Monday, August 14, 2006

14.08.2006

ကျွန်တှော ကဗျာတစ်ပုဒ်မှ မရေးနိုင်ခဲ့တာ လပေါင်းများစွာ ကြာခဲ့ပြီ။ အရင်က ရေးထားတာလေးတွေ ပြန်ဖတ်ကြည့်တော့ ကိုယ်မှ ဟုတ်ရဲ့လားလို့ ထင်နေမိတယ်။ ခဏခဏ ကဗျာအသစ် ရေးဖို့ ကြိုးစားမိတယ်။ အရင်ကလို စာလုံးတွေ နူးနူးညံ့ညံ့ ထွက်မလာဘူး။ ရေးပြီးမှ စိတ်တိုင်းမကျလို့ ဖျက်ပစ်လိုက်တာတွေ အများကြီးပဲ။ အဲဒါတွေ သိမ်းမထားချင်ဘူး။ ကိုယ့်စိတ်ကို ကိုယ်သိတယ်။ ကဗျာကောင်းကောင်း တစ်ပုဒ် ရေးမိပြီဆိုရင် အရမ်း ကျေနပ်နေတယ်။ ကိုယ့်ကဗျာကို ဘယ်အချိန် ပြန်ဖတ်ဖတ် ကြိုက်တယ်။ ရေးပြီး ၁လလောက် ကြာလို့ ပြန်ဖတ်ရင် အသစ်အဆန်း မဖြစ်ဘူးဆိုရင် အဲဒီ ကဗျာဟာ ရင်ထဲက လာတာ မဟုတ်လို့လို့ ကျွန်တှောထင်တယ်။ အခုတော့ တစ်ပုဒ်မှကို မရေးနိုင်ဘူး။ တှောတှောလေး စိတ်မကောင်း ဖြစ်မိတယ်။ မပြီးသေးတဲ့ အက်ဆေး လေးတွေလည်း အများကြီးပဲ။ တစ်ခုမှ အဆုံးမသတ် နိုင်သေးဘူး။ အင်း စိတ်လေတယ် ဆိုတာ ဒါမျိုး ဖြစ်မယ်။


Technorati Tags: ,

No comments: