Sunday, October 15, 2006

100 Bloggers in Myanmar Blog Directory


ဒီနေ့ မြန်မာဘလော့ခ် လမ်းညွှန်မှာ စုစုပေါင်း ၁၀၀ ပြည့်တယ်။ တချို့သူတွေလည်း ထည့်ချင်လား မထည့်ချင်လား မသိလို့ ထည့်မထားသေးဘူး။ မနှစ်က ဒီအချိန်ဆို မြန်မာဘလော့ခ် ၁ဝခုတောင် မရှိဘူးထင်တယ်။ အခု တှောတှော များလာတယ်။ အကုန်လုံး မဖတ်ဖြစ်ပါဘူး။ ကိုယ်နဲ့ အပ်စပ်တာတွေ လောက်ပဲ ဖတ်နိုင်တော့တယ်။ နောက်ဆိုလည်း အွန်လိုင်း ဒီလို သုံးနိုင်တော့မှာ မဟုတ်ဘူး။ ဘလော့ခ်တွေ ရေးရင်းနဲ့ သူငယ်ချင်း တွေလည်း ရတယ်။ နိုင်ငံအရပ်ရပ်က မြန်မာအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် အတွေးအမြင်ချင်းလည်း ဖလှယ်နိုင်တယ်။ ကိုယ်စိတ်ဝင်စားရာ ကိုယ်နဲ့ အပ်စပ်ရာ ဘလော့ခ်ကို လွယ်လွယ် ရှာဖွေဖတ်နိုင်တယ်။ နောင်အခါ ဝဘ်ဆိုဒ်နဲ့ အတည်တကျ ဒါရိုက်ထရီ လုပ်မယ့်သူ ပှေါလာရင်လည်း အလွယ်တကူ မြန်မာဘလော့ခ်ဂါတွေကို စုစည်းလို့ရမယ်။ အနည်းဆုံးတော့ ကိုယ့်ဘာသာ စကားနဲ့ ရေးထားတာကို အပျင်းပြေ ဖတ်လို့ရမယ် ပေါ့ဗျာ။ ဘာပဲ ဖြစ်ဖြစ် တစ်ခုခု ရတယ်ဆိုရင် ကျွန်တှောလည်း ပျှောရွှင်ပါတယ်။

မြန်မာဘလော့ခ် တစ်ခု လုပ်ရတာ မခက်ပါဘူး။ ကိုယ့်အတွက် အမှတ်တရ ဖြစ်သလို စိတ်ကူးလေးတွေ ခံစားချက်တွေလည်း ချရေးနိုင်တယ်။ တချို့တွေကတော့ နာမည်ဝှက်တွေနဲ့ ရေးကြတယ်။ ကျွန်တှောကတော့ ဘိုင်အိုဂရပ်ဖီ တစ်ခုအနေနဲ့ နာမည်သုံးပြီး ရေးဖြစ်တယ်။ အဲဒီအတွက် ကျွန်တှော အသက်ရှိထင်ရှား ရှိနေသမျှ ကျွန်တှော ရှိနေသေးတယ်ဆိုတာ အဝေးက ကျွန်တော့ သူငယ်ချင်းတွေ သိနိုင်တယ်။ ကျွန်တှောနဲ့ အဆက်အသွယ် ပြတ်နေသူတွေ ပြန်ရတယ်။ ပျောက်သွားတဲ့ သူငယ်ချင်းတွေလည်း ပြန်တွေ့တယ်။ ကျွန်တှော သေသွားရင်တောင် ဂူဂယ်လ် ရှိနေသမျှ နောင်တစ်ချိန် လူတစ်ယောက်က မှားယွင်းပြီး ဒီနာမည်ကို ရိုက်မိရင် ဒီဆိုဒ်လေးက ပှေါလာမှာပဲ။ ဒီကမဿဘာပှေါမှာ ကျွန်တှော ရှိခဲ့ဖူးတယ် ဆိုတာကိုတော့ မှတ်တမ်း တင်ထားခဲ့ချင်လို့ပါ။ မြန်မာဘလော့ခ် လုပ်လိုသူတွေ ဒီနေရာမှာ နည်းစနစ်တွေ ရှိပါတယ်။ [Click]။ မခက်ခဲပါဘူး။ အခြား မြန်မာ ဘလော့ခ်ဂါတွေကို ရှာဖွေရင်း ကိုယ့်ဘလော့ခ်ကို တစ်နေရာတည်းမှာ စုထားချင်တယ် ဆိုရင်တော့ ဒီနေရာမှာ တင်ထားနိုင်ပါတယ်။ [Directory]။ ပျှောရွှင်ပါစေ။


Technorati Tags: , ,

No comments: