပါတယ်။

No comments: