Tuesday, August 29, 2006

Since 1980- Fountain and Diary

မိုးဖြူ

ဒီလိုပဲ အိပ်မက်တွေထဲမှာ နင်လာပြီး ပြန်ပြန် ထွက်သွားလိုက်တာ အခါပေါင်း များစွာ။ ငါလည်း စကား တစ်ခွန်းမှ မပြောနိုင် ခဲ့ဘူး။ နင်လည်း စကား တစ်ခွန်းမှ ပြောမသွားဘူး။ ငါဝါသနာ ပါတဲ့ အလုပ်တစ်ခုကို ဇောက်ချ လုပ်တော့မယ်။ မွဲချင်လည်း မွဲမယ်။ သူများတွေ ကဲ့ရဲ့ချင် ကဲ့ရဲ့မယ်။ ငါဂရု မစိုက်ပါဘူး။ ငါ့မှာ အားနည်းချက် တစ်ခု ရှိတယ်။ ငါမပြင် နိုင်သေးဘူး။ ငါသိတယ်။ အဲဒီ အရာဟာ ငါ့ကို အကြိမ်ပေါင်းများစွာ ဒုကဿခပေးတယ်။ ဒီအားနည်းချက်ကို ငါပြင်ချင်တယ်။ ငါညံ့တယ် မိုးဖြူ။ ငါကြုံခဲ့တာတွေက ဝတဿထုတွေထက် ဆန်းကြယ်တယ် ဆိုတာ နင်သိမှာပါ။ ဒါတွေကို ငါမစဉ်းစား ချင်ဘူး။ ငါ့ခေါင်းထဲကို ဝင်မလာ စေချင်ဘူး။ အဲဒါတွေ ဝင်လာတိုင်း ငါ နာကျင် ရလို့ပါ။ ဘယ်သူ့ကိုမှ ဖွင့်မပြောနိုင်တဲ့ ငါဟာ ဒီနေရာလေးမှာ တစ်ယောက်တည်း ငါပြောချင်တာတွေ ပြောဖြစ်တယ်။ လုပ်ဖြစ်တယ်။ ချစ်ခြင်း မုန်းခြင်းဟာ ပူလောင်တယ်။ ငါအခု သီချင်းတစ်ပုဒ် နားထောင်နေတယ်။ တကယ်တော့ ငါက ရိုးရိုး အဆိပ်ခွက်တောင် မဟုတ်ဘဲ ဆိုကရေးတိ လို အပြစ်မဲ့သူ တွေကို အဆုံးသတ်စေခဲ့တဲ့ အဆိပ်ခွက် တစ်ခွက်ဆိုတာ ငါသိတယ်။ အခုတော့ ဒီအဆိပ်ခွက်ကို ငါဘယ်သူ့မှ မတိုက်တော့ပါ။ ငါကိုယ်တိုင်ပဲ သောက်တော့မယ်။ နီကိုရဲရေးတဲ့ စာလေးတစ်ပိုဒ် ငါသတိရနေတယ်။ နင်နဲ့ငါ နှစ်သက်ခဲ့တဲ့ စာအုပ် တစ်အုပ် ထဲကပေါ့။ စက်ဘီနှစ်စင်း တိုက်မိကြတယ်။ လဲကျ။ ကိုယ့်ဟာကိုယ် ပြန်လည် ထူမတ်ပြီး နှုတ်ဆက်ထွက်ခွာ၊ ဒါဟာ နားလည်မှု အပြုံးပဲတဲ့။ အခု ငါပြုံးလိုက်တယ်။ နာကျင်ပေမယ့် ဒါဟာ နားလည်မှု အပြုံး တစ်ခုပါ။ မိုးဖြူ ငါနင့်အတွက် သီချင်းတစ်ပုဒ် ပို့လိုက်တယ်။ ငါ့သူငယ်ချင်း ခက်ဈာန်ရဲ ရဲ့ သီချင်းတစ်ပုဒ်ပေါ့။ သီချင်းနာမည်က ဖောင်တိန်နဲ့ ဒိုင်ယာရီ စာအုပ်တဲ့။ နားထောင်ကြည့်ပေါ့ မိုးဖြူ။ တစ်နေ့ကျရင် ဒီသီချင်းလေးကို အမှတ်တရ ငါအမ်တီဗွီ ရိုက်မယ်။

ဖောင်တိန်နဲ့ ဒိုင်ယာရီ - ခက်ဈာန်ရဲ


Technorati Tags: , , , ,

No comments: