Thursday, September 14, 2006

မွန်းကျပ်မှုများအကြောင်း

တစ်ခါတစ်ရံမှာ ပြောလို့ မရတဲ့ စကားတွေကို ပြောလို့ရတဲ့ သူတစ်ယောက်ကို ပြောပြချင်ပေမယ့် ပြောမပြနိုင်တဲ့ အကြောင်းတွေက ရှိနေပြန်တယ်။

တစ်ခါတစ်ရံမှာ ကိုယ်က ကောင်းချင်ပေမယ့် မကောင်းတဲ့ သူတွေကြောင့် ကိုယ့်ရဲ့ ကောင်းချင်စိတ်လေးဟာ မကောင်းမှုဘက်ကို ရောက်သွားရတယ်။

တစ်ခါတစ်ရံမှာ ပျှောရွှင်ချင်ပေမယ့် မျက်စိမှိတ်လိုက်တိုင်း ဘာမှ မရေရာတော့ စိတ်တွေက နောက်ကျိလာ ဘယ်သူ့ကိုမှ စိတ်မညစ် စေချင်တဲ့အခါ ကိုယ့်ဘာသာပဲ စိတ်ညစ် ခံလိုက်တယ်။

တစ်ခါတစ်ရံမှာ လူတွေကို အပြစ်တင်လိုက် ချင်ပေမယ့် သေချာ စဉ်းစားမိတော့ လွဲမှားတဲ့ငါသာ အပြစ်ပိုများလာ၊ ငါ့ကိုငါပဲ အပြစ်တွေ ဆိုနေမိတော့တယ်။

No comments: