Saturday, August 19, 2006

Poem : ညီမလေး မသိတဲ့ အရောင်များ

ညီမလေး မသိတဲ့ အရောင်များ


ဒီဆောင်းတွင်း တစ်ခုလုံး မျှားလိုက်ရတဲ့ ငါးတွေ
ညီမလေးက မသိဘူး
ကျွန်တှော့ဆီ လာချင်တဲ့အချိန်လာပြီး ပြန်ချင်တဲ့အချိန် ပြန်သွား
ကာလနဲ့ ဒေသ သဘောတရားကို ညီမလေးက မသိဘူး
ဝင်သက်ကို ဖြည်းဖြည်းရှူတော့
ညီမလေး ကိုယ်သင်းရနံ့များက တိုးတိုးပြီး မွှေးမြ
ထွက်သက်တွေ လေးလေးလာတော့
ညီမလေး ကိုယ်သင်းရနံ့များက ရင်ထဲမှာ တိုးတိုးပြီး ကျန်လာ
နာရီတွေ မလိုဘူး
သူလာတတ်တဲ့ ပြန်တတ်တဲ့ အချိန်တွေကို ကျွန်တှောကသိနေ
ဒီနယ်မြေဟာ အနဿတရာယ် ရှိတယ် ညီမလေး
ဒီနယ်မြေမှာ ကဝေတွေ ရှိသတဲ့ ညီမလေး
နူးညံ့တဲ့လေပြေ၊ မြက်ခင်းစိမ်း၊ ပန်းပွင့်တောအုပ်
အရာရာဟာ သူယောင် အရိပ်တွေပဲ ညီမလေး
ဒီနေ့တော့ ကိုယ်တစ်ယောက်တည်းပေါ့
အိပ်မက်ထဲ အလည်လာတတ်တဲ့ မင်းမျက်ဝန်းတွေလည်း
ရပ်ဝေးမှာ ရှောင်ခွာနေခဲ့တာ ကြာပေါ့
နှင်းတွေကျတဲ့အခါ
မိုးစက်တွေ လွင့်လာတဲ့အခါ
မင်းမမြင်နိုင်တဲ့ စကားတွေကြား
မင်းမမြင်နိုင်တဲ့ စိတ်နယ်လွန်မှုများကြား
မင်းမထိတွေ့နိုင်တဲ့ ငါ့လက်ဖဝါးများကြား
ငါ့ကဗျာများလည်း ရွာရိုးကိုးပေါက်လျှောက်လို့
အှောဟစ်တတ်တဲ့စိတ်ဟာ မြိုသိပ်ရတဲ့အခါ
ပိုမိုနာကျင်တတ်တာ သဘာဝပဲပေါ့ ညီမလေး။


လင်းဆက်

No comments: