Saturday, July 15, 2006

Varanus salvadori ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာ

ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာ

ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာ ဆိုတဲ့ စကားလေးကို တှောတှော နှစ်သက် နေမိပါတယ်။ မိကျောင်းမှာက လျှာမရှိလို့ အရသာခံ မစားတတ် ပါဘူးတဲ့။ ဒါကြောင့် မြစ်ထဲမှာ နေတဲ့ ရေသတဿတဝါတွေ မကုန်ပါဘူး။ ဖွတ်ကတော့ အရင်ထဲက မြေတွင်းအောင်းပြီး ဖွယ်ဖွယ်ရာရာ လျှာအရသာခံ စားတတ်သူ ဖြစ်လို့ ဖွတ်သာ မိကျောင်း ဖြစ်သွားခဲ့ရင် မြစ်ထဲက အကောင် အားလုံး သူ့အစာပဲ ဖြစ်တော့မှာလို့ ဆိုလိုတာပါ။

ဘာရယ် မဟုတ်ဘူး ဒါလေး ဖတ်ပြီး မြန်မာပြည်ကြီးက ကျွန်တှော နေခဲ့ရတဲ့ တောရွာလေး သွားသတိရ မိပြန်တယ်။ များလိုက်တဲ့ ဖွတ်တွေ ဖွတ်တွေဆိုတာ။ ကျွန်တှောတို့ ရွှေနိုင်ငံကြီးက မြစ်ချောင်းပေါတယ် တောပေါတယ်လေ။ ဆိုတော့ကာ ဖွတ်တွေလည်း ပေါတာပေါ့။ ဘယ်နှစ်ကောင် မိကျောင်း ဖြစ်သွားတယ် ဆိုတာတော့ စာရင်း အတိအကျ မရှိပေမယ့် မနည်းဘူး မှတ်တယ်။ ထမံသီနယ်မှာ လူတောင် ကျားဘဝပြောင်းတဲ့ သမန်းကျား ဇာတ်လမ်း တွေလည်း ရှိခဲ့ဖူး ကြားခဲ့ဖူး တာကိုး။ ဖွတ်မိကျောင်း ပြောင်းတာက လောက်ကတော့ အပျော့ပေါ့။ တစ်နှစ်တော့ ကျွန်တှော့ သူငယ်ချင်း တစ်ယောက်ရဲ့ နယ်ဘက်မှာ ကောလဟာလတွေ ထွက်လာတယ်။ ဘာနကဿခတ် ကပ်လို့ရယ်မသိ ဖွတ်တွေ မိကျောင်း ဖြစ်နိုင်တယ်တဲ့။ အားလုံး ထိတ်ထိတ်ပျာပျာပေါ့။ ရေကြောင်း ကုန်းကြောင်း သွားရင် သတိထားသွားပါ့မောင်၊ မတှောလို့ အဆင်မသင့်ရင် ဖွတ်ဆွဲခံ ထိနေပါ့မယ်၊ အဲဒါမျိုးတော့ သိကဿခာကျသဟေ့တဲ့ ။ အဲဒါ ရွာက အဖိုးကြီးတစ်ယောက် အမြဲ ပြောနေကျ စကား။ သူပြောတာလည်း ဟုတ်တုတ်တုတ်ရယ်။ ဖွတ်ဆိုတဲ့ အကောင်မျိုးက လျှာအရသာ သိပ်သိတတ်တော့ ဟိုဟာမြင်လည်း စားချင် ဒီဟာမြင်လည်း စားချင် ကြာလာရင် လူတောင် ချမ်းသာပေးမယ် မထင်မိဘူးလေ။ ဒါနဲ့ ရွာက လူကြီးတွေက ကလေးတွေကို မိကျောင်းဖြစ်နေတဲ့ ဖွတ်တွေနဲ့ မဆုံပါရစေနဲ့ သူတို့ဘေးက လွတ်ပါစေလို့ ညအိပ်တိုင်း ဆုတောင်းကြဖို့ တိုက်တွန်းကြရသတဲ့။


Technorati Tags: , ,

No comments: