Thursday, June 28, 2007

History of Myanmar's Animism

စာအုပ်အညွှန်း

မြန်မာနိုင်ငံနတ်ကိုးကွယ်မှုသမိုင်း (ခေတ်ဦးကာလ)

မင်းစည်သူ
ရွှေဒေါင်းတောင်စာပေ
ဒုတိယအကြိမ်၊ ဧပြီလ ၂၀၀၄
စာမူခွင့်ပြု ၈၅၇/ ၂၀၀၃(၁၁)
အုပ်ရေ ၁၀၀၀
တန်ဖိုး ၁၅ဝဝကျပ်

နတ်ကိုးကွယ်မှု သမိုင်း ဆိုခြင်းထက် ယဉ်ကျေးမှု သမိုင်းဟု ဆိုခြင်းက ပိုမှန်မည်ဟု ထင်မိသည်။ မြန်မာပြည်လို ဘာသာရေးကို အခြေခံသော နိုင်ငံတွင် ယဉ်ကျေးမှုနှင့် ဘာသာရေးက ရောနှောနေသည်။ ဤစာအုပ်တွင် မြန်မာတို့၏ ဘာသာရေး ကိုးကွယ်မှုများမှ လူများ ယုံကြည်ကိုးကွယ်နေကြသော နတ်ဒေဝတာများမှာ အိနဿဒိယ ဟိနဿဒူအယူဝါဒမွ နတ်ဒေဝါများ ဖြစ်ကြကြောင်း အထောက်အထား ကျမ်းဂန်စာပေများနှင့် တင်ပြထားသည်။ ဤစာအုပ်မှာ အတွင်း၃ရမင်း အတွင်း၃ရမင်းစသော နတ်များအကြောင်း ရေးထားသော စာအုပ်မဟုတ်သလို ကိုးကွယ်ပသနည်းများကို ရေးသားထားသော စာအုပ်လည်း မဟုတ်ချေ။ သိကြား၊ ဗြဟဿမာ၊ လောကပါလ၊ ဝိသကြုံ၊ မာတလိ၊ အသဿသဝဏ်၊ သူရသဿသတီ စသည့် နတ်များ မြန်မာ့ယဉ်ကျေးမှုထဲသို့ ဝင်ရောက်လာပုံကို သုတေသန ပြုထားသော စာအုပ်ဖြစ်သည်။

ဟိနဿဒူလူမျိုးတို့ အထွတ်အမြတ်ထားသော ဗေဒကျမ်းကြီး လေးကျမ်းကို မဆိုထားနှင့် ဗုဒဿဓဘုရားရှင် ပွင့်တှောမမူခင် ဘီစီ ၁၅၀၀ လောက်က ရေးသားခဲ့သည်ဆိုသော မဟာဘရတ ဇာတ်တှောကြီးတွင်ပင် အဆိုပါ နတ်များအကြောင်းကို တွေ့ရသည်။ မြန်မာ ဗုဒဿဓဘာသာ လောကတွင် ဗြဟဿမာ၊ သျှီဝ၊ ဗိသဿသနိုးတို့ကို သိပ်မတွေ့ရသှောလည်း၊ သိကြား၊ ဝိသကြုံ၊ မာတလိ၊ ဧရာဝဏ်ဆင်၊ အသူရာ၊ သူရသဿသတီ စသည်တို့မှာ အထင်ကရ ကျန်ရှိနေသေးကြောင်း တွေ့ရသည်။ ရှေးခေတ်မင်းများဆိုလျှင် ဗြဟဿမဏ ပုဏဿဏားများကို နန်းတွင်းပရောဟိတ်များအဖြစ် ခန့်ထားကြသည်ကို တွေ့ရသည်။ ပျူခေတ် ယဉ်ကျေးမှု၊ ပုဂံခေတ် ယဉ်ကျေးမှုများတွင်လည်း အဆိုပါ အငွေ့အသက်များ ကူးယှက်ခဲ့သည်ကို တွေ့နိုင်သည်။ အကယ်၍ နတ်ဒေဝါများ ရှိခဲ့လျှင်လည်း အဆိုပါ နတ်ဒေဝါများမှာ အယူဝါဒ နှစ်မျိုး ဘုရားနှစ်ပါးကို ကိုးကွယ်မှု မပြုနိုင်ကြောင်း ချင့်ချိန်စဉ်းစား သင့်သည်။

ဤစာအုပ်သည် ဗြဟဿမဏဝါဒနှင့် ဗုဒဿဓဘာသာအကြား ရောယှက်နေမှုများကို ဖှောပြထားသော စာအုပ်ဖြစ်သည်။ ဘာသာရေး စာအုပ်ပုံစံမျိုး မဟုတ်ဘဲ သုတေသန စာအုပ်ပုံစံသာ ဖြစ်သည်။ ဗြဟဿမဏယဉ်ကျေးမှု အကြောင်းအရာများမှာ အလွန်ကျယ်ပြန့်သည်။ မြန်မာဘာသာ ပြန်ဆိုထားခြင်းများလည်း အလွန်နည်းပါးသည်။ မြန်မာ့ယဉ်ကျေးမှုတွင် အဓိကနေရာမှ ပါဝင်ခဲ့သော ယင်းအကြောင်းများကို ယခုလို သိရသည်မှာ အလွန်တန်ဖိုးရှိသည်။ စာအုပ်မှာ စာမျက်နှာ ၂၄ဝခန့် ရှိသည်။ စာရွက်သားမှာ သာမန်သာ ဖြစ်သည်။ သရုပ်ဖှောပုံများ မပါသည်က ဝမ်းနည်းဖွယ် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဤစာအုပ်သည် အကြောင်းအရာ အားဖြင့် ရှားပါးသော အမျိုးအစားတွင် ပါဝင်သလို စာအုပ် ပြုစုသူကလည်း ထိုဘက်တွင် ကျွမ်းကျင်သည် ဖြစ်သောကြောင့် သိမ်းဆည်း ထားသင့်သော စာအုပ်ဖြစ်သည်။

No comments: