Wednesday, June 20, 2007

မျက်ကန်းမြို့တှော

မျက်ကန်းမြို့တှော


ရှောရိနေတဲ့ တိမ်တွေ ပြိုကျသောအခါ
ကိုယ်တစ်ခုလုံး စိုရွှဲသွားတာကို မိုးလို့ခှေါသတဲ့
မလိုအပ်ဘဲ ရောက်လာတတ်သူနဲ့
လိုအပ်သူအတွက် ရောက်မလာတတ်တဲ့ သူမအတွက်
ထီးတစ်လက်လည်း လက်ဆောင်ပေးချင်တယ်
မိုးဟာကောင်းကင်ပှေါက ကျလာတာဆိုတော့
ကောင်းကင်ဟာ ပင်လယ်ပြင်ကြီးပေါ့လို့ သူမပြောတဲ့အခါ
ပင်လယ်တွေ မရွာသွန်းတတ်တဲ့အကြောင်း
ကျွန်တှောပြောပြချင်ခဲ့တယ်
ဒါပေမယ့် ပြောမပြဖြစ်ခဲ့ဘူး
တစ်ရက်တော့ တောင်အမြင့်ကြီးတစ်ခုဆီ
ကျွန်တှောတို့ တက်ခဲ့တယ်
ခြေဖဝါးတွေလည်းအက်ကွဲ
ယိုင်လဲတော့မယ့် အခြေအနေအထိ
ကျွန်တှောတို့ တက်ခဲ့တယ်
တိမ်တွေက ကျွန်တှော့ကို လာထိတယ်
သူမကတော့ ထိတ်ထိတ်ပြာပြာနဲ့
ဟိတ်ဘယ်သူလဲလို့ မေးတယ်
တိမ်တွေပေါ့လို့ ကျွန်တှောပြောပြီး
သူ့နှုတ်ခမ်းဖျော့ဖျော့လေးကိုနမ်းတဲ့အခါ
ဒီနေ့တော့ မှတ်မှတ်ယယ ကြက်သီးတွေထလိုက်တာ ခဏခဏပဲလို့
မျက်လုံးလေးဝိုင်းပြီး ပြောခဲ့တာကို
ကျွန်တှောဘယ်တော့မှ မမေ့ဘူး။


NLS
20 June, 2007

No comments: