Tuesday, September 12, 2006

Advanced Biorhythms



တစ်ခါတစ်လေမှာ ခင်ဗျားက ကိုယ့်ချစ်သူ၊ ဒါမှမဟုတ် သူငယ်ချင်းကို ခံစားချက် မုဒ်အပြည့်နဲ့ တစ်ခုခု သွားပြောမယ်။ ဒါပေမယ့် ဟိုဘက်က တုန့်ပြန်မှုက အေးစက်စက်နဲ့ အသက်မဲ့ နေမယ်ဆိုရင် ခင်ဗျားတို့ ဘယ်လို ခံစားရမလဲ။ ကိုယ်က ကောင်းကောင်း ပြောနေတာကို ဟိုဘက်က ဘုကလန့် လုပ်တယ်လို့ ထင်မလား။ တကယ်တော့ ဘယ်သူမှ မမှားပါဘူး။ လူတိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့ ခံစားချက် အနိမ့်အမြင့်တွေ ရှိနေတယ်။ တစ်ချို့ အချိန်တွေမှာ အရမ်းနူးညံ့ နေတတ်ပြီး တစ်ချို့ အချိန်တွေ မှာတော့ စာအကြောင်း ပေအကြောင်း အလုပ်အကြောင်းတွေပဲ စိတ်ထဲရှိနေ တတ်ကြတယ်။ အဲဒီလို ဖြစ်တတ်တဲ့ နေ့တွေကိုသာ သိထားမယ်ဆိုရင် သူဒီနေ့ ဘယ်လိုမုဒ် ရှိနေလည်းဆိုတာကို သတိထားပြီး ဆက်ဆံမယ်ဆိုရင် ဆက်ဆံရေးတွေ ပိုပြီး ကောင်းမွန် လာနိုင်ပါတယ်။ ပိုကောင်းမွန်တဲ့ နောက်တစ်ခုက ကိုယ်နဲ့ ကိုယ်နှိုင်းယှဉ်ချင်တဲ့ သူကို နှိုင်းယှဉ်လို့ ရတာပါပဲ။ အဲဒီအခါ အဲဒီလူနဲ့ ကိုယ်နဲ့ ခံစားချက် ဘယ်လောက် တူမတူ၊ ဉာဏ်ရည်၊ လုံ့လ ဘယ်လောက် ကွာမကွာ ဆိုတာတွေပါ သိနိုင်ပါတယ်။ ဥပမာ ခင်ဗျား ချစ်နေတဲ့ သူတစ်ယောက်ကို ခင်ဗျားခံစားချက် အမြင့်ဆုံးနေ့နဲ့ သူ့ခံစားချက် အမြင့်ဆုံး တိုက်ဆိုင်တဲ့ နေ့မှာ သွားပြောမယ်ဆိုရင် အခြေအနေ ကောင်းနိုင်တယ် ဆိုတာမျိုးပေါ့။ အတိ အကျကြီး မဟုတ်ပေမယ့် အပျှောသဘောပေါ့။ ဟောဒီ ဆော့ဖ်ဝဲလ်လေးကို ဒေါင်းလုဒ် လုပ်ပါ။ ခရက်ဖိုင် ပါပြီး ဖြစ်ပါတယ်။ ကိုယ့်မွေးသကဿကရာဇ်၊ ကိုယ်နဲ့ ပတ်သတ်သူများရဲ့ မွေးသကဿကရာဇ်တွေ ထည့်ပြီးတော့ တွက်ချက် နိုင်ပါတယ်။  ခင်ဗျား အသုံးပြုလို့ ကြိုက်တယ် ဆိုရင် သူများကို ထပ်မံ ဝေငှပါ။ တစ်ယောက်တည်း သိမ်းမထားပါနဲ့။

Download Advanced Biorhythms : Ver.2006 [758 Kb]
Attention : no hotlinks pls!!

Technorati Tags: ,

No comments: