Saturday, July 29, 2006

Khine Thet Aung - ခိုင်သက်အောင်

ကျွန်တှော မြစ်ကြီးနား မှာ ကျောင်းတက်မယ် ဆိုတော့ ကျောင်းရွေးရတယ်။ ထ(၁)နဲ့ ထ(၃)က အပြိုင် နာမည် ကြီးနေတယ်။ လောလော လတ်လတ် ထ(၃)ကျောင်းက အကိုကြီး တစ်ယောက်က ကချင်ပြည်နယ် ပထမ ရထားတယ်။ ဒါနဲ့ နောက်ဆုံး ကျွန်တှော ထ(၃)ကို ရွေးလိုက်တယ်။ ကျွန်တှော အဲဒီမှာတက်တော့ ၉တန်း ကျောင်းသားပေါ့။ ဒုတိယအစမ်း ဖြေခါနီးမှာ ကျွန်တှော ပြောင်းလာတာပါ။ ကျောင်းသူ ကျောင်းသားတွေရဲ့ မျက်လုံးတွေက ကျွန်တှော့ကို ဝိုင်းအကဲခတ် ကြတယ်။ ရန်ကုန်က ပြောင်းလာတဲ့ ကျောင်းသား တစ်ယောက်ဆိုတော့ ဘာများ ထူးခြားမလဲပေါ့။ ဘာမှ မထူးခြားပါဘူးဗျာ။ ကျွန်တှောက အဲဒီအချိန်တုန်းက အတှော အရှက်အကြောက် ကြီးတယ်လို့ ပြောလို့ ရပါတယ်။

ကျွန်တှော့ကို ပထမဆုံး စကားပြောပြီး နှုတ်ဆက်တဲ့ ကျောင်းသား နာမည်က ခွန်းအောင်တဲ့။ ကျွန်တှောတို့ အခန်းက မှောနီတာပါ။ သူရယ် ကျွန်တှောရယ် ယဉ်ထွန်းရယ် စိုးနေဝါးရယ် အတူတူ ထိုင်ကြတယ်။ ပတ်လည်မှာ အဟောက် တို့ကောင်တွေ ရှိသေးတယ်။ ကျွန်တှော့လက်ရေးက တှောတှောလှပါတယ်။ သူတို့က ကျွန်တှော့စာအုပ်တွေ တောင်းကြည့်ပြီး လက်ရေးလှကြောင်း ချီးကျူးကြတယ်။ ကောင်မလေး တစ်ယောက်က စာကူကူး ပေးမယ်လို့ ပြောတယ်။ (ဘယ်သူလည်းတော့ မမေးကြနဲ့ဗျာ) တကယ်တော့ သူတို့အားလုံး ကျွန်တှော့ထက် ဉာဏ်ကောင်းပြီး စာတှောကြပါတယ်။ ဒီလိုနဲ့ စာတွေကူးနေရင်း တစ်ပါတ်လောက်ကြာတော့ ကျောင်းမှာ စာစီစာကုံး ပြိုင်ပွဲ တစ်ခုလုပ်မယ်ဆိုပြီး စာရင်း လာကောက်ပါတယ်။ ကျွန်တှောက စာရင်းပေးတော့ သူတို့တွေ အံ့အားသင့်နေကြတယ်။ အဲဒီမှာ ကျွန်တှောက စာစီစာကုံး တစ်ကျောင်းလုံး ပထမ၊ ကဗျာ ဒုတိယ ရပါတယ်။ အဲဒီအတွက် မြို့နယ် အဆင့်ပြိုင်ရတယ်။ အဲဒီမှာ ကျွန်တှောနဲ့ အရမ်းခင်သော သူငယ်ချင်း ဖြစ်လာမယ့် ကောင်မလေး တစ်ယောက်နဲ့ တွေ့ပါတယ်။

မြစ်ကြီးနားမှာ ယောက်ျားလေးနဲ့ မိန်းခလေး နင်နဲ့ငါ မပြောဘဲ မင်းနဲ့ငါ ပြောကြတယ်။ ရောက်ခါစ ဆိုတော့ ကျွန်တှော့နားမှာ ရိုင်းသလို ရင့်သလို ခံစားရတယ်။ မြို့နယ် အဆင့် ပြိုင်အပြီးမှာ ကျွန်တှော့သူငယ်ချင်း နိုင်လင်းထွန်းက ကောင်မလေး တစ်ယောက်နဲ့ မိတ်ဆက်ပေးပါတယ်။ သူက သူ့ကိုယ်သူ ကျွန်တှောလို့ ပြောတယ်။ ထ(၁)ကပါ။ ကချင်ပြည်နယ်ရဲ့ အမြဲတမ်း လက်ရွေးစဉ်ကြီးပေါ့။ သူနေတဲ့ အိမ်က ကျွန်တှောနေတဲ့ နေရာနဲ့ သိပ်မဝေးပါဘူး။ ကျွန်တှောတို့က ရေကူးကန်နားက သီတာရပ်မှာ နေကြတယ်။ အဲဒီ ပြိုင်ပွဲမှာ မြို့နယ်အဆင့် သူကပထမ၊ ကျွန်တှောက ဒုတိယ ရတယ်။ ဒီလိုနဲ့ ပြိုင်ပွဲတွေ ပြိုင်လာကြရာက သူနဲ့ ကျွန်တှော တှောတှောလေး ခင်သွားပါတယ်။ သူက ခုနက ကျွန်တှော့သူငယ်ချင်း တွေနဲ့ အကောင်းဆုံး စာသင်ဝိုင်း တစ်ခုမှာ တစ်ဝိုင်းတည်း အတူတက်နေကြတာပါ။ ကျွန်တှော့ အဖို့ကတော့ ဝိုင်းကြေးလည်း မတတ်နိုင် နောက်မှလည်း ရောက်လာဆိုတော့ ကိုယ့်စာ ကိုယ်ကျက်ရပါတယ်။ မှတ်မိသေးတယ် ရောက်ပြီး သိပ်မကြာဘူး စာမေးပွဲ စစ်တော့ ကျွန်တှော့ အဆင့်က ၅၉။ အမေဆိုတာ မျက်လုံးကို ပြူးလို့။

အဲဒီကောင်မလေးကို ကျွန်တှောက ပူစီကတ်လို့ ခှေါပါတယ်။ ကျွန်တှောက စကားများတော့ သူနဲ့ အတှော အတိုင်အဖောက် ညီပါတယ် (သူကလည်း အတှော စကားများသည်ဟုမှတ်)။ သူက ကျူရှင် ပြန်လာရင် ကျွန်တှောတို့ အိမ်ဘက် လှည့်ဝင် လာတတ်တယ်။ ပြီးရင် ကျွန်တှောတို့ တောင်ရောက် မြောက်ရောက် စကားတွေ ပြောကြတယ်။ တစ်ခါတစ်လေလည်း သူ့နောက်က လိုက်လာတဲ့ ကျောင်းသားကြီးများ ရန်ကို ရှောင်ရှားဖို့ ကျွန်တှော့ အိမ်ဘက်မှာ ခြေယောင်ဖျောက်တဲ့ သဘောပါ။ အဲဒီအချိန်မှာ ကျွန်တှောက ကဗျာတွေ ဘာတွေ ရေးနေပါပြီ။ ကျွန်တှောရေးထားတဲ့ ကဗျာတွေ သူ့ကို ပေးဖတ်ရင် ဟုတ်ဟုတ် မဟုတ်ဟုတ် သူက ထောက်ခံတတ်သူပါ။ ကျွန်တှောက အစအနောက် အရမ်းသန်သူမို့ သူ့ကို မျိုးစုံ စနောက် တတ်ပါတယ်။ ခပ်တည်တည်နဲ့ ကျွန်တှောက သိုက်ကလာတာ ဘာညာ၊ အသက် ၂၀ ပြည့်ရင် ဘယ်ပြန်ရမှာ ညာပြန်ရမှာ ဘာညာတွေ သူ့ကို စပါတယ်။ ကျွန်တှော့မှာ အမြွှာပူး ညီတစ်ယောက် ရှိတဲ့အကြောင်း၊ ငယ်ငယ်ထဲက ကွဲသွားတဲ့အကြောင်း၊ အဖိုးကြီး တစ်ယောက်က ဆွေမျိုး လာစပ်တဲ့အကြောင်း၊ အဲဒီညီက ကျွန်တှောနဲ့ တစ်ပုံစံ ထဲပဲ ဆိုတဲအကြောင်း ဘာတွေမှန်းကို မသိဘူး။ စုံနေတာပါပဲ။ အမှန်ကတော့ ကျွန်တှောက အဲဒီအရွယ်တုန်းက သူငယ်ချင်း ခရေဇီ ရှိပါတယ်။ နယ်မြေ အသစ်မှာဆိုတော့ အသစ်ခင်တဲ့ သူငယ်ချင်း တွေကိုလည်း ကိုယ့်ခင်သလို သူတို့ ပြန်ခင်စေချင်လို့ စနောက်မိတဲ့ သဘောပါ။ နောက်ပိုင်း သူက နင်ပြောတာတွေ ငါမယုံပါဘူး လို့ ပြောပေမယ့် အဲဒီတုန်းက ငါ့ဘဝက ၂ဝမှာ သေရတော့မှာပါဟာ၊ ရှေးဟောင်း ကျိန်စာ ဆိုတာကလည်း အခက်သားလား ဘာညာပြောရင် မျက်ရည်လေး အဝိုင်းသားနဲ့ ခင်ဗျ။ ကျွန်တှောနဲ့ သူနဲ့ အတှောပေါင်းမိတော့ သူ့ကြိုက်တဲ့ ကောင်တွေကလည်း ကျွန်တှော့ကို မျက်မုန်း ကျိုးတာပေါ့ဗျာ။ ကျွန်တှော တို့ကတော့ လေလေး တချွန်ချွန် စကားလေး တပြောပြောနဲ့ လေပေးကို ဖြောင့်လို့။

သူဟာ ကျွန်တှော့ အိမ်ရှေ့ တံခါးကန့်လန့်ကို ဘယ်လို ဖွင့်ရမလဲဆိုတာ သိပါတယ်။ ကျွန်တှော မနက် အိပ်ယာ မနိုးရင် လာလာ နှိုးတတ်တယ်။ ဒီလိုနဲ့ ၁၀ တန်းနှစ်ကျတော့ သူရန်ကုန်မှာ သွားတက်ပါတယ်။ သူရန်ကုန် ရောက်သွားပေမယ့် ကျွန်တှောတို့ စာအဆက်အသွယ် မပြတ်ကြပါဘူး။ ကျွန်တှောကလည်း အားရင် အားသလို စာရေးပြီး စနောက်တတ်သလို သူကလည်း ကြီးကြီး ကျယ်ကျယ်တွေ ရေးသားပြီး ကျွန်တှော့ကို ဆရာ လုပ်တတ်ပါတယ်။ သူမရှိတဲ့ နောက်ပိုင်း ကချင်ပြည်နယ် စာစီစာကုံး လက်ရွေးစဉ် ဘဝကို ကျွန်တှောက သိမ်းပိုက်လိုက်တယ်။ အာဆီယံ ပထမဆုံးအကြိမ် ဉာဏ်စမ်း ပဟေဠိမှာ ကျွန်တှော နိုင်ငံတှော အဆင့် ဆုရတယ်။ သူကလည်း စာစီစာကုံးမှာ ဆုရတယ်။ ဒီလိုနဲ့ ၁ဝတန်းပြီးတော့ ကျွန်တှော ရန်ကုန် ဆင်းလာတဲ့အခါ သူနဲ့ ပြန်တွေ့ပါတယ်။ အရင်ကလိုပဲ စကားများဆဲ၊ ကျွန်တှော့ကို ဆရာကြီး လုပ်ဆဲ၊ အရပ်ပုဆဲပါ။ တခါတလေ တော့လည်း ကျွန်တှောတို့ ဘီစီမှာတွေ့ပြီး ကှောဖီတွေ ဘာတွေ သောက်ဖြစ်ကြတယ်။ နောက်ပိုင်း ကျွန်တှော ရေကြောင်းသိပဿပံ တက်ဖြစ်တော့ သူနဲ့ သိပ်မတွေ့ဖြစ် တော့ပါဘူး။ သူလည်း စကဿငာပူမှာ ပှေါလီသွားတက် လိုက်တယ်။ ၂ဝဝဝခုနှစ် စကဿငာပူကို ကျွန်တှော ပထမဆုံး ရောက်ချိန်မှာ ကျွန်တှော့ သူငယ်ချင်းဟာ ညကြီး တကူးတက လာတွေ့ပါတယ်။ ကျွန်တှော အတှောပဲ ဝမ်းသာသွားပါတယ်။ ဒါပေမယ့် အဲဒီတုန်းက သူ့ပုံစံက အရင်ကလို မဟုတ်ဘဲ စကတ်တိုနဲ့ ဝေါ့ကင်းန်းရှူးနဲ့ ဖြစ်နေတော့ တှောတှော မြင်ပြင်း ကတ်မိပါတယ်။ အဲဒီကနေ ထပ်ပြီး မတွေ့ဖြစ် ကြတော့တာ ၂၀၀၃ ခုနှစ် အထိပါပဲ။ ကျွန်တှော စကဿငာပူကို ဒုတိယအကြိမ် ပြန်ရောက်တဲ့ အချိန်မှာ သူက ကျောင်းပြီးလို့ ထူးချွန် အောင်မြင်နေသူ ဖြစ်နေပါပြီ။ ကျွန်တှော ရောက်ပြီး သိပ်မကြာပါဘူး။ သူအမေရိကားကို ဆက်ထွက်သွားခဲ့တယ်။ သူ့အီးမေးလ် လိပ်စာ၊ နေရပ်လိပ်စာ လည်းမသိ၊ သူ့သူငယ်ချင်း တွေနဲ့လည်း မသိတော့ အဆက်အသွယ် ထပ်ပြတ် သွားလိုက်တာ ဟိုတစ်နေ့က သူ့အီးမေးလ် လာမှပဲ ကျွန်တှောတို့ ပြန်ကွန်တက် ရတော့တယ်။ သူ အဆင်ပြေတာ သိရလို့ ဝမ်းသာမိပါတယ်။ ကျွန်တှော့ အပှေါမှာ သည်းခံ တတ်တဲ့၊ နားလည် တတ်တဲ့ သူငယ်ချင်း သူ့ကို ကျွန်တှော ထာဝရ သတိရ ကျေးဇူး တင်နေမိမှာပါ။ ကောင်းရာ သုဂတိလားပါစေ။ အဲလေ ယောင်လို့။ အမြဲ နားလည် ခင်မင်နိုင်ပါစေ ခိုင်သက်အောင်ရေ။ All the best wishes !


Technorati Tags: , , , , ,

1 comment:

Nyan said...

I always remember a book named
"khine khine oo hint chit phu thi"

I don't remember the author already.

If anyone ever read the book and rememberthe author, please reply.

Thanks.
Bar Bu Gyi (Author of "GLay ko chit phu thi")