Wednesday, June 20, 2007

Buddha and Myanmar

ဦးလှသိန်းထွဋ်၏ ဗုဒဿဓနှင့် မြန်မာလူမျိုး ဟူသော စာအုပ်ကို ဖတ်ဖြစ်သည်။ အဓိက ဦးတည်ချက်မှာ ဘုရားရှင်သည် အိနဿဒိယ ဒေသက ဖြစ်သှောလည်း ကုလားလူမျိုး မဟုတ်၊ မြန်မာအမျိုးသာ ဖြစ်သည်ဟု ဆိုလိုရင်း ဖြစ်သည်။

ကျွန်တှော သိသလောက် နီပေါလူမျိုးများနှင့် မြန်မာလူမျိုးများသည် ရုပ်ရည်အားဖြင့် တူကြသည်။ ဘာသာစကား အားဖြင့်လည်း သိပ်မကွဲပါ။ စကားလုံး တှောတှောများများပင် ဆင်ဆင် တူကြသည်။ တူမည်ပေါ့ မွန်ဂိုလွိုက် မျိုးနွယ်စုကြီးမှ ဆင်းသက်သည်ချည်းကိုး။ မြန်မာနိုင်ငံတွင် အဓိက လူမျိုးနွယ်စုကြီး နှစ်ခု ရှိသည်။ တစ်ခုက မွန်ဂိုလွိုက်မျိုး၊ တစ်ခုက မွန်ခမာမျိုး ဖြစ်သည်။ မွန်ဂိုလွိုက် အမျိုးများသည် တိဘက်-မြန်မာစကား ပြောကြသူများ ဖြစ်သည်။ မွန်ခမာ အနွယ်ဝင် ယိုးဒယား၊ ရှမ်း၊ မွန်တို့သည်လည်း စကားဆင်သည်ကို တွေ့ရမည် ဖြစ်သည်။ အိနဿဒိယတွင် ယခင်က ဒြာဗီးဒီးယန်းများသာ နေထိုင်ကြသည်။ နောက်ပိုင်း အာရိယန်များ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။ လူများစွာ သိကြသော ရာမမင်းသည် အာရိယန် ဖြစ်သည်။ ဒသဿသဂီရိသည် ဒြာဗီးဒီးယန်း ဖြစ်သည်။

ဘုရားရှင် လက်ထက်က အိနဿဒိယ၏ အင်အားကြီးမားသော တိုင်းကြီး ၁၆တိုင်းတွင် သာကီမင်းတို့၏ နယ်မြေများ မပါဝင်ခဲ့။ သာကီဝင်များ အမြစ်ပြတ် သုတ်သင် ခံရသောအခါ နေရာအနှံ့သို့ တိမ်းရှောင် ကြရသည်။ ထိုသို့ တိမ်းရှောင်ရင်းမှ ယင်းသာကီဝင် မင်းဆက်တစ်ပါးက မြန်မာပြည်တကောင်းတွင် အခြေချ နေထိုင်ရာမှ မြန်မာလူမျိုးများ စတင်သည်ဟု ဆိုသည်။ အသစ်တွေ့ရှိချက်များအရ ပုံတောင်ပုံညာ ဒေသတွင် ရှေးဦးလူများ နေထိုင်ခဲ့ကြကြောင်း သိရှိရသည်။ ထိုသို့ဆိုလျှင် ထိုယောနယ်တဝိုက်ရှိ တောင်သားလူမျိုးများသည် ရှေးဦးမြန်မာ အဆက်အနွယ်များ ဖြစ်နိုင်သည်။ လေ့လာကြည့်သောအခါ တောင်သားစကားသည် အလွန်ရှေးကျသော မြန်မာစကား တစ်မျိုး ဖြစ်နေသည်ကို တွေ့ရသည်။ ထိုအချိန်တွင် မွန်ဒေသတွင်လည်း မွန်ခမာနွယ်များ ရောက်ရှိနေကြပြီး ဖြစ်သည်။ ဒေါက်တာသန်းထွန်း ပြောသည့် ပျူတွေ ဘယ်ပျောက်ကုန်သလဲ ငါဒီမှာဟေ့လို့သာ အှောလိုက်ချင်သည် ဆိုသောစကားမှာ လွန်စွာမှ မှန်ကန်သော စကားဖြစ်သည်။ သွေးရောကုန်ခဲ့ပြီး ဖြစ်သည်။ ရှေးခေတ်အဆက်ဆက်က မြန်မာကြီးများပုံကို ဓါတ်ပုံများတွင် မြင်ရသည့်အခါ လွန်စွာ အသားမည်းသည်ကို တွေ့ရသည်။ ယခု မြန်မာများကတော့ အသားဖြူလာကြပြီ။

သာကီဝင်တို့သည် သူတစ်ပါး အမျိုးနှင့် သွေးနှောခဲသည်။ အမျိုးအချင်းချင်းသာ ပြန်ယူသည်က များသည်။ သာကီဝင် တစ်ပါးတည်း ပျူနိုင်ငံတှော ထူထောင်ပြီး မြန်မာလူမျိုး ဖြစ်လာသည်မဟုတ်။ ရခိုင်တွင်လည်း သာကီဝင်မင်း တစ်ပါး အုပ်စိုးကာ နေထိုင်ခဲ့ဖူးသည်။ နှမဝမ်းကွဲ တစ်ယောက်ဖြင့် လက်ဆက်ကာ အမျိုးဆက် ပြန့်ပွားစေခဲ့ဖူးသည်။ မြန်မာရာဇဝင်က မင်းများကတော့ တရုတ်မင်းသမီးလည်း ယူသည်။ ကုလားမင်းသမီးလည်း ယူသည်။ မွန်မင်းသမီးလည်း ယူသည်။ အစုံစားများဖြစ်သည်။ သာကီမျိုးဆိုလျှင် အစုံမစားနိုင်။

အဆိုပါစာအုပ်သည် ဗဟုသုတရသှောလည်း အလွန်အစွန်းရောက်သည်ဟု ထင်မိသည်။ ဘုရားရှင်နှင့် မြန်မာလူမျိုးများကို အမျိုး မတှောတှောအောင် စပ်ပြထားသည်။ အထောက်အထားများ တင်ပြထားသှောလည်း သူတင်ပြထားသည်များမှာ ဒေါက်တာသန်းထွန်း၏ သမိုင်းများလို သုတေသန အထောက်အထားများ မဟုတ်ကြပါ။ အချုပ်ဆိုရလျှင် ဘုရားရှင်သည် မြန်မာလူမျိုး မဟုတ်။ မြန်မာတို့နှင့် မွန်ဂိုလွိုက် အနွယ်တူသာ ဖြစ်သည်။ မြန်မာတို့သည် သွေးများစွာ နှောခဲ့ပြီး ဖြစ်သည်။

No comments: