Monday, September 11, 2006

11.09.2006

ဒီရက်ပိုင်း ဖီလင် မလာဘူး။ ဘာမှရေးချင်စိတ် မရှိသလို လူတွေကိုကြည့်ပြီး အတှော စိတ်ကုန်နေတယ်။ Pavarottiရဲ့ အှောပရာ သီချင်းတွေ အများဆုံး နားထောင်ဖြစ်တယ်။ ညဘက်ဆို မီးလေးပိတ်ပြီး ချိုက်ကော့စကီးရဲ့ Swanlake ဆင်ဖိုနီကို အခါခါ နားထောင်ပြီး ပုံဖှောကြည့်နေမိတယ်။ အိပ်ခါနီးရင် ဒိုင်ယာနာကားလ်၊ ဒါမှမဟုတ် နှောရာဂျုံးလေး ဖွင့်ပြီး အိပ်ရတာ တှောတှော အရသာ ရှိတယ်။ အိမ်ကလူတွေကတော့ အှောပရာတွေ၊ ဂျက်ဇ် တွေကို တှောတှောလေး နားငြီးနေကြပြီ။ အဲဒါ အရသာဗျ။ အသံအနိမ့် အမြင့်တွေ၊ အတိုးအကျယ်တွေ၊ တုန်ခါမှုတွေ အဲဒါတွေကမှ ဂီတ။ ကြက်သီး တထထနဲ့ နားထောင်ရတာ ဘာနဲ့မှ မလဲနိုင်ဘူး။ တစ်နေ့တော့ အဲလို ပွဲမျိုးကို အပြင်မှာ ကြည့်ဖြစ်အောင်ကို ကြည့်ဦးမယ်။

ဪ ဒီနေ့ အမေရိကန်မှာ 9/11 နှစ်ပတ်လည် နေ့ပေါ့။ မှတ်မှတ်ယယ ကျွန်တှော သိပ်ကြိုက်တဲ့ ရှောဂျာဖက်ဒဲရားက အမေရိကန် တင်းနစ်သမား အင်ဒီရော့ဒစ်ကို ဖိုင်နယ်မှာ အနိုင်ရိုက်ပြီး ဒီနှစ်အတွက် ယူအက်စ်အိုးပန်း ချံပီယံ ဆုကို ဆွတ်ခူးသွားတယ်။ တိုက်ဂါးဝုဒ်ကလည်း ပီချီအေ ပွဲတွေမှာ ငါးပွဲဆက်တိုက် အနိုင်ရထားတယ်။ မာရီယာလေးလည်း ယူအက်စ်အိုးပန်းရတယ်။ မန်ချက်စတာက အောင်ပွဲဆက်လက် ခံနေတယ်။ ဘာစီလိုနာလည်း အခြေအနေ ကောင်းတယ်။ ကျွန်တှော အားပေးတဲ့ နှစ်သက်တဲ့ အသင်းတွေ ကစားသမားတွေ ဆုတွေရနေလို့ အလွန်ကိုပဲ ဝမ်းသာနေမိတယ်။


Technorati Tags: , ,

No comments: