Thursday, October 12, 2006

Wikimapia

ဒီရက်ပိုင်းမှာ ကျွန်တှောဟာ ဂူဂယ်လ်အတ်နဲ့ ချိတ်ဆက်ထားတဲ့ Wikimapia ကို မွှေနှောက်ရင်း ကျွန်တှော သိတဲ့ ဒေသတွေ နေရာတွေကို ထည့်သွင်းတယ်။ မှားရေးထားတာတွေ ကို ပြင်တယ်။ အတည်ပြုရမှာတွေကို ပြုတယ်။ ဒါဟာ နောက်လာမယ့် ဂူဂယ်လ်အတ် မြေပုံ အသစ်အတွက် အများကြီး အထောက်အကူ ဖြစ်လာမှာပါ။ အမှန်ကတော့ ကျွန်တှော့ အလုပ် မဟုတ်ပါဘူး။ အားလို့ ထိုင်လုပ်နေတာပါ။ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောလို့ ရသလို ဆိုင်တယ်လို့လည်း ပြောရပါတယ်။ ဘာလို့လည်းဆိုရင် အဲလို ထည့်သွင်းခြင်းအားဖြင့် ဂူဂယ်လ်အတ်က မြေပုံကို အပ်ဒိတ် လုပ်တဲ့အခါ အဲဒီနေရာတွေဟာ အဓိက ပါဝင်လာမှာပါ။ ကျွန်တှောတို့ မြန်မာတွေထဲမှာ အဲလို ဝင်ရောက် ရေးသားသူ နည်းပါးတဲ့အတွက် ကျွန်တှောတို့ နိုင်ငံကို ကြည့်လိုက်ရင် ဒေတာတွေက တှောတှော ရှားပါးတာ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တှောလည်း အပျင်းပြေ၊ နောင်အခါ သူများတွေလည်း အကျိုးရှိအောင် အားအားယားယား လုပ်နေမိတာပါ။ သူက နေရာတစ်ခုကို ထည့်သွင်းတဲ့အခါ အခြားသူများ ဆီကနေ အတည်ပြုချက် တောင်းခံပါတယ်။ ဥပမာ- ကျွန်တှောက ပင်းတယ ရွှေဥမင် နေရာကို ထည့်သွင်းပေးလိုက်ရင် အခြားသူများက အတည်ပြုပေးရပါတယ်။ မှားနေရင်လည်း ပြင်ပေးလို့ရတယ်။ ကိုယ့်အိမ်နေရာတွေ ကျောင်းတွေကိုလည်း သတ်မှတ်ပေးလို့ရတယ်။ ဒီအချက်တွေက နောက် ဗားရှင်း ထွက်လာတဲ့အခါ ပါဝင်လာနိုင်ပါတယ်။ ဂူဂယ်အတ် သုံးသူတွေအနေနဲ့ ဒီ ဝီကီမပ်ပီယာနဲ့ တိုက်ရိုက် တွဲသုံးနိုင်ဖို့  ဒီဂူဂယ်လ်အတ် အဒ်အင် ဖိုင်လေးကိုတော့ ထည့်ပေးရမှာ ဖြစ်ပါတယ်။ [Wikimapia KML] ဒါသွင်းပြီးသွားရင် wikimapia မှာပြင်သမျှ ဂူဂယ်လ်အတ်မှာ တိုက်ရိုက် ပြပေးသွားပါလိမ့်မယ်။



ဥပမာ ဒီပုံက ကျွန်တှော ဝီကီမပ်ပီးယားမှာ မြစ်ကြီးနားက ဗလမင်းထင် တံတားကို သတ်မှတ်ပေး ထားတာပါ။ ဒါပေမယ့် ဒါကို အတည်မပြု ရသေးပါဘူး။ အခြားသူများက အတည်ပြုပြီးသွားရင် သူ့ရဲ့ ဒေတာတွေဟာ ဂူဂယ်လ်အတ်မှာ ပှေါလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကွန်နက်ရှင် ကောင်းတဲ့သူတွေ စိတ်ဝင်စားသူတွေ ပါဝင် ထည့်သွင်း အတည်ပြုပေး သင့်ပါတယ်။


Technorati Tags: ,

No comments: