Monday, July 24, 2006

Juu- ချစ်ခြင်း၏အနုပညာ

ကျွန်တှော့ ဘဝမှာ အကြိုက်ဆုံးနဲ့ အဓိပဿပာယ် အရှိဆုံး ဝတဿထုတိုလေး တစ်ပုဒ်ကို ပြောပါဆိုရင် ဂျူးရဲ့ ချစ်ခြင်း၏ အနုပညာဆိုတဲ့ ဝတဿထုတိုလေးကို ပြောမိမှာပါ။ ကျွန်တှောနဲ့ အရမ်းကို နီးစပ်တယ်လို့ ခံစားမိတယ်။ စဖတ်မိကတည်းက ကြိုက်သွားလို့ စာအုပ်ကိုတောင် ဝယ်သိမ်းထားပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ခံယူပုံခြင်း ဒိုင်မစ်ရှင်းတွေ မတူကြပါဘူး။ အားလုံးက ကိုယ်မှန်တယ်လို့ တွက်တတ်ကြတဲ့ အတဿတများတဲ့ လောကထဲမှာ ဒီဝတဿထုလေး ဖတ်ရတာ အတှော ကြည်နူးဖို့ ကောင်းပါတယ်။ ကျွန်တှောဟာ သိကျွမ်း ရင်းနှီးဖူးတဲ့ သူငယ်ချင်း အတှောများများကို ဒီဝတဿထုလေးအကြောင်း တခုတ်တရ ပြောပြတတ်ပါတယ်။ တစ်ချို့လည်း ဖတ်ဖူးကြပေမယ့် နှလုံးသားထဲ ရောက်မသွားပါဘူး။ တကယ်တော့ ဒီဝတဿထုလေးမှာ အဓိပဿပာယ်တွေ အများကြီး ရှိပါတယ်။ စာအုပ်က ရန်ကုန်မှာ ကျန်ခဲ့တာမို့ စကဿငာပူက အကိုတစ်ယောက် စကင်န် ဖတ်ပေးတာကို ကျွန်တှော ကျားကုတ်ကျားခဲ စာပြန်ရိုက်ထားတာပါ။ တစ်နေ့တာ အချိန်ထဲက မိနစ် ၂၀-၃၀ လောက် ဖဲ့ပေးပြီး ဒီဝတဿထုလေးကို ဖတ်ကြည့်ပြီး စဉ်းစားကြည့်သင့်တယ်။ ကျွန်တှောတို့ဟာ သူများတွေကို ဂရုစိုက်ရဲ့လား။ မိမိကိုယ်ကိုပဲ ဂရုစိုက်နေတာလား။ လူတစ်ယောက်ရဲ့ ချစ်ခြင်းတရားကို မျက်ကွယ်ပြုထား မိနေသလား ဆိုတာတွေပေါ့။

သစ်ပင်တစ်ပင်ကို ချစ်တတ်ရင် လူတစ်ယောက်ကို ချစ်တတ်ဖို့ မခဲယဉ်းပါဘူး၊ အခုအရွယ်ကြီး ကျမှ အချစ်ဆိုတာ ဘာလဲလို့ မင်းကို ရှင်းပြရင် မင်းက ငါစိတ်ဖောက်ပြန် သွားပြီ ထင်ဦးမယ်။ တကယ်တော့ အချစ်ဆိုတာ ခံစားမှု စိတ်သက်သက် မဟုတ်ဘူး၊ အကဲခတ်တတ်မှု ပါတယ်၊ နားလည်မှု ပါတယ်၊ ပြုစုပျိုးထောင်မှု ပါတယ်။ ကိုယ် ဒီသစ်ပင်တွေကို အမျိုးအစား အများကြီး စိုက်လာခဲ့တာ နဲ့အမျှ တစ်ခုချင်းစီရဲ့ ကွဲပြားခြားနားတဲ့ လိုအပ်မှု၊ ဖြစ်ပှေါမှု အခြေအနေ အားလုံးကို ကိုယ်သိတယ်။ သူတို့အတွက် ကိုယ်ဘာလုပ် ပေးရမယ်ဆိုတာ ကိုယ်သိလာတယ်။ ကိုယ့်စိတ်ရဲ့ လိုအင်ဆနဿဒဆိုတာ ကိုယ်မေ့ထားနိုင်ပြီး သစ်ပင်တွေရဲ့ လိုအပ်ချက်ကို အမြဲစောင့်ကြည့် ဖြည့်ဆည်း ပေးတတ်တဲ့လူ ဖြစ်လာတယ်။ ဘယ်သစ်ပင်က ဘယ်ရာသီမှာ ဘယ်လို အနေအထား ပြောင်းတတ်တယ်၊ ဘယ်သစ်ပင်က လေဒဏ်ကို ကြောက်တယ်၊ ဘယ်သစ်ပင် အမြစ်က မိုးပေါက်ဒဏ်ကို ကြောက်တယ်.. ဒါတွေကို ကိုယ်နားလည်လာတယ်။ သူတို့လိုအပ်မယ့် နှစ်သက်မယ့် အနေအထားကို ကိုယ်အကဲခတ်ပြီး ပြုပြင် လိုက်လျောပေးတယ်။ ဒီမြို့ပှေါက ပန်းခြံတွေထဲမှာ ကိုယ့်ဆီက အပင်တွေ ဘာကြောင့် ထူးထူးခြားခြား သန်စွမ်း လှပနေရသလဲ ဆိုတဲ့ အဖြေက အဲဒါပဲ ”

သစ်ပင်တွေရဲ့ အရိပ်အကဲကို သိတဲ့ ကိုယ်ဟာ မင်းအရိပ်အကဲကို ဘာကြောင့် မသိရမှာလဲ၊ မင်းဘာလိုချင်တယ်၊ ဘာဖြစ်စေချင်တယ် ဆိုတာ ကိုယ်အားလုံး သိတယ်၊ အချစ်ဆိုတာ မင်းထင်သလို ခံစားမှု သက်သက် မဟုတ်ဘူး၊ အတတ်ပညာ တစ်ခုပဲ၊ သစ်ပင်စိုက်သလို ပြုစုပျိုးထောင်သလို ဘေးကနေ အရိပ်အကဲ ကြည့်ပြီး ပြုပြင် လိုက်လျောပေးရတဲ့ အတတ်ပညာ တစ်ခုပဲ၊ မင်းကတော့ ထင်မှာပေါ့၊ မင်းဘဝမှာ ကိုယ်မရှိရင် မဖြစ်ဘူးဆိုပြီး ခံစားနေရတယ်၊ အဲဒီ ခံစားချက်ဟာ မင်းရဲ့ အချစ်အတိုင်းအဆလို့ မင်းထင်တယ်၊ တကယ်တော့ အဲဒီလို မင်းဘဝမှာ ကိုယ်မရှိရင် မဖြစ်ပါဘူးဆိုတဲ့ မင်းအသက်ရှင် နေထိုင်ဖို့ ကိုယ်မင်းအတွက် ဘာတွေ လိုက်လျောခဲ့တယ် ဆိုတာ မင်းမတွေးမိဘူး မဟုတ်လား”

သည်လိုနှင့် ဤအပင်ရောက်ပြီး ငါးနှစ်လောက်ကြာသော နေ့တစ်နေ့တွင် သူရုတ်တရက် ကွယ်လွန်ခဲ့ပါသည်။

တစ်ခါတစ်ခါတော့ သူ့သစ်ပင်များကို ပြုစုစောင့်ရှောက်ရင်း သူ့အကြောင်းကို မကြာခဏ စဉ်းစားမိပါသည်။ သူ့ဘဝတွင် သူအလိုချင်ဆုံးက ဘာလဲ၊ သူအဖြစ်ချင်ဆုံး ဘဝက ဘာလဲ၊ သူအတောင့်တဆုံး ဆနဿဒက ဘာလဲ၊ ကျွန်မကို သူဘယ်လို ဖြစ်စေချင် ခဲ့သလဲ၊ ကျွန်မ ပြောစေချင်သော စကားများက ဘာလဲ၊ လောကအလယ်တွင် ကျွန်မကို ရပ်တည် စေချင်သော ပုံစံက ဘာလဲ။ သူ့အကြောင်းကို စဉ်းစား ကြည့်ရသည်မှာ အဖြေမထွက်သော ပုစဿဆာ တစ်ပုဒ်ကို ထပ်တလဲလဲ တွက်နေရလို တဝဲလည်လည် ရှိလှသည်။

ယခုတော့ သူ့ဆနဿဒတွေကို ကျွန်မ အကဲခတ် သိနိုင်ဖို့ လုံးဝ နောက်ကျသွားခဲ့ပြီ။


အပြည့်အစုံကို ဒီနေရာမှာ ရယူနိုင်ပါတယ်။ ပရိုက်ဗိတ် ဖတ်ရှုရန်အတွက် ဖြစ်ပါတယ်။ တစ်ခြား မည်သည့်ဆိုဒ်ကိုမှ မပေးပို့ဖို့ မေတဿတာ ရပ်ခံပါတယ်။ ဒါကို ဖတ်ရှုပြီးရင် ဘယ်လို ခံစားရတယ် ဆိုတာကိုလည်း သိချင်ပါသေးတယ်။ [Download]


Technorati Tags: , , , ,

No comments: