Saturday, October 7, 2006

07.10.2006

ငါ့ဘဝမှာ ငါ့ဘာသာ အဆင်ပြေအောင် နေနေတဲ့ အချိန်မှာ အနေကျပ်အောင် လုပ်တဲ့သူ အားလုံးကို မုန်းတယ်။ တမြေ့မြေ့ကို မုန်းတယ်။ သောက်စကား များတဲ့ သူတွေကိုလည်း မုန်းတယ်။ ငါ့ခြေထောက် တွေကိုလည်း မုန်းတယ်။ ငါ့ကိုယ်ငါ အမုန်းဆုံးပဲ။ တစ်ခါတစ်လေ တစ်ယောက်တည်း ရောက်ရာပေါက်ရာ လျှောက်သွား ပစ်လိုက် ချင်တော့တယ်။ အမေတို့ ရှိနေသေးလို့။ သူတို့ မရှိတော့တဲ့ တစ်နေ့မှာ ကျွန်တှော ထွက်သွားမယ်။ အမတစ်ယောက်က ပြောတယ်။ ညီလင်းဆက်က လိမဿမာတယ်။ ဆိုးချင်နေတာ။ ကိုယ့်ဘာသာကိုယ် ဆိုးအောင် လုပ်နေတာတဲ့။ အမရယ် ဘယ်သူကတော့ ဆိုးသွမ်း ချင်ပါ့မလဲ။ ဒါပေမယ့် ကျွန်တှော သိပ်မွန်းကြပ်တယ်။ မွန်းကြပ်တာတွေ ကိုလည်း ပြောမထွက်ဘူး။ ကိုယ်ကိုယ်တိုင်လည်းပူ သူများကိုလည်း ပူစေတဲ့ လူနာတစ်ယောက် မဖြစ်ချင်ဘူး။ ကျွန်တှောဟာ ကိုယ့်ကိုကိုယ် နတ်ဆိုး တစ်ကောင်လို ထင်မြင်နေမိတယ်။ အဲဒီအတွက် ဖြေသိမ့်မှု ရလိုရငြား သူများတွေ အကျိုးရှိမယ့် အရာလေးတွေ ကျွန်တှော ကြိုးစားလုပ်တယ်။ မနေ့က စာလေး တစ်ပုဒ် ဖတ်ရတယ်။

ဂဂဿငါမြစ်ဆိပ်မှာ သူတှောစင်တစ်ပါး ရေချိုးနေတယ်တဲ့။ အဲဒီအချိန်မှာ မြစ်ထဲမှာ ကင်းမြီးကောက် တစ်ကောင် မျောနေတာကို သူမြင်လိုက်ရတယ်။ သူဟာ ကင်းမြီးကောက်ကို လက်နဲ့ ဖမ်းဆယ်ပြီး ကယ်ဖို့ ကြိုးစားတယ်။ ကင်းမြီးကောက်ကလည်း သူ့ကို အနဿတရာယ် ပြုမယ်ထင်လို့ လက်ကို ပြန်ကိုက်တယ်။ အဲဒီတော့ ရေထဲကို ပြုတ်ကျသွားပြန်တယ်။ သူတှောစင်ဟာ ထပ်မံပြီး ဆယ်တယ်။ ကင်းမြီးကောက်ကလည်း ထပ်ပြီး ကိုက်တယ်။ ဒီလိုနဲ့ ဆယ်လိုက် ကိုက်လိုက် ရေထဲ ပြုတ်ကျလိုက်နဲ့ နောက်ဆုံး ကင်းမြီးကောက်ဟာ ကုန်းပှေါကို ရောက်သွားပြီး အသက်ရှင်သန် သွားတော့တယ်။ အဲဒါကို မြင်နေကြရတဲ့ ဘေးနားက ရေချိုးသူတွေက ဘာဖြစ်လို့ အနာခံပြီး ကိုယ့်ကို ကိုက်နေတဲ့ ကင်းမြီးကောက်ကို ကယ်ရသလဲလို့ မေးကြတယ်။ အဲဒီအခါ သူတှောစင်က
ကိုက်တာဟာ ကင်းမြီးကောက် အလုပ်မို့ သူအလုပ် သူလုပ်တာ ဖြစ်ပြီး၊ မိမိကလည်း သူတှောစင်မို့ သတဿတဝါ တစ်ကောင်ရဲ့ အသက်ကို ကယ်တင်ခြင်းနဲ့ မိမိအလုပ်ကို မိမိလုပ်တာ ဖြစ်တယ်လို့ ပြန်ပြောပါတယ်။
ကျွန်တှော တွေ့ခဲ့ရတဲ့ လူတွေကတော့ ကိုယ့်အလုပ် ကိုယ်မလုပ်ကြဘဲ သူများကို ပတ်သတ်ကြတယ်။ သူများ အကြောင်းဆို အာပေါင် အာရင်းသန်သန် ပြောကြတယ်။ ကိုယ့်အပူကို သူများအပူ လုပ်တတ်တယ်။ သူ့အကြောင်းတရားကို ကိုယ့်အကြောင်းတရား ဖြစ်အောင် လုပ်တတ်ကြတယ်။ ကြင်နာသနား တတ်သူကို ရုန့်ရင်း ကြမ်းတမ်းအောင် လုပ်တတ်ကြတယ်။ နေရထိုင်ရတာ သိပ်မွန်းကြပ်တယ်။ အခုလောလောဆယ် စိတ်ထဲရောက်နေတဲ့ သီချင်းနှစ်ပုဒ်က တွံတေးသိန်းတန်ရဲ့ ပန်းနွယ်ကစိမ်းနဲ့ ဦးသုခရဲ့ ဘဝသံသရာ။ အောက်တိုဘာ ရောက်လာပြန်ပြီ။ ဒီရာသီကို ကျွန်တှော တှောတှော ကြောက်တယ်ဗျာ။

No comments: