Monday, August 21, 2006

20.08.2006

ဒီနေ့ မှတ်မှတ်ယယ အဖြစ်အပျက် သတင်းတစ်ခု ကြားရတယ်။ ကျွန်တှောဟာ ရယ်မိတယ်။ ဒီလိုပဲ စိတ်ထဲမှာ တစ်မျိုး ခံစားရတယ်။ တစ်စုံတစ်ခု ဆုံးရှုံးသွားသလို၊ စိတ်မကောင်း သလိုလို။ ဒါပေမယ့် ဒီလမ်းဟာ ကျွန်တှော ရွေးချယ်ခဲ့သော လမ်းပဲ။ ဖေဖှောဝါရီရယ်၊ ဩဂုတ်ရယ်၊ အောက်တိုဘာ လတွေဟာ ကျွန်တှော့ ဘဝထဲမှာ တှောတှောလေး ထူးထူးခြားခြား အဖြစ်အပျက်တွေ ကြားရ မြင်ရ ဖြစ်ရတတ်တယ်။အိမ်ထဲမှာ မနေချင်တာနဲ့ ကင်မရာယူပြီး အပြင်ထွက်တယ်။ နားအေး ပါးအေး တစ်ယောက်တည်း တွေးချင်လို့ မြက်ခင်းထဲမှာ သွားထိုင် နေလိုက်တယ်။ ကျွန်တှော့ဘေးမှာ အဘိုးကြီး တစ်ယောက် လာအိပ်တယ်။ သူအိပ်နေပေမယ့် သူ့ပုံစံဟာ အေးအေးလူလူ အိပ်နေတဲ့ပုံ မပှေါပါဘူး။ အပူတွေ အများကြီး ထဲကနေ ခဏတာ လွတ်လိုလွတ်ငြား လာအိပ်နေတာ ထင်ပါရဲ့။ ကျွန်တှော ဓါတ်ပုံလေးတစ်ပုံ ရိုက်ယူ ထားလိုက်တယ်။ အပြန်ကျတော့ သစ်ပင်ပှေါမှာ နားနေတဲ့ ကြက်တူရွေးလေး တစ်ကောင်ကိုတွေ့တယ်။ အစိမ်းရောင် တွေပေမယ့် ကျွန်တှောသူ့ကို တွေ့နေရတယ်။ အဖြူရောင် ကင်းဗတ်စ်ပှေါသို့ အဖြူရောင် ဆေးများဖြင့် ရေးချယ်လိုက်သည်။ အဖြူရောင်များပင် စွန်းပေသွားသည် ဆိုတဲ့ ကျွန်တှော ရေးခဲ့ဖူးတဲ့ စာသားလေး တစ်ခုကို သွားသတိရ လိုက်မိတယ်။ ဒါနဲ့ ဒီပုံလေးလည်း ရိုက်ဖြစ်သွားတယ်။



No comments: