Monday, July 17, 2006

To Where You Are - ဘယ်ဆီမှာလည်း ချစ်သူ

ဘယ်ဆီမှာလည်း ချစ်သူ


ဘယ်သူကများ အသေအချာ ပြောနိုင်မလဲ
မင်းငါ့အနားမှာ ရှိနေနိုင်ပါသေးတယ်
မင်းငါ့အနားမှာ ရှိနေတယ်ဆိုတာ ငါခံစားပြီး သိနေတယ်
မင်းနဲ့ ပတ်သတ်တဲ့ အမှတ်တရများစွာ အခုထိ ထင်ထင်ရှားရှား ရှိနေဆဲပါ

အနက်ရှိုင်းဆုံး တိတ်ဆိတ်ခြင်း တွေထဲမှာ
မင်းအသံတွေ ငါကြားနေတယ်
မင်းစိုးမိုးနေဆဲပါ
တကယ်ပါပဲ
မင်းဟာငါ့ရဲ့ထာဝရ ချစ်မြတ်နိုးရာ
ကောင်းကင်ရဲ့ တစ်နေရာရာကနေ
မင်းငါ့ကို ကြည့်နေမယ်ဆိုတာ ငါသိနေပါတယ်

မင်းရှိမယ့် နေရာကို ငါ့ကို ပျံသန်းပြီး ခှေါဆောင်လိုက်ပါ
အဝေးဆုံးက ကြယ်တွေထက် ပိုပြီး ဝေးတဲ့နေရာ
ဒီနေ့ညမင်းအပြုံးကိုတွေ့ချင်လို့ ငါဆုတောင်းမိတယ်
ခဏလေးပဲဖြစ်ဖြစ်
မင်းရှိနေသေးတယ် ဆိုတာလေးပဲ ငါသိချင်တာပါ
ဝင်သက်ထွက်သက် တစ်ချက် လောက်တောင်
မင်းနဲ့ငါ ဝေးမနေဘူးဆိုတာ

မင်းဟာ ငါ့အိပ်မက်တွေထဲမှာ
ညင်ညင်သာသာ အိပ်စက်လို့မှ ပျှောရဲ့လားချစ်သူ
စွဲလမ်းမှု ပြင်းထန်လွန်းလို့ ယုံကြည်နေမိတာလား
ဒီစွမ်းအားတွေကို မမြင်မသိနိုင်ခဲ့ဘူး

နှလုံးခုန်သံ တစ်ချက်စီတိုင်းမှာ
မင်းဟာ ငါနဲ့အတူ ရှိနေခဲ့
ဒါတွေအားလုံး မင်းအမြဲ ဖန်တီးပေးခဲ့တာ
ငါ့စိတ်ထဲမှာ အမြဲစွဲထင်နေဆဲပါ
မင်းဟာငါ့ရဲ့ ထာဝရ ချစ်ခြင်း
ကောင်းကင်ရဲ့ တစ်နေရာရာကနေ
မင်းငါ့ကို ကြည့်နေမယ်ဆိုတာ ငါသိနေပါတယ်

ငါယုံကြည်နေတယ်
ဆုတောင်းမှုတွေနဲ့အတူ
ဒီချစ်ခြင်းတရားဟာ ထာဝရ
ဘယ်တော့မှ ပျောက်ဆုံးသွားမှာ မဟုတ်ဘူး ချစ်သူ။


Josh Groban ရဲ့ သီချင်း To Where You Are ။ အရမ်းကြိုက်တယ်။ တစ်ခုခုကို ဆုံးရှုံးသွားတယ်။ ဒါပေမယ့် ငါကျေနပ် ပါတယ်။ မြန်မာဘာသာကို ကိုယ့်ခံစားချက်နဲ့ စိတ်ကူးအတိုင်း နဲနဲ ပြောင်းပြီး ငါပြန်ချင်သလို ပြန်လိုက်တယ်။

[download]


Technorati Tags: , , , ,

No comments: