Tuesday, August 8, 2006

08.08.2006

အပြင်မှာ မိုးတွေ ရွာနေတယ်။ ငါသီချင်းတွေ ထိုင်နားထောင် နေမိတယ်။ အဲလက်စ် သီချင်းတွေ နားထောင်မိတော့ ငါ ဆယ်တန်းတုန်းက ဘဝလေးကို သတိရမိတယ်။ ထူးအိမ်သင်ရဲ့ မြို့ပြလရောင် တမ်းချင်းနဲ့ လေးဖြူရဲ့ ကမဿဘာသစ်တေး နားထောင်မိတော့ နှင်းဖွဲဖွဲ ကျနေတဲ့ မနက်ခင်းတိုင်း ငါရယ် မြင့်ဆွေရယ် သွားသွားစားတဲ့ မြစ်ကြီးနားက အလင်းဆိုင်လေးကို သတိရနေမိတယ်။ တကယ်တော့ သီချင်းတွေ နားထောင်ရတာ မကောင်းဘူး။ တခါတလေ နာကျင်ရတယ်။ ဘာရယ်တော့ မဟုတ်ပါဘူး။ နဲနဲဖျားနေတော့ လူက ငြီးစီစီ ဖြစ်နေတယ်။ အိပ်ပစ်လိုက် ရမှာကို သိပ်နှမြောတယ်။ အချိန်တွေကို တန်ဖိုးထားလွန်း လို့ရယ်တော့ မဟုတ်ပါဘူး။ မိုးတွေ ရွာတာကို သိပ်သဘောကျတယ်။ ငါငယ်ငယ်တုန်းက အိမ်ရှေ့မှာ ထွက်ထွက်ပြီး ခွေးခြေခုံလေးနဲ့ ငေးနေတတ်တာ သတိရမိတယ်။ ငယ်ငယ်က ငါသိပ်တှောတယ်။ စာကျက်ရင်လည်း ခဏလေးနဲ့ ရတယ်။ ငါတို့ မိသားစုမှာ ငါကြောင့် အမေတို့ အဖေတို့ဟာ ဆုပေးပွဲတွေ ခဏခဏ တက်ခဲ့ရတယ်။ ဒါကြောင့် အမေတို့က ငါ့ကို အခုထိ တှောတှောလေး အရေးပေးပါတယ်။ ငယ်ငယ်က ကျောင်းပြန်ရင် စာကျက် စာပြန်ပြီးမှ သူငယ်ချင်းတွေနဲ့ ဆော့ရတယ်။ ငါက ခဏလေးနဲ့ စာရတော့ အကြာကြီး ဆော့ရတယ်။ ငါ့သူငယ်ချင်းတွေ တှောတှောများများ အခုဆို အိမ်ထောင်ကျ ကုန်ကြပြီ။ ကွဲကြ ပြဲကြ သူတွေလည်း ရှိတယ်။ ခုတလော ခလေးဘဝကို တှောတှောလေး သတိရမိတယ်။ အမေက ပြောတယ်။ ခလေးတုန်းက ကောင်းတယ်တဲ့။ မလုပ်နဲ့ဆို မလုပ်နဲ့ပြောလို့ ရတယ်တဲ့။ အခုတော့ အမေလည်း အသက်တွေ ကြီးလာပြီ။ အခုထိ ငါတို့ကို ထမင်းချက်ကျွေး နေတုန်းပဲ။ အဖေဆိုလည်း တစ်သက်လုံး ငါတို့အတွက် အများကြီး လုပ်ပေးခဲ့တယ်။ ငါ့လက်ထက်ကျတော့ သူတို့ကို ဘာမှ ပြန်မလုပ်ပေးနိုင်ဘူး။ အဲဒီအတွက် ငါဘာမှ မလုပ်ပေးနိုင်သေး သရွေ့ သူတို့ ငါ့ကြောင့် စိတ်မချမ်းသာတာ ငါကြောင့် စိတ်ဆင်းရဲရတာ မဖြစ်အောင် ငါကြိုးစား နေထိုင်ပါတယ်။ မိဘဆိုတာ တန်ဖိုးရှိတယ်။ သေသွားပြီးမှ လွမ်းဆွတ် နေရတာထက် အသက်ရှင်စဉ်မှာ မိသားစုကို၊ မိဘကို ဒုကဿခမပေးတာ အကောင်းဆုံးလို့ ငါယုံကြည်တယ်။ မိဘတွေ မဆုံးပါးခင်မှာ သူတို့ တစ်ချိန်လုံး ဂုဏ်ယူ စိတ်ချမ်းသာစေမယ့် လက်ဆောင်တစ်ခု ငါပေးချင်တယ်။ တစ်ခါတုန်းက ငါပေးခဲ့ဖူးတယ်။ အဲဒီလို နောက်တစ်ခါ ပြန်ရဖို့ အချိန်တွေ ဘယ်လောက် ယူရမလဲ။ အင်း နောက်ငါးနှစ်ပေါ့။ နောက် ငါးနှစ်လောက်မှာ အမေတို့ကို တစ်ခုခု လက်ဆောင် ပေးမယ်လို့ ငါဆုံးဖြတ် ထားတယ်။ အခု ထိုင်သာ ထိုင်နေတာ ငါသိပ်အိပ်ချင်နေပြီ။ အိပ်တော့မယ်။ မနက်လည်း ငါးနာရီ ခွဲခဲ့ပြီ။ ဒီလိုနဲ့ နေ့တစ်နေ့ ထပ်ဖြတ် ရဦးမယ်။

Technorati Tags: ,

No comments: