Friday, September 22, 2006

Google Picasa Web Album



ဂူဂယ်လ်က ပီကာဆာ ဝဘ်အလ်ဘမ်ကို အခမဲ့ ပေးသုံးလိုက်ပါပြီ။ အရင်ကလို အင်ဗိုက်တေးရှင်း စောင့်နေစရာ မလိုတော့ပါဘူး။ ဂူဂယ်လ် အကောင့် ရှိသူတိုင်း ရယူနိုင်ပါပြီ။ ဒီဝဘ် အယ်လ်ဘမ်မှာ ပရိုက်ဗိတ်နဲ့ ပဘ်ဗလစ် ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ကိုယ်သူများကို မပြချင်တဲ့ ပုံဆိုရင် သိမ်းထားလို့ ရတယ်။ ကိုယ့်သူငယ်ချင်းတွေရဲ့ အယ်လ်ဘမ် တွေကိုလည်း ချိတ်ဆက်ထားလို့ရပြီး သူတို့ အပ်ဒိတ် လုပ်တိုင်း ကိုယ့်ဆီမှာ ပှေါလာပါတယ်။ ၂၅၀ မက်ဂါဘိုက်အထိ အခမဲ့ ပေးသုံးထားပါတယ်။ ဒီဝဘ်အယ်ဘမ်ကို ပီကာဆာ ဖိုတိုဆော့ဖ်ဝဲလ်နဲ့ တွဲဖက်ပြီးတော့လည်း သုံးနိုင်ပါတယ်။ ကိုယ့် အကောင့်နဲ့ အယ်လ်ဘမ် ရယူပြီးရင် ကိုယ်ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေ ဝေငှပါဦးလို့ ဖိတ်ခှေါပါတယ်။ ကျွန်တှော့ အယ်လ်ဘမ်ကိုတော့ ဒီနေရာမှာ ကြည့်ရှု နိုင်ပါတယ်။ စကားမစပ် မြန်မာပြည်ကြီးမှာ ဘာလို့များ အလကားရတဲ့ ဂူဂယ်လ်ကို တားဆီးထား သလဲဆိုတာ စဉ်းစားလို့တောင် မရပါဘူးဗျာ။ အလကား ရတဲ့ဟာတွေကိုတောင် အလကား မသုံးရတဲ့ ကျွန်တှောတို့ လူမျိုးတွေအစား ရင်နာမိတယ်။


Technorati Tags: ,

No comments: