Tuesday, July 4, 2006

Once upon a time, there was a lonely Street

လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က စကဿငာပူမှာ လမ်းကြားလေး တစ်ခု ရှိတယ်။ PSA ဆိုတဲ့ ဆိပ်ကမ်း ဂိတ်ပေါက် ကနေ တန်ချွန်ပက်ကား အမ်အာရ်တီ ရထားဂိတ်ကို သွားတဲ့ လမ်းကြားလေးပါ။ သူများတွေ သိပ်အသုံး မပြုကြပါဘူး။ ကျွန်တှော ကတော့ အဲဒီ လမ်းကြားလေးကို အမြဲ အသုံးပြုပါတယ်။ အရမ်းကို သာယာ တိတ်ဆိတ်တဲ့ နောက်ဖေး လမ်းကြားလေးပါ။ တစ်ခါတစ်ရံ ငှက်သံလေးတွေ ကြားရတယ်။ အဲဒီ လမ်းလေးထဲမှာ အုတ်ဂူလေး နှစ်ခုလား မသိဘူး ရှိတယ်။ ဘေးမှာက သစ်ပင်တွေနဲ့ လမ်းလေးကိုတော့ အုတ်ပြားလေးတွေ ခင်းထားတယ်။ လူလည်း အရမ်းပြတ်ပါတယ်။ ကျွန်တှောကတော့ မကြောက်ပါဘူး။ ည ၈ နာရီထိုးလို့ အလုပ်ပြီးရင် မြို့ထဲကို သွားတဲ့အခါ အဲဒီ လမ်းလေးကနေ တခုတ်တရ သွားဖြစ်ပါတယ်။ သဘောကျလွန်းလို့ပါ။ အခုတစ်ခေါက် ပြန်ရောက်တဲ့အခါ အဲဒီ လမ်းကြားလေးကို သုံးခါတိတိ သွားရှာ ဖြစ်ပါတယ်။ မတွေ့တော့ပါဘူး။ တှောတှောလေး စိတ်မကောင်း ဖြစ်သွားတယ်။ အရင်ကဆို အဲဒီ နေရာလေးမှာ ကျွန်တှောမောရင် ထိုင်နားနေကြ အုတ်ခုံလေးတွေလည်း ရှိတယ်။ အခုမတွေ့တော့ဘူး။ အဲဒီ နေရာမှာ အဆောက်အအုံတွေ ဖြစ်နေပြီ။ တစ်ခါတစ်ရံမှာ တိုးတက် ဖွံ့ဖြိုး ခြင်းတွေဟာ လူတစ်ယောက်ရဲ့ အမှတ်တရတွေကို အများကြီး ဖျက်ဆီး ပစ်တတ်တယ်လို့ ကျွန်တှော တွေးလိုက် မိတယ်။ အရင်တုန်းက အမြဲပြုံးရွှင် နေတတ်တဲ့ ကျွန်တှောတောင်မှ ဖွံဖြိုး တိုးတက်မှုနဲ့ အချိန်ကာလ ကြားမှာ အပြုံးတွေ ကွယ်ပျောက်ပြီး အများကြီး ပြောင်းလဲခဲ့ပြီပဲ။ ဇှောဝင်းထွဋ်ရဲ့ အဝါရောင် လမ်းကလေး သီချင်းကို ကြားမိတိုင်း အဲဒီ လမ်းကလေးကို ကျွန်တှော ပြေးပြီး သတိရနေမိ ပါတော့တယ်။

No comments: