Wednesday, June 27, 2007

Myanmar Blog Book

Myanmar Blog Book

မြန်မာ ဘလော့ခ်ဂါတွေ စုစည်းပြီး စာအုပ်တစ်အုပ် စီစဉ်နေတာ ၅၀ ရာခိုင်နှုန်းလောက်တော့ အရုပ်ထင်လာပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ စာအုပ်ထဲမှာ မြန်မာဘလော့ခ်ပေါင်း ၄ဝဝကျှောထဲက ကောင်းနိုးရာရာ ကဗျာ၊ ဝတဿထု၊ ဟာသ၊ အတွေးအမြင်၊ နည်းပညာ၊ ဆောင်းပါး၊ အင်တာဗျူး၊ ဝတဿထု စတာတွေ ပါဝင်မှာ ဖြစ်ပါတယ်။ ကောင်းနိုးရာရာ ဆိုရာမှာလည်း စီစဉ်သူ ဘလော့ခ်ဂါတွေကို တစ်ဦးစီ သီးခြား ဘလော့ခ်တွေခွဲပြီး နှစ်သက်ရာပိုစ့်တွေ ရွေးချယ်ထားတာမို့ ရွေးချယ်သူအလိုက် အကြိုက်တွေ ပြောင်းသွားတာကို တွေ့ရပါတယ်။ သက်ဆိုင်ရာ ဘလော့ခ်ဂါတွေရဲ့ စိတ်ကြိုက်ပိုစ့်တွေကို ရွေးချယ်ထားခြင်းမျိုးတော့ မဟုတ်ပါဘူး။ ဥပမာ ပြရရင် ဥတဿတရလမင်းက ထုတ်ဝေတဲ့ ခံစားသူအကြိုက် ဝတဿထုများပုံစံ ဖြစ်ပါတယ်။

ဒီစာအုပ် ဖြစ်မြောက်ရေးအတွက် ရန်ကုန် အခြေစိုက် ကိုစိုးဇေယျ၊ ကိုနေဖုန်းလတ်နဲ့ မစဿစတာပုရှ် တို့က အဓိက ဦးဆောင် စီစဉ်နေကြတယ်။ ဒီစာအုပ်ကို ထုတ်တာမှာ ရည်ရွယ်ချက် တစ်ချို့ ရှိပါတယ်။ ဒါကတော့ မဂဿဂဇင်း၊ ဂျာနယ်တို့မှာ အကြောင်းအမျိုးမျိုးကြောင့် ဖှောပြမခံရတဲ့၊ မဂဿဂဇင်း ဂျာနယ်တွေကို စာမူမပို့တဲ့ စာရေးကောင်းသူ ပညာတတ်တွေ အပြင်မှာ အများကြီး ရှိနေပါတယ်။ မဂဿဂဇင်း တစ်စောင်ကို စာမူ သွားပို့တဲ့အခါ ဘယ်နေ့ဘယ်လမှာ စာမူရွေးချယ်မယ်လည်း သေချာမသိရ၊ နာမည်ရ အခြားစာရေးဆရာ များကိုလည်း ရုတ်တရက် ဝင်တိုးဖို့ မလွယ်တာမို့ အဆိုပါ စာရေးသူတွေဟာ အခွင့်အရေး မရကြတာ တွေ့ရပါတယ်။ နောက်တစ်ခုက နိုင်ငံရပ်ခြား ရောက်နေတဲ့သူတွေ အနေနဲ့ ဒါတွေကို အမြဲ ပို့နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် သူတို့ဟာ ကိုယ်ပိုင် ဘလော့ခ်တွေ တည်ထောင်ပြီး ကိုယ့်စာကိုယ်ရေး၊ ကိုယ်အယ်ဒီတာလုပ်၊ ကိုယ်တိုင် ထုတ်ဝေသူ လုပ်ပြီး အင်တာနက်ကနေ အခမဲ့ ဖြန့်ချီကြပါတော့တယ်။

ဘလော့ခ်ဟာ မီဒီယာ တှောလှန်ရေးလို့ ပြောလို့လည်း ရပါတယ်။ နောက်ဆုံး သတင်း ရချင်လား၊ နည်းပညာတွေ အကြောင်း သိချင်လား၊ ရသစာပေ ဖတ်ချင်လား၊ ကဗျာတွေ ဖတ်ချင်လား၊ ဘာသာရေးအကြောင်း သိချင်လား ဘာမဆိုအားလုံး အခမဲ့ ဖတ်ရှုနိုင် ရယူနိုင်ပါတယ်။ တကယ်တော့ မဂဿဂဇင်းတွေမှာ ပါတဲ့ သတင်းတွေဟာ တှောတှော့ကို နောက်ကျနေတဲ့ သတင်းပါ။ နောက်ဆုံး သတင်းကို မရနိုင်ပါဘူး။ ဘလော့ခ် လောကမှာတော့ နာရီနဲ့အမျှ မိနစ်နဲ့အမျှ သတင်းတွေ ရနိုင်တယ်။ အချက်အလက် အသစ်တွေ အတွေးအခှေါ အသစ်တွေကို၊ မတူညီတဲ့ အမြင်တွေကို ရနိုင်တယ်။ ဒါပေမယ့် ဘလော့ခ် အားလုံးဟာ ကောင်းတယ်၊ သတင်းမှန်တယ်လို့တော့ မဟုတ်ပါဘူး။ ကိုယ်ပိုင် ဘလော့ခ်တစ်ခုဟာ ကိုယ့်ရဲ့ Identity တစ်ခု ဖြစ်လာတာမို့ ဘလောခ့်ဂါ တှောတှောများများဟာ အတွေ့အကြုံ များလာတာနဲ့အမျှ ကိုယ့် Identity ကိုကိုယ် ထိန်းနိုင်ဖို့ သတင်းမှန်၊ အချက်အလက်မှန်တွေ ပေးနိုင်အောင် ကြိုးစားလာကြတာ တွေ့ပါတယ်။

တချို့တွေက နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတယ်။ ကိုယ်သိထားတဲ့ နည်းပညာတွေ၊ အတတ်ပညာတွေ၊ အတွေ့အကြုံတွေကို ဝေငှတယ်။ စာနယ်ဇင်းတွေလို ကိုယ့်စာမူပါလာဖို့ စောင့်နေစရာ မလိုပါဘူး။ ကိုယ့်စာမူကိုယ်တည်းဖြတ်ပြီး ကိုယ့်တာဝန်ကိုယ်ခံကာ အခမဲ့ ဝေငှနေကြတာပါ။ စိတ်ဝင်စားစရာ ဘလောခ့်တွေကို ဖတ်မယ်ဆိုရင် မဂဿဂဇင်းတွေတောင် ဖတ်စရာ မလိုတော့လောက်အောင် အကြောင်းအရာ စုံလင် များပြားတာကို တွေ့ရမှာပါ။ အင်တာနက် သုံးနိုင်ရုံနဲ့တင် တစ်ကမဿဘာလုံးကို တခဏအတွင်း ဖြန့်ချီနိုင်တာမို့ ဖြန့်ချီရေး အတွက် ပိုက်ဆံကုန်ဖို့ရာလည်း မရှိတော့ပါဘူး။

ဒီစာအုပ်ဟာ ဘလော့ခ်ဂါတွေ များစွာ ရေးထားတဲ့ အကြောင်းအရာတွေထဲက ကောင်းနိုးရာရာတွေကို ရွေးထားတာ ဖြစ်တယ်။ စာအုပ် ဒီဇိုင်းကို ဘလော့ခ်ဂါတွေပဲ လုပ်ကြတယ်။ စာမူစီစစ်တာကိုလည်း ဘလော့ခ်ဂါတွေပဲ လုပ်ကြတယ်။ ထုတ်ဝေရေး အတွက်လည်း ဘလော့ခ်ဂါတွေ ရန်ပုံငွေစုပြီး အကုန်ခံကြတယ်။ ဒါကြောင့် ဒီစာအုပ်ဟာ ထူးခြားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ မြန်မာပြည် စာနယ်ဇင်းတွေမှာ မရေးသားပေမယ့် ရေးအားကောင်း၊ တွေးအားကောင်း၊ ပညာတတ်၊ အစွမ်းထက်သူတွေ အများကြီး ရှိနေသေးတယ်ဆိုတာ တွေ့ကြရမှာ ဖြစ်ပါကြောင်း။

No comments: