Saturday, June 23, 2007

Me, Myanmar and Beggars

ကျွန်တှောနှင့်သူတောင်းစား

မြန်မာပြည်တွင် တနေ့တခြား သူတောင်းစားများ များပြားလာသည်။ ကားရပ်လိုက်သည်နှင့် ကားနားကို အတင်းကပ်ကာ အတင်းတောင်းသည်။ လက်ဘက်ရည် ဆိုင်များတွင် ထိုင်ရှိခိုးနေသူများ အများအပြား။ ကြည့်လိုက်တော့ ကလေးလေးတွေ အများစု ဖြစ်သည်။ အချို့ကလည်း ခြေထောက်လေး တစ်ဖက် ပြတ်တာလောက်နှင့် တောင်းနေကြသည်။ အချို့ကလည်း မိမိကလေး အခါလည်လေးကို နေပူထဲပိုက်ပြီး လိုက်တောင်းကြသည်။ အောက်ခြေလူတန်းစားများ စီးပွားရေး အရမ်းကြပ်တည်း နေကြသည်ကို ကျွန်တှော နားလည်ပါသည်။ သို့သှော ဒီအရာကို ဒီအတိုင်း ဆက်ကြည့်နေလျှင် အချောင်စိတ်ဓါတ် မွေးမြူသူများ ပေါများလာတော့မည်။ စကဿငာပူတွင် တောင်းရမ်းကြသူတိုင်း အတတ်ပညာ တစ်ခုခု တတ်ကြရသည်။ သူတို့၏ အတတ်ပညာကို ပြကာ ဖျှောဖြေ၍ နှစ်သက်သူများက သဘောကျကြေး ပေးသွားသည့် ပုံစံမျိုး။ တောင်းရမ်းသူ မဟုတ်။ ပြီးတော့ တကယ့်ကို မျက်စိမမြင်သူ၊ ဒုကဿခိတလုံးလုံး ဖြစ်နေသူများသာ ဖြစ်ကြသည်။ ဒီမှာ ကျွန်တှော တွေ့ရသော သူတောင်းစားများကတော့ တချို့ဆို ကျွန်တှော့ အသက်အရွယ်ပင် ရှိသေးသည်။ ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်းများ ဖြစ်သည်။ တချို့ကလည်း ခြေထောက်၊ လက် ဘာဖြစ်မှန်းမသိ ပတ်တီးတွေ စည်းထားကြသည်။ ခရီးဝေးသွားလျှင် ကလေးတွေက ဟိုင်းဝေးလမ်းပှေါတက်ပြီး ရှိခိုးနေကြသည်။ သကဿငန်းကြီး နှင့် ဘာသာရေးကို ခုတုံးလုပ်ကာ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်အလှူခံသည်။ ဆိုက်ကားကြီးစီးပြီး လိုက်အလှူခံသည်။ နိုင်ငံခြားသားမြင်လျှင် နောက်မှ တကောက်ကောက် လျှောက်လိုက်ပြီး မပေးမချင်း တောင်းသည်။ သနားသော သူများက လှူဒါန်းကြသည်။ ကျွန်တှောသည် သူတစ်ပါး အလှူကို မစဿဆိယစိတ် မဖြစ်ပါ။ သို့သှော မုဒိတာလည်း မပွားနိုင်ပါ။ မြန်မာတို့သည် သနားဂရုဏာစိတ် ထားတတ်သော သူများဖြစ်ကြသည်။ ထိုစိတ်သည် ကောင်းပါ၏။ သို့သှော ထိုစိတ်မျိုး ထိုထိုသော နေရာမျိုးတွင် မထားသင့်ဟု ထင်မိသည်။ ပိုက်ဆံကို ဒီလိုတောင်းလို့ ရကောင်းမှန်းသိလျှင် ထိုကလေးများသည် ဘာမှအသုံးကျမည် မဟုတ်တော့။ အခြားနိုင်ငံသားများ အမြင်တွင်လည်း အထင်သေးဖွယ် ဖြစ်သည်။ ထိုဓလေ့ကြီးကို တိုက်ဖျက်သင့်သည်။ အခြေခံ လူတန်းစားများကို အလုပ်အကိုင် အခွင့်အလမ်းရအောင် စားဝတ်နေရေး ပြေလည်အောင် ဖြေရှင်းပေးရမည်။ ထိုမှတဆင့် တောင်းစားလိုလျှင် ကိုယ်ကာယ ချွတ်ယွင်းနေကြောင်း ထောက်ခံစာနှင့် လိုင်စင်ထုတ်ပေးရမည်။ အလကား တောင်းမစားစေဘဲ အတတ်ပညာ တစ်ခုခုကို သင်ကြားတတ်မြောက် စေရမည်။ အသိပညာ ပေးရမည်။ အသိပညာလည်းမရှိ၊ စားစရာလည်း မရှိလျှင် နောက်ဆုံး ခိုးဆိုးလုယက် ကြတော့မည်။ ကျွန်တှောတို့ နိုင်ငံကြီးမှာ သူတောင်းစား များနေပြီဆိုသော အသံမှာ နားထောင်၍ ကောင်းသော အသံဟု ကျွန်တှော လုံးဝ မယုံကြည်မိပါ။

No comments: