Thursday, July 27, 2006

27.07.2006

ငါစိတ်ညစ်တာတွေ မင်းကို မကူးစက် စေလိုပါ။ ငါ့ပြသဿသနာကို မင်းကို မကူးစက် စေလိုပါ။ ဒါကြောင့်မို့ ငါမျက်နှာကို အမြဲ ပြုံးပျှောနေအောင် မင်းရှေ့မှာ ထားခဲ့တယ်။ ပြသဿသနာ တစ်ခုခု ဖြစ်ခဲ့ရင်လည်း ဒါဟာ ငါ့ကြောင့်ဆိုပြီး ငါကပဲ ခေါင်းခံခဲ့တယ်။ တကယ်တော့ အိမ်တစ်အိမ်မှာ လောင်နေတဲ့ မီးကို နောက်တစ်အိမ်မှာ မလောင်စေချင်လို့ ငါနှစ်ဆ လောင်မြှိုက်ပစ်လိုက်တဲ့ သဘောပါပဲ။ ငါ့ရဲ့ ချစ်ခြင်းဆိုတဲ့ တရားက ပုဂဿဂလိက မဆန်ဘူး။ အမြင်ကျဉ်းစွာ တစ်ဦးတစ်ယောက် အတွက် မဟုတ်ဘူး။ ချစ်တယ်ဆိုတာ မချစ်ရင်တောင်မှ သူများကို ဒုကဿခမပေးခြင်း လို့ ငါယူဆမိတယ်။ ဒီအတွက် ငါဟာ ဘာအပူအပင်မှ မရှိတဲ့ကောင်၊ မင်းတို့ကြောင့် ဘာပြသဿသနာမှ မကြုံရတဲ့ကောင်လို့ မထင်လိုက်ပါနဲ့။ ငါ့အတွက် ငါ့လို လူတစ်ယောက် ရှာမတွေ့ခဲ့တာတော့ ငါစိတ်မကောင်း ဖြစ်မိတယ်။

တစ်ရက်မှာ သူကို ကျွန်တှော ပြောတယ်။ ကျွန်တှောက ဘိန်းနဲ့ တူတယ်လို့။ သူက ဘာဖြစ်လို့လည်းတဲ့ အဲလို ပြန်မေးတယ်။ တကယ်တော့ ဘိန်းဆိုတာလည်း သူ့ဘာသာ ရှိနေတဲ့ အရာတစ်ခုပါ။ ဒါကို လူတွေက အမျိုးမျိုး အဖုံဖုံ ပြောင်းလဲပြီး ဆန်းကြယ်စွာ သုံးနေကြတာ။ သူ့ရဲ့ စွဲလမ်းစေတတ်တဲ့ သတဿတိဟာ မူရင်းစွဲ သတဿတိပဲ။ ဒါကို ထပ်ပြီး စွမ်းလာအောင် သူတို့ လုပ်ကြတယ်။ လာပတ်သတ် ကြတယ်။ ပြီးတဲ့အခါ ဒီဘိန်းဖြူဟာ မကောင်းပါဘူး ဆိုပြီး နာမည်ဆိုး တပ်လိုက်တော့တယ်။ တကယ်ဆို ဘိန်းမကောင်းဘူး ဆိုရင် အစတည်းက သွားမပတ်သတ် ခြင်းသာ အကောင်းဆုံး ကြိုတင် ကာကွယ်မှု ဆိုတာ သူတို့ သိသင့်ပါတယ်။


Technorati Tags: ,

No comments: