Sunday, July 16, 2006

I wanna lie like that



တစ်ခါတုန်းက ကျွန်တှော့ အဖေက မေးတယ်။ ဘဝမှာ ထူးထူးခြားခြား ဘာလုပ်ချင်လဲတဲ့။ ကျွန်တှော မဆိုင်းမတွ ပြန်ပြော လိုက်တယ်။ ကလောလို၊ မေမြို့လို နေရာလေးမှာ ခြံအကျယ်ကြီးဝယ်၊ မြက်ခင်းတွေစိုက် ပြီး သာယာ အေးချမ်းတဲ့ အရိုးပြာ မြှုပ်တဲ့ နေရာလေး လုပ်ချင်တယ်လို့ ဆိုတော့ အဖေက ခပ်တွေတွေ စဉ်းစားပြီး အင်း အဲဒါ မြန်မာပြည်မှာ လုံးဝ မရှိသေးတဲ့ အရာပဲလို့ ပြန်ပြောတယ်။

ကျွန်တှောက ခရစ်ယာန်တွေ သေဆုံးသွားရင် လုပ်တဲ့ ဆုတောင်းပွဲ အခမ်းအနား လေးတွေကို အရမ်းသဘော ကျပါတယ်။ အားလုံးက တိတ်တိတ် ဆိတ်ဆိတ် လေးပဲ။ မျက်ရည်တွေ ကျနေတယ်။ အှောဟစ် ဆူညံနေတဲ့သူလည်း မရှိဘူး။ အေးချမ်းတယ်။ အဲဒီ အိုင်ဒီယာလေးကို ယူပြီး ကျွန်တှော့ နေရာလေးမှာ အဲလို လုပ်ချင်တယ်။ သေသွားတဲ့ သူတွေရဲ့ အမှတ်တရ ပစဿစည်း၊ ဒါမှမဟုတ် အရိုးပြာ တစ်ခုခုကို မြှုပ်နှံခွင့် ပေးမယ်။ လူတစ်ယောက် အတွက် ၁ပေပတ်လည် အုတ်ပြား သေတဿတာလေး တစ်ခုရမယ်။ အဲဒီအထဲမှာ ကိုယ်ထည့် ချင်တာလေး ထည့်လို့ရမယ်။ မြက်ခင်းလေးတွေက စိမ်းနေမယ်။ စံကားပန်းတွေနဲ့ ထင်းရူးပင်တွေကို ညီညီညာညာ စိုက်ထားမယ်။ ငြိမ်သက်စွာ ထိုင်ပြီး တစ်စုံတစ်ရာကို တွေးလို့ ရနေစေချင်တယ်။ နှင်းပွင့်နဲ့ လေအေးလေးတွေ တိုက်နေမယ်။ ငှက်ကလေးတွေ ပျံနေမယ်။ အဝေးကနေ ကြည့်ရင် အုတ်ပြား ဖြူဖြူလေးတွေကိုပဲ မျက်စိတစ်ဆုံး ညီညီညာညာ မြင်နေရမယ်။ လူတစ်ယောက်ရဲ့ နောက်ဆုံး အမှတ်တရ နေရာလေးဟာ သာယာ အေးချမ်း နေသင့်တယ်။ သက်ဆိုင်သူ တွေကလည်း အဲဒီလို အေးချမ်းတဲ့ နေရာလေးမှာ သူနဲ့ ပတ်သတ်တဲ့ အမှတ်တရ ကောင်းတဲ့ အချက်လေးတွေကို စဉ်းစားမိ နေလိမ့်မယ်။ ကျောက်ပြားလေးမှာ ကဗျာတစ်ပုဒ်၊ စာတစ်ကြောင်း၊ ဒါမှမဟုတ် တစ်ခုခု ရေးထိုးထားချင်ရင်လည်း ရေးထိုးပေးမယ်။

ကျွန်တှော တကဿကသိုလ် တက်စဉ်က ထောက်ကြန့် စစ်သခဿငျိုင်းထဲ ခဏခဏ သွားပြီး အဲဒီ အုတ်ပြားလေးတွေမှာ ရေးထားတဲ့ စာသားလေးတွေကို အခါခါ သွားဖတ်ဖူးတယ်။ သိပ်ပြီး ဆွတ်ပျံ့ ကြည်နူးစရာ ကောင်းတယ်။ ဖတ်နေရင်းနဲ့ ကျန်ရစ်သူတွေရဲ့ နာကျင်နေတဲ့ နှလုံးသားကို မြင်လာရတယ်။ ကျွန်တှော သိပ်နှစ်သက်တယ်။ ကျွန်တှော သေဆုံးသွားရင် အဲဒီလို နေရာမျိုးလေးမှာ အမှတ်တရ တစ်ခုခု ရေးထိုးပြီး ကျောက်ပြားလေးတစ်ချပ် အဖြစ် ကျန်ရစ် နေချင်တယ်။ သူများတွေ အတွက် ရယ်စရာ ကောင်းတဲ့ အတွေးအခှေါ ဖြစ်ကောင်း ဖြစ်နေလိမ့်မယ်။ အထင်သေး စရာ အကြံအစဉ် ဖြစ်ကောင်း ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် ကျွန်တှော့ အတွက်တော့ သိပ် အဓိပဿပာယ် ရှိလွန်းလှပါတယ်။


Technorati Tags: , ,

No comments: