Saturday, June 24, 2006

Song For Sale# ယုံပါ

Song Title : ယုံပါ
Lyric : NLS
Music : NLS
For Sale #
Price : Negotiable but not include stupid VCD

ဒီသီချင်းက နောက်ခံ ဇာတ်လမ်းလေး ရှိပါတယ်။ ရေးဖြစ်တာ ကလည်း အကြောင်း ရှိပါတယ်။ (ပြောမပြဘူး အသေသတ်လိုက်) သူငယ်ချင်း တစ်ယောက် ဆိုမယ်ဆိုလို့ ပေးဖူးပါတယ်။ အသံသွင်းပြီးမှ အခွေ မထွက်ဖြစ် ခဲ့တာပါ။ ပထမ ကျွန်တှော ရေးထားတုန်းက Unplugged လေးပါ။ အဲဒါကို ကိုမျိုးကျော့ Arrangement ပြန်လုပ်ပေး ထားတာပါ။ ကျောင်းတုန်းက ခရစ်ယာန် အသင်းတှော ဆုတောင်းပွဲ တွေမှာ ကျွန်တှော ဆိုခဲ့ဖူးပါတယ်။ အသံကိုတော့ သီးခံကြပါ ခင်ဗျား။


ယုံပါ


စာသင်သံတွေ ကြားထဲက ငါမင်းကိုချစ်တာ
အဖေမေတွေက တားလည်း ငါချစ်ခဲ့ဖူးတာ
ဘယ်သူတွေ ဘယ်လို ပြောပြော ငါချစ်နေဆဲပါ ယုံပါ

ရင်ခုန်သံတွေ ပြင်းပြတော့ ငါမင်းကိုလွမ်းနေ
လူတွေမမြင်အောင် သိမ်းထားခဲ့တဲ့ မင်းမျက်ဝန်းတွေ
အရာရာရင်ဆိုင်ရင်းနဲ့ ငါမင်းကိုချစ်တာ ယုံပါ

(Cho)
ဝေးမယ့်အကြောင်းတွေ နင်မပြောလိုက်ပါနဲ့ ငါ့ဘဝက မင်းလက်ထဲမှာ
နှုတ်ခမ်းလေး ပြုံးနေတာကို ငေးကြည့်နေရင်း ငါဟာ စွန့်လွှတ်ရမှာ ကြောက်နေသူပါ မင်းကိုချစ်တာ

(Solo)

နေညိုအိမ်အပြန်ကျောင်းအဆင်း ငါမင်းကိုလိုက်ရှာ
သန်းခေါင်ယံကျှောအောင်တွေးရင်း ငါစိတ်တွေမောလာ
ရင်မှာ မျှောလင့်ခြင်းက မင်းတစ်ယောက်ထဲပါ ယုံပါ

ကဗျာတွေထိုင်ကာရေးမိတော့ ငါမင်းရဲ့ အကြောင်းတွေ
မမြင်ဟန်ဆောင်ကာ လွှဲပစ်တတ်တဲ့မင်းမျက်ဝန်းတွေ
ရင်မှာ ထာဝစဉ်မပြောင်းလဲဘူး ငါဆက်ချစ်သွားမှာ ယုံပါ

(Fading)
မင်းကိုချစ်တာ ယုံပါ .. မင်းကိုချစ်တာ ယုံပါ


Download Demo Song Here [ ယုံပါ ]

No comments: