Saturday, August 5, 2006

Condolences - ဝမ်းနည်းကြေကွဲခြင်း

သတင်းမှား

ဒီနေ့ လူကြုံရှိလို့ မြန်မာသတင်းစာ ဖတ်ရတော့ စကဿငာပူက ေဒါှခင္စနဿဒာ(ခ) ေဒါှဝါဝါ အသက်(၄၀)နှစ် ဆုံးပါးသွားတယ်ဆိုတာ သိလိုက်ရတယ်။ ကိုငြိမ်းချမ်း ဘလော့ခ်မှာ အရင်လတွေ့ကတည်းက မေးမယ် မေးမယ်နဲ့ မမေးဖြစ်တာ။ အခုတော့ သေချာသလောက် ဖြစ်သွားပါပြီ။ ကျွန်တှောတို့ကို ပရိုဂရမ်းမင်း ဂရုတစိုက် သင်ပေးတတ်တဲ့၊ သဘောအရမ်းကောင်းတဲ့၊ စကားပြော အလွန်ချိုသာတဲ့ ဆရာမ ဆုံးပါးသွားတာ သိလိုက်ရတာ အရမ်းကို စိတ်မကောင်း ဖြစ်မိပါတယ်။

သတင်းမှန်

တိုက်ပဲ တိုက်ဆိုင်လိုက်တာ။ အဟီး။ ကျွန်တှော့ ဆရာမ နာမည်ကလည်း ဒှေါခင်စနဿဒာတဲ့။ ဆရာမက ကျောင်းကနေထွက်ပြီး အန်ယူအက်စ်မှာ မာစတာ ပြန်တက်နေတယ်ဆိုတော့ ကျွန်တှောကလည်း သူလို့ ထင်ပြီး စိတ်မကောင်းတွေ ဖြစ်နေလိုက်တာ။ တှောပါသေးရဲ့။ သတင်းမှားသွားတာ ခွင့်လွှတ်ပါဗျာ။ ဆရာမသာ တွေ့ရင် ကျွန်တှော့ကို ကောင်းကောင်း ဆဲနေတော့မှာပဲ။ ဘာပဲ ဖြစ်ဖြစ် ကွယ်လွန်သွားတဲ့ ဒှေါခင်စနဿဒာ တစ်ယောက် ကောင်းမွန်စွာ အိပ်စက် နိုင်ပါစေလို့ ဆုတောင်း လိုက်ပါတယ်။


Technorati Tags: , ,

No comments: