Friday, June 16, 2006

Mercantile Marine Cadet ဘဝ (၁)

Mercantile Marine Cadet ဘဝ (၁)


ကျွန်တှော ကုန်သွယ် ရေကြောင်းတက်တော့ ကျွန်တှောတို့ Batch မှာ Cadet ပေါင်း ၁၅၀ ရှိတယ်။ ဝင်ဝင်ကာစတော့ ကိုယ့်ပုဂံ ခွက်ယောက် လေးတွေ အသီးသီး သယ်လာ ကြတာပေါ့။ အဲဒီ ကျောင်းကို တက်ဖို့ Interview တွေ ဝင်ရတယ်။ ဆေးစစ်ရတယ်။ အမှတ်ကလည်း ကောင်းရသေးတယ်။ ကျွန်တှောတို့က Senior-Junior အုပ်ချုပ်တာ နောက်ဆုံး နှစ်ပဲ။ ကျွန်တှောတို့ကို ဆရာတွေထက် 25 Batch က အကိုကြီးတွေက အုပ်ချုပ်ကြ သမ ကြတယ်။ သင်တန်း ဝင်တဲ့ နေ့မှာပဲ ဆံပင်ကို ရှေ့တစ်လက်မ နောင်ပြောင် အရိတ် ခံလိုက်ရတယ်။ ကိုယ့်ပစဿစည်းတွေ ကိုယ် စီနေတုန်း ရှိသေးတယ် Lessons တွေ စတော့တာပါပဲ။ ကျွန်တှောတို့ဆီမှာ 3 မိနစ်ဆိုတာ ရှိတယ်။ ဘာလုပ်လုပ် 3 မိနစ်ထက် ပိုလုပ်ခွင့် မရှိဘူး။ ရေချိုးရင် ၃ မိနစ်၊ Toilette သွားရင် ၃ မိနစ်၊ အိပ်ယာသိမ်းရင် ၃ မိနစ်၊ အဝတ်လဲ ဖိနပ်စီးရင် ၃ မိနစ် အဲလောက်ပဲ အချိန်ရတယ်။ အဲဒီထက် ကျှောသွားရင် သေဖို့သာ ပြင်ထား ပေတော့ပဲ။

ကျွန်တှောတို့ တုန်းက Senior တွေကို ဆရာတွေထက် ကြောက်ရတယ်။ သူတို့နဲ့ ၁ လ အတူ နေပြီးမှ သူတို့ ကျောင်းဆင်းပွဲ ကျွန်တှောတို့ သင်တန်းအသစ်စပွဲ လုပ်ကြရတာ။ သူတို့ကို အာဏာကုန် လွှဲပေးထားလို့ သူတို့က ကျွန်တှောတို့ ကိုဆို သက်ဦး ဆံပိုင် ဘုရင်တွေလို ဆက်ဆံကြတယ်။ ပျှောဖို့လည်း ကောင်းပါတယ်။ စိတ်ညစ်ဖို့ ကောင်းတာတွေ ရှိတယ်။ ကိုယ့် ညီအစ်ကိုလို ဆက်ဆံ သူတွေလည်း ရှိတယ်။ ဒါပေမယ့် အများအားဖြင့်တော့ သမကြတာ များပါတယ်။ သူတို့ကို ADO(Assistant Duty Officer) တွေလို့ ခှေါတယ်။ အဲဒီ အချိန်တုန်းကတော့ အဲဒီ တစ်လဟာ ငရဲပါပဲ။

ကျွန်တှောတို့ Cadet တွေက အဆောင် ၂ ဆောင်မှာ ခွဲနေရတယ်။ ကျွန်တှော နေတာက အဆောင်(၁) မှာပါ။ ကိုယ်ပိုင်နံပါတ်က ၇-၄၅၂။ ရကောက်ဆိုတာက ရေကြောင်းကို ပြောတာပါ။ အင်ဂျင် နီယာတွေကိုတော့ စလုံးလို့ ခှေါကြပါတယ်။ ကျွန်တှောတို့ အိပ်ယာတွေက နှစ်ထပ် ကုတင်တွေ။ ကျွန်တှော့ အပှေါမှာ ဂျက်ကီလို့ ခှေါတဲ့ ကျှောစွာထက် ရှိတယ်။ ဘေးမှာ ကျှောသက်ဦးနဲ့ မျိုးမင်းသိမ်း ရှိတယ်။ ဂျက်ကီ့ သေတဿတာက ခေါင်းရင်းမှာ ထားပြီး ကျွန်တှော့ သေတဿတာက ခြေရင်းမှာ ထားတယ်။ ဖိနပ်တွေကို သေတဿတာရှေ့မှာ ညီနေအောင် စီထား ကြရပါတယ်။ မနက်ဆို ၅ နာရီ ခွဲတာနဲ့ Alarm မြည်သံက စပြီး ဒုကဿခ ပေးတော့ တယ်။ ၆ နာရီမှာ ကျွန်တှောတို့ ပြေးကြရတယ်။ တစ်ခါတစ်လေ ကွင်း ၁၀ ပါတ်၊ တစ်ခါတစ်လေ အပါတ် ၂၀ ပြေးကြရတယ်။ ပြေးတာကလည်း ညီညီညာညာ ပြေးရတာပါ။ ဒါပေမယ့် ဘယ်လောက် ညီအောင်ပြေးပြေး အပြစ်မလွတ်ပါဘူး။ အဲဒါနဲ့ပဲ အမြဲတမ်း ထပ်ထပ် ပြေးရတာပါပဲ။ ပြီးရင် ၃ မိနစ်နဲ့ အပြီး ရေချိုး တန်းစီ အလံတင် အခမ်းအနား လုပ်ရတယ်။ အဲဒီနောက် မနက်စာ ထမင်း စားဖို့ အစစ်ဆေး ခံရတယ်။ ကျွန်တှောတို့ကို အများဆုံး ဒုကဿခပေးတာ ယူနီဖောင်းက ချည်အမျှင် စလေးတွေ ပါပဲ။ အဲဒီ အစလေးတွေ လုံးဝ ထွက်လို့  မရပါဘူး။ ၁ ပင် ထွက်ရင် အနည်းဆုံး ဒိုက် ၅၀ လောက် ထိုးရတယ်။ အဲဒါကြောင့် အမြဲ အဲဒီ အစလေးတွေကို ဓါးနဲ့ဖြတ်၊ မီးနဲ့ ရှို့ထားကြရတယ်။ ဘယ်လောက် လုပ်လုပ် ထွက်တာက ထွက်တာမို့ နေ့တိုင်းလိုလို ဒိုက်မထိုးရတဲ့ နေ့ဆိုတာ မရှိသလောက်ပါပဲ။ သူတို့ကလည်း သေသေချာချာကို ရှာကြတာပါ။ အဲဒီတုန်းကတော့ သောက်မြင် ကတ်လိုက်တာ မပြောပါနဲ့တော့။ အဲဒါ ပြီးတော့မှ ချွေးသံ တရွှဲရွဲနဲ့ Breakfast စားကြရတယ်။


Technorati Tags: , ,

No comments: