Wednesday, June 20, 2007

ဆင်ယင်ထုံးဖွဲ့မှု

စာအုပ်အညွှန်း

ဆင်ယင်ထုံးဖွဲ့မှု
ဆရာတှောရွှေကိုင်းသား
လူထုစာအုပ်တိုက်
တတိယအကြိမ်၊ ၂၀၀၅
စာမူခွင့်ပြု ၇၈၉/ ၂၀၀၄ (၈)
အုပ်ရေ ၁၀၀၀
တန်ဖိုး ၁၅၀၀


ဆရာတှော ရွှေကိုင်းသားသည် ယဉ်ကျေးမှုနှင့် ပတ်သတ်သော သုတေသန၊ အထောက်အထားများကို အများအပြား ရှာဖွေ လေ့လာ ရေးသားခဲ့သူ ဖြစ်သည်။ ဤဆင်ယင်ထုံးဖွဲ့မှု စာအုပ်တွင် ပျူခေတ်မှစကာ လွတ်လပ်ရေး ခေတ်ဦးအထိ ပြောင်းလဲလာသော ဝတ်စားဆင်ယင်မှုများကို တင်ပြထားသည်။ ရှေးခေတ် အခှေါအဝှေါများကိုလည်း ရှင်းလင်းထားသည်။ သရုပ်ဖှောပုံ များစွာကိုလည်း ဆရာတှောကိုယ်တိုင် ရေးဆွဲထားသည်။ ဆရာတှောသည် သာသနာ့ဘောင်သို့ မဝင်မီက ရှေးဟောင်းသုတေသန ဌာနတွင် ဓာတ်ပုံဆရာ၊ ပုံဆွဲဆရာအဖြစ် အမှုထမ်းခဲ့ ဖူးသောကြောင့် ဆရာတှော၏ မှတ်တမ်းများမှာ စေ့စပ်သေချာလှသလို ရုပ်ပုံများကလည်း ပီပြင်လှသည်။ ဆရာတှောသည် ဤစာအုပ်ဖြင့် ၁၉၅၁ခုနှစ်တွင် သုတပဒေသာ စာပေဗိမာန်ဆုကို ရရှိခဲ့သည်။

ရုပ်တုများ၊ ရုပ်ကြွများ၊ နံရံဆေးများ၊ ပန်းချီများကို လေ့လာသည့်အခါ ထိုအရာများမှ ဝတ်စားဆင်ယင်မှုကို အထူးသတိထား လေ့လာကြရသည်။ ပျူခေတ်ဝတ်စားပုံနှင့် ပုဂံခေတ် ဝတ်စားပုံ မတူကြချေ။ ပုဂံခေတ် ဝတ်စားပုံနှင့် အင်းဝခေတ် ဝတ်စားပုံသည်လည်း အများကြီး ပြောင်းလဲသွားသည်။ ဝတ်စားဆင်ယင်မှုကို ကြည့်ပြီးတော့လည်း မည်သည့် ယဉ်ကျေးမှု လွှမ်းမိုးခံရချိန် ဖြစ်ကြောင်း ယေဘုယျ သိရှိနိုင်သည်။

ယင်းစာအုပ်မှာ မြန်မာယဉ်ကျေးမှုကို လေ့လာလိုသူများ စုဆောင်းထားသင့်သော စာအုပ်ဖြစ်သည်။ စာအုပ်ဈေးမှာ လူတိုင်းအတွက် သင့်တင့်ပြီး အမှန်စင်စစ် အထဲမှ အကြောင်းအရာများမှာ ထိုတန်ဖိုးထက် အဆမတန် ပိုပေသေးသည်။ ဆရာတှော ကိုယ်တိုင်ဆွဲသားသော ပန်းချီများစွာကပင် စုဆောင်းသူများအတွက် အဖိုးမဖြတ်နိုင်အောင် ဖြစ်ပေသည်။ စာအုပ်စင်တွင် ဂုဏ်ယူစွာ တင်ထားသင့်သော စာအုပ်တစ်အုပ်ပင် ဖြစ်သည်။

ပူးတွဲဖတ်ရှုသင့်သောစာအုပ်များ

စောမုံညင်း မြန်မာအမျိုးသမီးများဝတ်စားဆင်ယင်ပုံ

No comments: