Tuesday, June 6, 2006

Searching Music Safely

အွန်လိုင်းကနေ အဂဿငလိပ် သီချင်း အခမဲ့ ဒေါင်းလုဒ် လုပ်လိုသူများ အတွက် အလွန်ကောင်းမွန် စိတ်ချရတဲ့ ဆိုဒ်လေး တစ်ခု ရှိပါတယ်။ Music Search Engine သဘောမျိုး ပါပဲ။ အမ်ပီသရီး အခမဲ့ ဆိုဒ်တွေကနေ သီချင်း ဒေါင်းလုဒ် လုပ်တဲ့ အခါ စပိုင်ဝဲလ်၊ အဒ်ဝဲလ်၊ ဗိုင်းရပ်စ်များရဲ့ အနဿတရာယ်က အလွန်ပဲ ကြောက်ဖို့ ကောင်းပါတယ်။ အခု ကျွန်တှော ပြောတဲ့ ဆိုဒ်လေးမှာတော့ အဲဒါတွေ လုံးဝလုံးဝ မရှိသလို လိုချင်ရာ သီချင်းသာ မက တစ်ခါတရံ အမ်တီဗွီ ဗားရှင်းများပါ ရတတ်ပါတယ်။ ကျွန်တှောတို့ကတော့ နောက်ပိုင်း အဲဒီ နေရာမှာသာ သီချင်း ရှာဖြစ်ပါတယ်။ သတိပြုရမှာက နှစ်သက်ရာ အမ်ပီသရီး သီချင်းကိုပဲ ရှာချင်တဲ့ အခါ Movie ဖိုင်တွေကို မရှာဖွေ စေဖို့အတွက် သက်ဆိုင်ရာ Box လေးတွေမှာ uncheck လုပ်ပေးရမှာ ဖြစ်ပါတယ်။ ရလာဒ်က အောက်ဖှောပြပါ ပုံလေးတွေအတိုင်း ထွက်လာမှာ ဖြစ်ပါတယ်။ အဲဒီအခါ ကျွန်တှောပြထားတဲ့ သီချင်း ဖိုင်ကွာလတီရယ်. သီချင်း ကြာချိန်ရယ်ကို သတိပြုပြီး အများကြီးထဲက ရွေးယူနိုင်ပါတယ်။ အချို့သော သီချင်းများက Ringtone တွေ၊ တစ်ဝက်တစ်ပျက်တွေ ဖြစ်တတ်တာ မို့ပါ။ အမ်ပီသရီး ဖိုင်အတွက် စံချိန်မှီ အရည်အသွေးက 128k ဖြစ်ပါတယ်။ ကြာချိန်က ၃ မိနစ်ကနေ လေးမိနစ် ဖြစ်ပါတယ်။ ပျှောပျှောပါးပါးကြီး ဒေါင်းလုဒ် လုပ်နိုင်ကြပါစေ ခင်ဗျား။






[Singing Fish Music Search Engine]


ဒီလိုမှ မဟုတ်သေးဘူး နောက်ထပ် တစ်ခြားနည်းနဲ့ ရှာချင်သေးတယ် ဆိုရင် ဂူဂယ်လ် ကုဒ်ဒင်း တစ်ချို့နဲ့ ရှာဖွေနိုင်ပါတယ်။ အကျယ် သိလိုရင် ကျွန်တှော တစ်ချိန်က တင်ခဲ့တဲ့ ဒီပိုစ့်လေးကို ဖတ်ရှုစေလိုပါတယ်။

[
Google Mp3 Search ]


ဒီလိုမှ မဟုတ်သေးဘူး နောက်ထပ် တစ်ခြားနည်းနဲ့ ရှာချင်သေးတယ် ဆိုရင် Sogou ဆိုတဲ့ Search Engine မှာ ရှာဖွေ နိုင်ပါတယ်။ ဒီဆိုဒ်လေးကလည်း အတှော့ကို ကောင်းတဲ့ ဆိုဒ်လေးပါ။ ကွာလတီ ကောင်းမွန်တဲ့ သီချင်းများကို ရရှိနိုင်ပါတယ်။ ဂျပန်ဆိုဒ်လို့ ထင်မိပါတယ်။ ဘာသာစကား နားမလည်ရင်တောင် လွယ်လွယ် ကူကူနဲ့ ရှာဖွေလို့ ရနိုင်ပါတယ် ခင်ဗျား။

[ http://d.sogou.com ]


Tags : Google Mp3 Search , Music Search Engine, Singing Fish , Song

No comments: