Wednesday, June 20, 2007

Dictionary of South & Southeast Asian Art

စာအုပ်အညွှန်း

အရှေ့တောင်အာရှ အနုသုခုမလက်ရာများ အဘိဓာန်
Dictionary of South & Southeast Asian Art
တောင်ခိုး
ပြည့်စုံစာပေ
အုပ်ရေ ၅၀၀
စာမူခွင့်ပြု ၄၀၁၄၆၁၀၅၁၂
တန်ဖိုး ၃၉ဝဝကျပ်


အာရှနှင့် အရှေ့တောင်အာရှရှိ အနုပညာလက်ရာများနှင့် ပတ်သတ်သော အဘိဓာန် ဖြစ်သည်။ စာအုပ်မှာ ၁၆၂မျက်နှာခန့်သာ ရှိပြီး စကားလုံး ၁ဝဝဝထက် မပိုပါ။ အဘိဓာန်တစ်ခု အနေဖြင့်မူ မစုံလင်ဟု ဆိုရမည် ဖြစ်သှောလည်း အရေးပါ၊ အသုံးများသော စာလုံးများကိုသာ ကောက်နှုတ်ထားသောကြောင့် အသုံးဝင်လှသည် ဟုတော့ ဆိုရမည် ဖြစ်သည်။ အဓိကအားဖြင့် အိနဿဒိယ၊ မြန်မာ၊ တရုတ်၊ ယိုးဒယား၊ ဗီယက်နမ်၊ သီရိလကဿငာ၊ ကေမဿဗာဒီးယား နိုင္ငံမ်ားမွ စကားလံုးမ်ားကို ပြဆိုသည်။ ကောင်းမွန်သော အချက်မှာ သရုပ်ဖှောပုံများ ထည့်သွင်းပေးထားခြင်း ဖြစ်သည်။ ယဉ်ကျေးမှု အနုပညာကို လေ့လာမည်ဆိုလျှင် ဤစာအုပ်ကို ဝယ်ယူထားသင့်သည်။ ဤစာအုပ်မှာ အပြင်တွင် များများစားစား မတွေ့ရပေ။

မြန်မာပြည်တွင် အဘိဓာန်များကို သီးသီးသန့်သန့် တွေ့ရခဲသည်။ စစ်နှင့်ပတ်သတ်သော အဘိဓာန်၊ အနုပညာနှင့် ပတ်သတ်သော အဘိဓာန်၊ ဘာသာရေးနှင့် ပတ်သတ်သော အဘိဓာန်၊ ရှေးထုံးစဉ်လာများနှင့်ပတ်သတ်သော အဘိဓာန်၊ ယဉ်ကျေးမှုဓလေ့စရိုက်များနှင့် ပတ်သတ်သော အဘိဓာန်၊ သမိုင်းနှင့် ပတ်သတ်သော အဘိဓာန်၊ လူပုဂဿဂိုလ်များနှင့် ပတ်သက်သော အဘိဓာန်၊ ကျန်းမာရေးနှင့် ပတ်သတ်သော အဘိဓာန် စသည်စသည်ဖြင့် သီးခြားစီ ရှိသင့်သည်။ မြန်မာစာပေတွင် ထိုသို့သော အဘိဓာန်များ အနည်းငယ် ရှိသှောလည်း မပြည့်စုံ မစုံလင်လှချေ။ မှတ်သား စုဆောင်းထားရှိသော အဘိဓာန်စာရင်းကို ပူးတွဲ ဖှောပြလိုက်ပါသည်။

1. ဦးဟုတ်စိန် ပါဠိ-မြန်မာအဘိဓာန်*
2. မင်းလှစံမြင့် စံမြင့်မှတ်စု
3. ဦးသုခ သုခမှတ်စု
4. မြန်မာစာအဖွဲ့ မြန်မာအဘိဓာန်*
5. ယဉ်ကျေးမှုဝန်ကြီးဌာန မြန်မာ့အနုသုခုမအဘိဓာန် *
6. ဒေါက်တာရီရီ သုတေသနအဘိဓာန်များမှတ်စု
7. ဦးသိန်းလှိုင် ခေတ်ဟောင်းမြန်မာ့သမိုင်း သုတေသန အဘိဓာန်*
8. ဦးမောင်မောင်တင် ရွှေနန်းသုံးဝေါဟာရအဘိဓာန်
9. တောင်ခိုး အရှေ့တောင်အာရှအနုသုခုမလက်ရာများအဘိဓာန်
10. စဝ်ထွန်းမှတ်ဝင်း မြန်မာ့ရိုးရာပဋိမာသိပဿပံပညာ*
11. တိုက်စိုး ယဉ်ကျေးမှု အထိမ်းအမှတ်များ
12. သီရိဥဇနာ လောကဗျူဟာ
13. ရှင်နာဂသိန် ပုံပြဆေးအဘိဓာန်*
14. အရှင်ဩဘာသာဘိဝံသ သုတေသန သရုပ်ပြ အဘိဓာန်


*အမှတ်အသား ပြထားသော အဘိဓာန်များမှာ အတှောပြည့်စုံသည်ဟု ဆိုရမည့် အဘိဓာန်များ ဖြစ်သှောလည်း ကျန်စာအုပ်များမှာ မပြည့်စုံလှပါ။

No comments: