Thursday, September 21, 2006

Homer's Iliad and Odyssey Download



ပျင်းပျင်း ရှိတာနဲ့ အီးဘွခ်တွေ လိုက်ရှာရင်းက ပထမဆုံး အိလျဒ်ကို ရပါတယ်။ အဲဒါနဲ့ ဆက်ရှာတော့ ဟိုမားရဲ့ ဩဒေးဆယျုကို ထပ်ရပါတယ်။ ဩဒေးဆယျုကို လက်တင်ဘာသာနဲ့ ယူလစ်ဆီးလို့ ခှေါပါတယ်။ (မှောဒန်စာပေမှာ နာမည် ကြီးလွန်းတဲ့ ဂျိမ်းဂျိုက်စ်ရဲ့ စာအုပ်ကိုလည်း အမှတ်ရ ကြမှာပါ) အိလျဒ်က ထရိုဂျန် စစ်ပွဲအကြောင်း ရေးဖွဲ့ထားတဲ့ အီပစ် ကဗျာကြီး ဖြစ်ပြီးတော့ ဒါကတော့ ထရိုင်မြို့ကြီး ပျက်ဆီးအပြီး သူရဲကောင်း ဩဒေးဆယျုရဲ့ အပြန်လမ်း ရေကြောင်းခရီးမှာ ကြုံတွေ့ရတဲ့ ထူးခြားဆန်းပြား ဖြစ်ရပ်များကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ ဩဒေးဆယျုဟာ နာမည်ကျှော ထရိုဂျန် မြင်းရုပ်ထဲမှာ ဝင်နေခဲ့သူ များထဲက တစ်ယောက် ဖြစ်ပါတယ်။ သူ့အပြန်လမ်း ၁ဝနှစ်ကျှော ခရီးမှာ သူဟာ ဂရိ နတ်ဘုရားများ၊ မိစဿဆာများ၊ နတ်မိမယ်လေးများနဲ့ တွေ့ခဲ့ရပြီး ဖြစ်ရပ်ဆန်းပေါင်း များစွာ ကြုံခဲ့ရတယ်။ ဒီစာအုပ်များဟာ တကယ် ဖတ်လို့ကောင်းတဲ့ စာအုပ်တွေ ဖြစ်ပါတယ်။ ကျွန်တှောကတော့ ဆမ်မြူရယ်လ် ဘတ်တလာ ဘာသာပြန် ထားတာကိုပဲ ရွေးသိမ်းထားတယ်။ ဂရိ ဒဏဿဍာရီတွေဟာ အရမ်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါကြောင့်လည်း အနောက်တိုင်း စာပေမှာ ဒီနေ့အထိ အလေးထား သင်ကြားလေ့လာ နေကြတာပါ။ စိတ်ဝင်စားရင် နေ့တစ်မြန်မာ ဖိုရမ်မှာ လာရောက် ပါဝင် ဆွေးနွေး ဖတ်ရှု နိုင်ပါတယ်။ အောက်က ဖိုင်မှာ စာအုပ် နှစ်အုပ်စလုံး ပေါင်းထားပါတယ်။


Download : Iliad and Odyssey [2Ebooks][pdf][2Mb]
Password : http://nyilynnseck.blogspot.com


Technorati Tags: , , , , , ,

No comments: